" ကျွန်တော်သိသော သားဦး သားနှောင်း အကြောင်း…"

in #myanmar6 years ago (edited)

ဒီတစ်ပါတ် proအတွက်တော့…" သားဦး သားနှောင်း "နဲ့ ပက်သက်လို့ …
ဗဟုသုတအဖြစ်…ရေးသားပါရစေဗျာ…post မရေးခင်ကြိုသိနေမယ့်
ဆရာသမားတွေကိုလည်း…လေးစားဦးညွှတ်လျှက်ပါခင်ဗျာ…
သိထားတာလေးတွေရော…ဖတ်ထား …မှတ်ထားမိတာလေးတွေပါ…
ရေးသားတင်ပြလိုပါတယ်…

Crd-org -source

တစ်ချို့ ကျွန်တော့် အသိတွေထဲမှာ…(အခုထိ) အယူအဆတွေ…စွဲလမ်းပြီး…
အယူသီး…လိုက်နာကျင့်သုံးနေတာတွေ…တွေ့ နေရသေးတယ်…
ကျွန်တော်လည်း အစက မသိတော့……"ရှေးထုံးမပယ်သင့်ဘူး "ဆိုပြီး
အဟုတ်ထင်နေမိတယ်…တစ်ချို့ လူကြီးပိုင်းတွေမေးတော့လည်း …
လက်ခံတဲ့သူရှိသလို…လက်မခံတဲ့သူလည်းရှိကြတယ်…
ဒါပေမယ့်…နောက်ပိုင်း…ကျွန်တော်,စာတွေဖတ်လာရင်းနဲ့ မှ…အမှတ်မထင်
အယူအယတွေလွဲမှားနေတာမျိုးတွေ့ မြင်လာရတယ်…
"သားဦး သားနှောင်း မယူ ကောင်းဘူး " တဲ့ဗျာ…မှန် မမှန် ဆုံးဖြတ်ပေးကြပါဦး…

မထမဆုံး…" သားဦး သားနှောင်း "ကိုရှင်းပြပါရစေဗျာ…
သိထားပြီးသားသူများလည်းပြန်လည်ဖတ်စေချင်ပါသည်…အထူးသဖြင့်…
အချစ်စိတ်တွေနိုးကြားပြီး…လက်ထပ်ပေါင်းဖက်ဖို့  …စိတ်တူကိုယ်တူ
ခရီးဆက်လာကြတဲ့…Couple ကိုကို, မမ ,ညီ , ညီမလေးတွေ ပိုပြီးဖတ်ထားသိထားသင့်ပါတယ်…အိမ်ထောင်ကျပြီးသား ဆရာသမားတွေ…ညီအကိုမောင်နှမတွေလည်း ဖတ်ချင်ဖတ်လို့ ရပါတယ်…ပိုခိုင်မြဲတာပေါ့ဗျာ…ဟဲဟဲ

ဟုတ်ကဲ့…ကျွန်တော် လေကြောရှည်နေတာရပ်ပါပြီ…တစ်ကယ်တော့
"သားဦး" ဆိုတာမိသားစုထဲမှာ…( တစ်ချို့ က ယောက်ျားလေးပဲသုံးနေကြတယ်)
ယောက်ျားလေးပဲဖြစ်ဖြစ်…မိန်းကလေးပဲဖြစ်ဖြစ်…အရင်ဆုံးမွေးတဲ့သူ…မိဘတွေ…
ပိုအချစ်ခံ…ပိုအလိုလိုက်ခံရတဲ့သူတွေပေါ့ဗျာ(ကျွန်တော့်လိုပေါ့…)…
"သားနှောင်း" ဆိုတာကတော့ နောက်ဆုံးမွေးတဲ့သူ…မောင်နှမတွေထဲမှာ သူမွေးင်္ပြီး နောက်ထပ်မမွေးလာတော့ဘူးဆိုရင် သူက သားနှောင်းပဲ…
(ယောက်ျားလေးပဲဖြစ်ဖြစ်….မိန်းကလေးပဲဖြစ်ဖြစ်ပါ )
သူလည်း သားဦးလိုပဲ အငယ်ဆုံးလေးဆိုတော့ …မိဘတွေက အလိုလိုက်ပြီး…
အချစ်တွေပုံပေးထားတတ်ကြတယ်…" သားဦး သားနှောင်းတိုင်း "…
အလိုလိုက်…အချစ်ခံရတယ်ချည်း…ပုံသေတော့ မသတ်မှတ်ကြပါနဲ့ ဗျာ
များသောအားဖြင့်ပြောတာပါ…
တစ်ကယ်ဆို ကိုယ်က သားဦးပဲဖြစ်ဖြစ်…သူကသားနှောင်းပဲဖြစ်ဖြစ်…
ကိုယ်ကသားနှောင်းပဲဖြစ်ဖြစ်...သူက သားဦးပဲဖြစ်ဖြစ်…လူကြီးမိဘတွေသဘောတူတယ်…
နှစ်ယောက်စလုံးလည်း ချစ်ခင်နှစ်သက်ဆို…အချစ်ခရီးလမ်းသာယာပါတယ်ဗျ…
ကြုံလာသမျှ ဆင်းရဲချမ်းသာ အဆိုးအကောင်းကတော့…ကိုယ့် ကံတရားတွေကြောင့်ပေါ့ဗျာ…တစ်ကယ်တော့…သားဦး သားနှောင်းတိုင်းဟာ …
မိဘတွေရဲ့ …အချစ်ဆုံး အသည်းနှလုံးလေးတွေဖြစ်တော့…
(ကျန်တဲ့သားသမီးတွေလည်း.အချစ်မလျော့ကြပါဘူး)…တစ်ကယ်တမ်း
သူတို့ တွေ ဆုံဆည်းလက်ထပ်ကြရင် မိဘ အလိုလိုက်ခံထားကြရတော့ …
အိမ်ထောင်ရေးမှာ…ကတောက်ကဆ နဲ့ တကျက်ကျက်…
အဆင်မပြေဖြစ်တတ်ကြတော့…ရှေးလူကြီးတွေက…မယူဖို့ တားဆီးခဲ့ကြတယ်တူပါတယ်…(ကျွန်တော် အမြင်သက်သက်ပါနော်)…

Crd-org -source

တစ်ကယ်တော့ သားဦး သားနှောင်းယူကောင်းပါတယ်ဗျာ…လာဘ်မပိတ်ပါဘူး…
အိမ်ထောင်မကွဲပါဘူး…ပိုပြီးသေချာချင်ရင်တော့…နမ္မားဆရာတော်ကြီးရဲ့ …
တရားတော်တွေမှာ…သားဦး သားနှောင်း အကြောင်း သိကောင်းစရာတွေ …
ဟောကြားထားပါတယ်…နာယူမှတ်သားလို့ ရပါတယ်ဗျ…
နောက်ပြီးတော့…စာရေးဆရာဇော်ဦး(မြန်မာစာ)ကလည်း…
" သားဦး သားနှောင်း 'အကြောင်းဆောင်းပါးတို အပါအဝင် တစ်ခြား ရှေးအယူအဆများကို အကျယ်တဝင့်ရေးသားဖော်ပြထားလို့ …
ကြုံကြိုက်ခဲ့ရင်…ရှာ ဖွေ လေ့လာ ဖတ်ရှုဖို့ လမ်းညွှန်ရင်း…
" ကျွန်တော်လည်း… တစ်ကိုယ်တည်း တိမ်လို
လေနှင်ရာ လွင့်နေတဲ့ သားဦးပါ လို့  " နော်…

အားလုံးသော သားဦး သားနှောင်း အပေါင်းတို့ ရေ…
အချစ်ခရီးလမ်းဟာ စစ်ခရီးကြမ်းကမ္ဘာလို…
ဆင်းရဲဒုက္ခတွေ…မကျရောက်ကြပါစေနဲ့ …
" WIN KO "

MSCး 234

Author >>> winko

Sort:  

အသိတစ်မျိုးတိုးပွားပါတယ်

ဟုတ်ကဲ့ပါ broရေ Thank ပါနော်

ဗဟုသုတရပါတယ်​...​ရှာ​ဖွေ​ပြောပြ​ပေးတာ​ကျေးဇူးပါ...

ဟုတ်ကဲ့ပါ မမ aster Thank

ငါကသားလတ်ဆိုတော့ ဖတ်စရာမလိုတော့ဘူးပေါ့

ဟုတ် ဆရာ မဖတ်ရဘူး သားလတ် မောင်လတ်
ဆရာမောင်လတ် ဟီး

ကိုယ့်‌ညီ သား‌နှောင်းကိုကြိုက်‌‌နေမိပြီ ထင်‌တယ်‌။

ဟဲဟဲ ဟုတ်ပါဘူးဗျာ အကိုကလည်း…
😉😋

ကြည့်ရတာ အငယ်ဆုံးများကြိုက်နာလား😉😋

အဟဲဟဲ
😉😋
ဟုတ်ပါဘူး ဗျာ မမကလည်း

သားဦး သားနှောင်း ဘယ်လိုပဲဖြစ်ဖြစ် အယူသီးတာပါ။ကံတရားကလည်း ဒီလိုပါပဲ သားဦးယူလို့ ဆိုပြီးမရှိပါ။ဒါလေးကို ပြန်လည်တင်ပြထားတာ ကောင်းပါတယ်။ဗဟုသုတဖြစ်စေပါတယ်။

ဟုတ်ကဲ့ပါ ကိုသန့်ရေ တစ်ချို့  ညီအကိုမောင်နှမတွေ
သိစေချင်လို့ ပါ

ကိုသန့် ကျေးဇူးပါဗျာ

ကျွန်တော်တို့ကတော့ အလယ်က လူပါဗျ

ဟဲဟဲ အာ့ဆို လွတ်တာပေါ့ဗျာ

ဘာပဲယူယူ ကောင်းတာလုပ်ရင် ကောင်းတဲ့အုး ခံစားရမယ် မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုး ခံစားရမယ်

ကိတ်တာယူရင် အတိတ်ကိုနားလည်ပေးမယ်
နောက်ကြောင်းမလှခဲ့လည်း ကောက်ကြောင်းလှတဲ့မိန်းမကောင်းတွေရှာယူတတ်ရမယ်

စကားတေက လန်းတေယေ့😋😋

ကိုယ်တွေကတော့ ကျွတ်သွားပီလေ😆😆

စွံသွားပြီဆိုတော့ အေးဆေးပေါ့ဗျာ

ရှေးရိုးစွဲ အယူသီးတွေကြီးတွေဒီနေ့အထိမြင်နေရတာ
မဟန်ပါဘူးအကိုရာ

ဒါပေါ့ဗျာ သိထားတော့ အစွဲကင်းတာပေါ့ဗျာ

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64243.42
ETH 3152.93
USDT 1.00
SBD 4.28