" Don't say fucking word "

in #myanmar6 years ago (edited)

ဒီအပါတ် post အနေနဲ့ ရေးသားချင်တာကတော့
စိတ်ဒေါသ အလျောက် ဆဲဆို မိတဲ့ အကြောင်းတရားလေးတွေဟာ
ကောင်းသလား ဆိုးသလားဆိုတာလေးကို ဆွေးနွေးတင်ပြရေးသားလိုပါတယ်

imageCrd-org-source

ကျွန်တော်တို့ တွေဟာ မကြာခဏပဲဖြစ်ဖြစ်  သတိလက်လွတ်ပဲဖြစ်ဖြစ် တစ်ခါတစ်ရံ 

စိတ်ဒေါသအထိုက်အလျောက်ထွက်တတ်ပါတယ် ဒါဟာ သာမာန်ပုထုဇဉ်လူသား
(ကျွန်တော်တို့ တွေ ) အဖို့ မကင်းနိုင်ပါဘူး…သမာဓိအား ကောင်းတဲ့ပုဂ္ဂိုလ်တွေတောင်
တစ်ခါတစ်လေ ဒေါသထွက်မိတာမျိုးဖြစ်တတ်ပါတယ် ဒါပေမယ့် ဒေါသထွက်တာက, တော်ပါသေးတယ်
ဒေါသနဲ့ အတူ ဆဲဆိုမိတာတို့ ယုတ်ရင့်ကြမ်းတမ်းစွာနဲ့ ပြောဆိုမိတာတို့ ကတော့…
ဘေးပတ်ဝန်းကျင်ရော ကိုယ့်အတွက်ရောအများကြီးအရှက်ရစေနိုင်ပါတယ်…မသင့်တော်ပါဘူး…
ဒါပေမယ့်လည်း ဒေါသထွက်ပြီဆိုကတည်းက ထိန်းနိုင်တဲ့သူက အင်မတန်ရှားပါတယ် အရင်ဆုံးတော့ ကိုယ့်ကိုပူလောင်တာပါ ကိုယ်ကထပ်မထိန်းနိုင်ရင်တော့ ကိုယ့်အပူက အပြင်လျှံထွက်ပြီး တစ်ခြားသူကို ထပ်ပူလောင်စေတာပေါ့ မှားလို့ ပဲဖြစ်ဖြစ် မှန်လို့ ပဲဖြစ်ဖြစ် လူဆိုတာကကိုယ်စိတ့်က လက်ခံဆုံးဖြတ်နိုင်မှု မရသေးခင်တော့ စိတ်က ဒေါသထွက်တာပဲ ကိုယ်ထိလက်ရောက်မဖြစ်သေးတောင် မကျေမနပ်ပြောဆိုမိမယ် ဆဲဆိုမိမယ် မိုက်မိုက်ရိုင်းရိုင်းတွေ ပြောဆိုမိလိမ့်မယ် အဲ့လိုပြောလိုက်မှလည်း စိတ်သက်သာရာရကြတာလေ စိတ်ကို ဖွင့်ထုတ်လိုက်တော့ ပေါ့သွားတယ်ဆိုတဲ့သဘောမျိုးပေါ့လေ

imageCrd-org-source

ဒါဟာ လူတော်တော်များများ လုပ်တတ်ကြတာပါ ကျွန်တော်ကိုယ်တိုင်လည်း
ငယ်စဉ်ကတည်းက အခုထိ ထိန်းချုပ်သည်းခံပြီးနေလားဆိုတော့…… နေပါတယ်
ဒါပေမယ့် လုံးဝသည်းမခံနိုင်တော့ပဲ ဖွင့်ထုတ်ဆဲဆိုမိလိုက်တာမျိုးတွေ လည်း
ရှိခဲ့ဖူးပါတယ် ထိန်းချုပ်ထားပါလျှက်နဲ့  မသိစိတ်က အလိုလို ပွင့်ထွက်ပြောဆိုစေလိုက်
တာမျိုးပါ…ပြီးမှ "ငါမှားသွားပါလား "ပေါ့ ဒါမှမဟုတ် "ငါသူ့ ကို ဒီလိုမျိုး မပြောသင့်ဘူး "
စကားအမျိုးမျိုးပေါ့ တွေးပြီးဖြေသိမ့်မိကြမှာပါ…ပေါက်ကွဲ ဆူလွယ်တတ်တဲ့ သူတွေကတော့
*မြှီးကောင်ပေါက်အရွယ်တွေ
*ဆယ်ကျော်သက်အရွယ်တွေ
*နဂိုကတည်းက စိတ်တိုလွယ်တဲ့သူတွေ
*အမှန်တရားကို အရမ်းဆုပ်ကိုင်ထားတတ်တဲ့သူတွေ
*သူများထက်ပိုပြီးအသိအမြင်ကြွယ်တဲ့သူတွေ
*ကိုယ့်အပေါ်ဆရာလုပ်တာမကြိုက်တဲ့သူတွေ
*လူ့ ဂွစာတွေ စသည်ဖြင့်ပေါ့ အများကြီးရှိကြပါတယ် (ပျှမ်းမျှအနေနဲ့ ပြောတာပါ )
အဲ့လိုလူတိုင်း ဆဲဆို ပေါက်ကွဲတတ်တယ်လို့ မဆိုလိုပါဘူး
များသောအားဖြင့်တော့ သူတို့ တွေဟာ ပိုပြီး အမှတ်မထင် ပေါက်ကွဲ ပြောဆိုတတ်တဲ့သဘောရှိပါတယ်
ငယ်တဲ့အရွယ်ကတော့ ပိုပြီးဒေါသဖြစ်ကြတာပေါ့
တစ်ချို့ လည်းကြီးတဲ့အထိ (ဆိုးမိုက်တာမျိုးမဟုတ်ပဲ ) " စိတ်ဆတ်တယ် " ပြောမလား
တစ်ခုခု စိတ်အလိုမကျရင် ဆဲဆို တတ်တာမျိုးလေးတွေ ရှိတတ်ပါတယ် တစ်ချို့ ကျတော့လည်း ပုံမှန်စကားပြောနေတာတောင် အဆဲလေးတွေ က ပါနေတတ်ပါတယ် ရိုင်းတာမဟုတ်ပဲ သူ့ အပေါင်းအသင်းနဲ့ သူ တိုင်ပင်ကို ကိုက်ပြီးအဆင်ပြေနေတာ လူအမျိုးမျိုး စိတ် အထွေထွေ လို့  ပြောရတော့မှာပဲ

imageCrd-org-source

ကျွန်တော်တို့ ဘာသာအယူအဆ ယဉ်ကျေးမှုဓလေ့အနေနဲ့ ပြောရမယ်ဆိုရင်တော့
ဆဲဆို ပေါက်ကွဲ ပြောဆိုခြင်းတွေဟာ မကောင်းတဲ့အပြုအမူတွေ လုပ်ရပ်တွေပေါ့ တစ်ခြားဘာသာတွေမှာလည်း မကောင်းတဲ့ အလေ့အထလို့ ပဲသတ်မှတ်ကြမှာပါ
အတတ်နိုင်ဆုံးတော့ သတိတရားလေးနဲ့ ဆင်ခြင်သင့်ပါတယ်
ကိုယ်ကိုယ်တိုင်လည်း ရေးသားအသိပေးနေပေမယ့် တစ်ခါတစ်လေ
ဘယ်ကဘယ်လို ဘီးတပ်ပြီး ဝင်လာမှန်းမသိတဲ့ အကြောင်းကိစ္စတွေဟာ စိတ်ကို ဆဲဆို တုံ့ ပြန်ဖို့ အများကြီး လာပြီး လှုံ့ ဆော်ပေးနေတယ် မမျှော်လင့်ပဲ ကိုယ့်စိတ်ထဲ ရောက်လာတဲ့ 
မနှစ်မြို့ တဲ့  မတရားတဲ့ ခံစားမှုတွေ
အဖြစ်အပျက်တွေကို တစ်ခါတစ်ရံမှာ ဆဲဆို ပြီး ဖွင့်ထုတ်လိုက်မိတယ်
တစ်ဖက်လူ ထိခိုက်တာမျိုးလည်းရှိလိမ့်မယ် ကိုယ့်ဘာသာ စိတ် ဖြေလိုက်တာမျိုးလည်း
ဖြစ်သွားလိမ့်မယ် ဒါပေမယ့် ဒါဟာ မကောင်းတဲ့လုပ်ရပ်တစ်ခုပါပဲ ကိုယ်လည်း
သတိတရားလေးနဲ့ ပြုပြင်ဖို့ လိုအပ်သလို သူငယ်ချင်းအပေါင်းအသင်းတွေလည်း
စိတ်လိုက်မာန်ပါ ဆဲဆို ပေါက်ကွဲ ပြောဆိုမိတာမျိုး မလုပ်မိစေဖို့ 
အသိပေးဆောင်းပါးလေးအဖြစ် ရေသားတင်ပြရင်းနိဂုံးချုပ်လိုက်ပါတယ်ဗျာ

မအားတဲ့ကြားက အချိန်ပေး ဖတ်ပေးတဲ့သူ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်…

imageCrd-org-source
word

MSCး 234

Author >>> winko

Sort:  

ဆဲဆိုတတ်တာက မကောင်းပါဘူးဗျာ သို့ပေမယ့်လည်း ဒေါသထွက်လာရင် သူ့ကိုမဆဲရင်တောင်မှ စိတ်ထဲမှာတော့ ဆော်ပြီးသွားပါပြီဗျ

ဟုတ်တယ် သူ့ ကို မဆဲတောင် ကိုယ့်ကို ဒေါသထွက် ဆဲမိတာလေ

တူတူပဲံ ဒါမယ့် ပြင်ကြတာပေါ့ဗျာ

ဟုတ်​ပါတယ်​...​ဒေါသအ​လျောက်​စကားကြမ်းတမ်းဆဲဆိုမိရင်​ကိုယ်​စိတ်​​ပြေသွားရင်​စကားကိုdeleteပြန်​လုပ်​လို့မရ​တော့ဘူး...ဒါ​ကြောင့်​အစကတည်းကထိန်းသင့်​တယ်​​နော့...​ကောင်း​သောပို့စ်​ပါ...

ဟုတ်ပါတယ် အမှန်တော့ ကြိုပြီး စကားကို ထိန်းပြောသင့်တာပါ

ကျေးဇူးပါအမ

ကောင်း​သောပိုစ့်​မို့ တင်​​ပေးတာ​ကျေးဇူးပါ

ဟုတ်ကဲ့ပါဗျာ ရပါတယ်
အချင်းချင်းတွေပဲဟာ

ဟီး

တရားသဘောတွေပါလာပြီ good post

ဟုတ်ကဲ့ပါ အမ ဒါမယ့် စာအရေးအသားက
ကျွန်တော် အမတို့ ကို မမီပါဘူးဗျာ

စိတ်ထားလေးတွေ ပြုပြင်ရမယ်လေ 😊😊

ဟုတ်ပါတယ်ဗျ ပြုပြင်ရမှာပါ

မှန်ပါတယ်။ဒေါသဖြစ်ပြီဆိုကတည်းက မိမိကို အရင်ပူလောင်စေပါတယ်။နောက်ပြီးထပ်မံ ဆဲဆိုနေအုံးမည်ဆိုပါက မိမိ၏အဆင့်အတန်းကိုဖော်ပြပြီး အရှက်ရစေမည်ဖြစ်ပါသည်။ထိုအကြောင်းလေးအား ရေးပြထားတာ သဘောကျနှစ်သက်ပါတယ်အစ်ကို

ဟုတ် ကိုသန့် ရေ အသိပညာပေးpost့ လေးပါဗျာ
ကျွန်တော်တို့ တွေ မကြာခဏဖြစ်တတ်တာလေးတွေကို ဆင်ခြင်မိဖို့ ပါ

ကိုသန့် မန့် တာရေးဇူးပါဗျာ

ဆဲဆိုတာ အကျင့်‌ပါတတ်‌တယ်‌။ဂရုစိုက်‌သင့်‌တယ်‌။တန်‌ဘိုးရှိ‌သော Post ပါ။ညီ ဆဲတာ အစ်‌ကို တစ်‌ခါမှမကြားဖူးပါဘူး။

ဟုတ်တယ် အကိုရေ ကျွန်တော်အပေါင်းအသင်းတွေကြားတော့ တစ်ခါတစ်လေ ဆဲဆိုမိတာတွေရှိခဲ့ဖူးပါတယ်
ဒါမယ့် အခုတော့ အဲ့လိုတွေ မလုပ်ဖြစ်တော့ပါဘူး

ဗဟုသုတတွေတိုးလာပြီ
အဲဒါsteemitရဲ့အကျိုးပါ

ဟုတ်ကဲ့ပါ ဆရာကျေးဇူးပါပဲဗျာ

right bro
thank for sharing

OH ! Thank Dear Thet.

ကိုယ့်အပြုအမူအပြောအဆိုတွေကြောင့် ကိုယ့်မိဘရဲ့image မထိခိုက်ဖို့ ဆင်ခြင်သင့်ပါတယ်လေ

ဟုတ်တယ်အမရေ ကိုယ့်အပြုအမူကြောင့် ကိုယ့်မိဘ ထိခိုက်မှာမျိုး မလုပ်သင့်ပါဘူး

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.031
BTC 58951.49
ETH 2505.59
USDT 1.00
SBD 2.48