ပျော်ရွှင်စရာနှစ်သစ် (Happy New Year 2019)...!

in #myanmar5 years ago

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ...
image
Crd-org-source
ကျွန်တော်တို့ ကမ္ဘာကြီးမှာနေထိုင်ကြသော လူသားအားလုံးဟာ မကြာခင်မှာ 2018ခုနှစ်၏နောက်ဆုံးနေ့ နောက်ဆုံးအချိန်ကို နုတ်ဆက်ရင်း 2019နှစ်သစ်ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ရန် "Happy New Year"ဆိုပြီး ခေါ်ဝေါ်ကာ မိမိတို့၏ကိုယ်ပိုင်အယူအဆများဖြင့် ပျော်ပွဲရွှင်ပွဲများပြုလုပ်ကြိုဆိုနေကြပါသည်။
အခြားသောနိုင်ငံများတွင်လည်း စနစ်တကျ "Happy New Year" အချိန်အတွက် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ကျင်းပကြပါသည်။
ယခုအခါ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း MRTV-4,Channel-7 တို့မှ Myanmar Countdown live show ဆိုပြီး ရန်ကုန်မြို့  မိုင်ဒါကွင်းကြီးထဲတွင် မည်သူမဆို လွတ်လွတ်လပ်လပ် ပျော်ရွှင်နိုင်ရန် နိုင်ငံကျော်တေးသံရှင်များနှင့်တကွ သီဆိုဖျော်ဖြေပွဲများဖြင့် နှစ်သစ်ကူးအချိန်ကို  ဖြတ်သန်းနိုင်ရန် သီဆိုကခုန် ကျင်းပနေကြပြီဖြစ်ပါသည်။
image
Crd-org-source
တစ်ကမ္ဘာလုံးတွင်လည်း 2018 ခုနှစ်ကုန်ဆုံးပြီး 2019 ခုနှစ်သစ်၏အစဦးဆုံး အချိန်လေးအတွက် နှစ်ဟောင်း၏အညစ်အကြေးများ စိတ်ညစ်စရာများကို ထားခဲ့ပြီး နှစ်သစ်မှာ စိတ်သစ် လူသစ် နဲ့ မိမိတို့ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေထိုင်နိုင်စေရန် ရည်ရွယ်၍ ပျော်ရွှင်စွာ သီဆိုပွဲ..ကပွဲများဖြင့် ပျော်ပါးကြခြင်းဖြစ်ပါသည်။
နှစ်တစ်နှစ်၏ဒီဇင်ဘာလ(၃၁)ရက်နေ့  ည(12:00)အချိန်မတိုင်ခင်ကပင် မိမိတို့၏သူငယ်ချင်းများနှင့်သော်လည်းကောင်း..မိသားစုများနှင့်သော်လည်းကောင်း..ဆွေမျိုးညီအစ်ကိုမောင်နှမများနှင့်သော်လည်းကောင်း မိမိတို့အပေါ်မူတည်ပြီး  ပျော်ရွှင်စွာ နှစ်သစ်ကို ကြိုဆိုကြခြင်းဖြစ်ပါသည်။
နှစ်တစ်နှစ်၏အစ ဇန်နဝါရီလ (၁)ရက်နေ့တွင်လည်း စေတီဘုရားများ လိုက်လံဖူးမျှော်ခြင်း..ကုသိုလ်ယူခြင်း..နှစ်ဦးအလှူဒါနများပြုလုပ်ခြင်း..အပန်းဖြေခရီးထွက်ခြင်း..စသည်ဖြင့် နှစ်တစ်နှစ်၏နှစ်အစအချိန်များအား ကောင်းမွန်စွာ ဖြတ်သန်းကြခြင်း ဖြစ်ပါသည်။
တစ်ချို့သောသူများသည်  ထိုနှစ်ဦးအစရက်များတွင် မိမိတို့၏စီးပွားရေးအရောင်းအဝယ် လုပ်ငန်းများအား ခေတ္တပိတ်ထားပြီး ငွေများကို ပေါပေါသီသီ သုံး၍ ကုန်ဆုံးလေ့ရှိကြပါသည်။မိမိတို့၏စိတ်ယုံကြည်မှုအလိုက် နှစ်အစတွင် ထိုသို့အသုံးပြုခြင်းဖြင့် တစ်နှစ်တာပတ်လုံး မပူမပင် လွယ်ကူစွာဖြင့်  ငွေများပေါပေါသီသီ သုံးနိုင်လိမ့်မည်ဟု မှတ်ယူထားခြင်းဖြစ်ပါသည်။မည်သို့ပင်ဖြစ်စေ မိမိတို့၏ယုံကြည်မှုအလိုက် ပုံစံမျိုးစုံဖြင့် နှစ်တစ်နှစ်မှတစ်နှစ်သို့ ပျော်ရွှင် ကောင်းမွန်စွာ ဖြတ်သန်းကြမည်ဖြစ်ပါသည်။
ထို့ကြောင့် ယနေ့ ဒီဇင်ဘာလ (၃၁)ရက်နေ့ ည(12:00) at mid-night နောက်ဆုံးအချိန်မှစ၍ နှစ်သစ်မှာ မိမိယုံကြည်မှုအလိုက် ဆန္ဒနဲ့ဘဝ ထပ်တူကျပြီး နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ နှစ်သစ်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်သူငယ်ချင်းတို့...
image
Crd-org-source
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211

Sort:  

Happy New Year!!!😀✨🙌☄

Posted using Partiko Android

Thank you so much.Happy New Year,my fri;
You will be goodluck and peaceful life from till present 2019 New Year to next 100 years.

နှစ်​သစ်​ကိုကြိုဆိုရင်းတစ်​နှစ်​လုံးအရာရာ​ဖြောင့်​ဖြူးပြီး​ပျော်​စရာအတိဖြစ်​ပါ​စေလို့....

Posted using Partiko Android

ဟုတ်ကဲ့ပါအစ်မ။ပေးတဲ့ဆုနဲ့ပြည့်ပါစေ။ကျေးဇူးတင်ပါတယ်အစ်မ။အစ်မလည်း နှစ်သစ်မှာ ကျန်းမာ ချမ်းသာပြီး လိုအင်ဆန္ဒပြည့်ဝပါစေလို့ နှစ်သစ်ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။

ဟက်​ပီးနယူးရီးယား ပါ ခင်​ဗျာ။

ဟုတ်ကဲ့ Happy New Year ပါကိုယု။အစ်ကိုလည်း နှစ်သစ်မှာ ကျန်းမာ ချမ်းသာပြီး လိုအင်ဆန္ဒပြည့်ဝပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

ပျော်စရာနှစ်သစ် ဖြစ်ပါစေဗျာ

ဟုတ်ကဲ့ ကျေးဇူးပါ။ဦးထွေးလည်း နှစ်သစ်မှာ ကျန်းမာ ချမ်းသာ ပျော်ရွှင်ပြီး လိုအင်ဆန္ဒပြည့်ဝပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ခင်ဗျာ။

နှစ်သစ်မှာ ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ခညောင်းပြီး စီးပွား ချမ်းသားတိုးတက်နိုင်ပါစေဗျာ Happy New Year!!!

ပေးတဲ့ဆုနဲ့ပြည့်ပါစေခင်ဗျာ။ကျေးဇူးအများကြီးတင်ပါတယ်။ဦးစိုးလည်း နှစ်သစ်မှာ ကျန်းမာ ချမ်းသာပြီး လိုအင်ဆန္ဒများပြည့်ဝပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ခင်ဗျာ။

Hi, @uthantzin!

You just got a 0.01% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

Thank you so much about it.

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.033
BTC 63243.61
ETH 3078.23
USDT 1.00
SBD 3.89