"PAL" coin အတွက် ပထမခြေလှမ်း...!

in #myanmar5 years ago

အားလုံးပဲ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေခင်ဗျာ...
ဒီရက်ပိုင်းမှာ tokens တွေ ပိုမိုထွက်ရှိလာပြီး ရေပန်းစား စိတ်ဝင်စားလာသော coin တစ်ခုမှာ "PAL" coin token ပဲဖြစ်ပါသည်။ဒီ PAL token ကို လူစိတ်ဝင်စားမှု များရခြင်း အကြောင်းများ ရှိနေတာ သေချာပါသည်။
(1) PAL coin အတွက် www.palnet.io တွင် မိမိတို့၏ steem account ဖြင့် sign in ဝင်ပြီး လွယ်ကူစွာ အကောင့်ဖွင့်နိုင်ခြင်း။
(2)palnet website page တွင် PAL coin အတွက် Steem Engine နှင့် ချိတ်ဆက်ပြီး PAL coin trade နိုင်ရန် အဆင်သင့် စီစဉ်ပေးထားခြင်း။
(3)ထိုမှတဖန် PAL cion အတွက် account ဖွင့်ပြီးပါက Steem Engine သို့ဝင်ပြီး မိမိ Steem Engine account wallet တွင် PAL coin token free claim airdrop icon လေးမှတစ်ဆင့် token free ယူနိုင်ရန်ဆောင်ရွက်ပေးထားခြင်း။
(4)@minnowsupport သို့ PAL coin ပို့၍ မိမိ၏post အား upvote လာ vote စေရန် ဝယ်ယူလုပ်ဆောင်နိုင်ခြင်း။
(5)palnet platform ပေါ်တွင် post ရေးတင်လိုက်ပါက steemit platform ပေါ်သို့ post ရောက်ရှိသွားပြီဖြစ်၍ steem,sbd နှင့် PAL token များတစ်ပါတည်း နှစ်သီးစားရရှိနိုင်ခြင်းတို့ကြောင့် လူအများ စိတ်ဝင်စားမှုပိုမိုခြင်းဟု ထင်မြင်မိပါသည်။
ထိုအချက်များအနက် နံပါတ် (4) အချက်မှာ PAL coin ရည်ရှည်ရပ်တည်မှုခိုင်မာလာစေရန် အသက်သွင်းထားသောအချက်ဖြစ်ပြီး...နံပါတ်(5)အချက်မှာ post တစ်ခုအတွက် Reward ပိုမိုရရှိလာနိုင်ခြင်းတို့ကြောင့်...လူအများစိတ်ဝင်စားစွာ လုပ်ဆောင်နိုင်ရန် ဆွဲဆောင်ထားသောအချက်များ ဖြစ်မည်ဟု ထင်မြင်မိပါသည်။
မိမိသည်လည်း ယခုမှ စပြီး လေ့လာစောင့်ကြည့်ခြင်းဖြစ်၍ အခြားစိတ်ဝင်စားစေသော အကြောင်းအရာများရှိနိုင်ပါသေးသည်။
မိမိတို့၏ MSC ခေါင်းဆောင် @kachinhenry ကိုဟင်နရီ နှင့် @golden.future ကိုဟိန်းတို့က ထို PAL coin အကြောင်းနှင့်ပတ်သက်၍ ပိုမိုသိရှိထားသူများဖြစ်ပြီး အခြားသောသူများလည်း သိသင့်သလောက် သိထားပြီးသားဖြစ်၍ PAL cion account ဖွင့်ထားနိုင်ရန်နှင့် PAL coin free claim airdrop လုပ်နိုင်ရန် ထပ်မံ၍ မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။
account ဖွင့်ရန်...
(1)www.palnet.io သို့ သွားပါ။
Screenshot_2019-06-14-15-54-45-1.png

(2)အပေါ်ဆုံးထောင့်က မျဉ်းသုံးကြောင်း နှိပ်လိုက်ပါက အောက်ပါပုံအတိုင်း sign in ဝင်ရန်တွေ့မည်ဖြစ်ပါသည်။
Screenshot_2019-06-14-15-52-08-1.png

(2)ပြီးပါက account ဖွင့်ရန် sing inကိုနှိပ်ပြီး steem account name နှင့် password key ထည့်ပါ။password နေရာတွင် steem account posting key သုံး၍ ဝင်ပါ။PAL account ရရှိလာမည်ဖြစ်ပါသည်။
Screenshot_2019-06-14-15-52-26-1.png
Token free claim ရန်...
(1)account ဖွင့်ပြီးပါက Steem Engine သို့ဝင်ပြီး မိမိSteem Engine wallet ပေါ်တွင် free claim ရန် icon လေးပေါ်နေမည်ဖြစ်ပါသည်။
Screenshot_2019-06-13-23-16-44-1.png

**မှတ်ချက်---Steem Engine wallet မဖွင့်ရသေးပါက Steem Engine wallet ကိုလည်း steemconnect ဖြင့် မိမိ wallet ဖွင့်ထားရမှာ ဖြစ်ပါသည်။
(2)ထို icon လေးအားနှိပ်ပေးလိုက်ပါက transaction comfirm လုပ်ရန်ပေါ်လာပြီး comfirm လုပ်လိုက်ပါ။
Screenshot_2019-06-14-09-37-15.png

(3)ထိုသို့လုပ်ဆောင်ပြီးပါက မိမိ Steem Engine wallet အား ပြန်ဖွင့်လိုက်ပါက မိမိ wallet တွင် PAL coin token ရောက်ရှိနေမှာဖြစ်ပါကြောင်း...ထို့အတူ မိမိ PAL coin account ၏ wallet တွင်လည်း ထို PAL coin amount ရောက်ရှိနေမှာ ဖြစ်ပါကြောင်း...ထိုမှတစ်ဆင့် PAL power steak လုပ်ခြင်း...အခြားသူများသို့ transfer လုပ်ခြင်း...minnowsuppport ထံမှ upvote များရရှိစေရန် PAL coin ဖြင့် ဝယ်ယူလုပ်ဆောင်ခြင်းများအပြင် မိမိလေ့လာမှုအပေါ် မူတည်ပြီး ကျွမ်းကျင်သလို လုပ်ဆောင်နိုင်မှာ ဖြစ်ပါကြောင်း...မိမိသိသလောက်လေးအား ပြန်လည်ရေးသားမျှဝေလိုက်ရပါတော့သည်။
Screenshot_2019-06-14-12-43-40-1.png

အားလုံးပဲ ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211
All photos screen shot & credited by @uthantzin

Sort:  

လုပ်ကြည့်ရဦးမယ်။

Posted using Partiko Android

PAL coin အခြေအနေလေးက လုပ်ထားသင့်တယ်လို့ ထင်ပါတယ်။

နောက်ထပ် နောက်ထပ် PAL တွေရနိုင်မှ ဖြစ်မယ် အလကားရတာလေးကုန်ရင် ဘယ်သွားရှာရမလဲ

ဟုတ်တယ် ဆက်လေ့လာရအုံးမှာပေါ့..ဦးစိုး။

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 61645.58
ETH 3013.85
USDT 1.00
SBD 3.71