မေးခွန်းတိုင်းအတွက် အဖြေရှိပါသည်မိတ်ဆွေ...!

in #myanmar6 years ago

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ...
ကျွန်တော်တို့ MSC အဖွဲ့အစည်းကြီးအတွက် လက်ရှိအခြေအနေကို အကောင်းဆုံးပြုပြင် ဆောင်ရွက်နိုင်ရန် leader ကိုဟင်နရီမှ အဖွဲ့ဝင်များနှင့်အတူ 19.8.2018 ရက်နေ့ ည 8:00 အချိန်တွင် အစည်းအဝေးပြုလုပ်ခဲ့ပါသည်။
အစည်းအဝေး၏ အဓိကအကြောင်းအရင်းကတော့ ကျွန်တော်တို့ MSC အဖွဲ့သားတွေတော်တော်များများ စာရေးနည်းလာပြီး promotion တင်တဲ့လူဦးရေပါနည်းသွားသဖြင့် အဖွဲ့အစည်း၏လက်ရှိ ဖြစ်ပျက်နေသောအခြေအနေများအပေါ်  သုံးသပ်ပြီး စည်းကမ်းချက်အသစ်တွေတိုးပြီး ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။
ebe220c73aae3b8aaddf51d817e496a4d120eddf_600.jpg
Crd-org-source
ဒီအခြေအနေဟာ ကျွန်တော်တို့ MSC အဖွဲ့သားအားလုံးနဲ့ သက်ဆိုင်ပါသည်။MSC registration နံပါတ် ယူထားသော အဖွဲ့ဝင် (250)အထက်မှာ ရှိသော်လည်း promotion တင်သော လူဦးရေပမာဏမှာ အရမ်းနည်းနေပါသဖြင့် ဒီအချက်ကိုအကောင်းဆုံးဖြစ်အောင် စဉ်းစားဆုံးဖြတ်နိုင်ရန် အစည်းအဝေးမှာ တိုင်ပင်ဆွေးနွေးကြခြင်းဖြစ်ပါသည်။
ကျွန်တော်တို့ MSC အဖွဲ့အစည်း၏promotion အတွက် နိုင်ငံခြားမှ အကူအညီများရယူထားသဖြင့် မိမိတို့အဖွဲ့အစည်း၏တိုးတက်မှုအခြေအနေ report အား leader ကိုဟင်နရီမှ ပြန်လည်တင်ပြပေးရပါသည်။ထိုသို report တင်ပေးရသည့်အတွက် လက်ရှိအနေအထားသည် ပြုပြင်ပြောင်းလဲရန် လိုအပ်သောအခြေအနေဖြစ်နေပါသည်။
ဒါကြောင် လက်ရှိဖြစ်ပျက်နေသော အမေးပုစ္ဆာများအတွက် ကျွန်တော်တို့ MSC အဖွဲ့သည် အားလုံးတိုင်ပင်ဆွေးနွေးပြီး အကောင်းဆုံးသော အဖြေများထုတ်ခဲ့ကြပါသည်။
video_preview_0002.jpg
Crd-org-source
အစည်းအဝေး၏ဆုံးဖြတ်ချက်အရ စည်းကမ်းချက်အသစ်များဖြင့် ပြန်လည်ဖွဲ့စည်းမည်ဖြစ်ပါသည်။
ထိုစည်းကမ်းချက်အသစ်များမှာ
(၁)smart card အတွက် data မပေးနိုင်သူများကို MSC မှ လူစစ်ထုတ်မည်ဖြစ်ပါ၍ smart card အတွက် မဖြစ်မနေ data ပေးရမည်ဖြစ်ပါသည်။
(၂)လက်ရှိမှာ pro; တင်သူ လူ(၃၀)မကျော်သဖြင့် pro; ကို နေ့စဉ်တင်ပါမယ်။လူဦးရေကို ပြန်လည်ပြီး leader မှ ဆုံးဖြတ်ပါမယ်။
(၃)MSC အဖွဲ့ဝင်များအနေဖြင့် pro; ကို တစ်လအနည်းဆုံးလေးကြိမ် l တစ်ပတ်တစ်ကြိမ်နှုန်း တင်ရပါမည်။
(၄)MSC နံပါတ်ပြင်ဆင်ပြောင်းလဲပါမည်။
(၅)အကြောင်းတစ်စုံတစ်ရာရှိပါက ခွင့်ရက်ရှည်ယူရန် SL များထံ အသိပေးရပါမည်။...စသည်ဖြင့် စည်းကမ်းချက်အသစ်များနှင်အတူ အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်သွားကြမည်ဖြစ်ပါသည်။
**ထိုကဲ့သို့ ဖြစ်ပျက်နေသောအခြေအနေတွင် လက်ရှိ MSC registration နံပါတ်ယူထားပြီး စာမရေးနိုင်lpro မတင်နိုင်တဲ့သူတွေကို တစ်ခုလောက်မေးချင်ပါတယ်။ဒီလိုမေးလို့ တစ်မျိုးတော့မထင်ပါနဲ့ သူငယ်ချင်းတို့...။
တစ်လှေတည်းစီးတဲ့သူချင်းအတူတူ အားလုံးတက်ညီလက်ညီနဲ့အတူတကွ ကြိုးစားဖို့အတွက် တစ်ဦးတစ်ယောက်တည်း တော်နေ တတ်နေရုံနဲ့မပြီးပါ။ကျွန်တော်တို့ အဖွဲ့သားအားလုံး အတူတကွ ကြိုးစားဆောင်ရွက်ရမှာပါ။
group-team-meeting-clipart-1.jpg
Crd-org-source
လက်ရှိဖြစ်ပျက်နေသောအခြေအနေအရ သူငယ်ချင်းတို့ စာမရေးနိုင်တာ ဘာကြောင့်လဲဆိုတာ စဉ်းစားပါ။
*Steem ဈေးကျနေလို့ စာမရေးတာလား...?
*ကျန်းမာရေးမကောင်းလို့ စာမရေးနိုင်တာလား...?
*တစ်ခုခုကို စွဲစွဲမြဲမြဲမလုပ်တတ်တဲ့မိမိ၏အကျင့်ကြောင့် မရေးဖြစ်တာလား...?
*စိတ်ဝင်စားမှုနည်းသွားလို့ စာမရေးဖြစ်တော့တာလား...?
*အလုပ်တွေရှုပ်လွန်းလို့ စာမရေးဖြစ်တာလား...?
အကြောင်းအမျိုးမျိုးရှိနိုင်ပါတယ်။
မည်သို့ပင်ဖြစ်စေ မေးခွန်းတိုင်းအတွက် အဖြေဆိုတာ ရှိပါတယ်။
မိမိတစ်ယောက်ထဲ လုပ်ဆောင်လို့ရသည့်ကိစ္စအတွက် ဘာမှမသိသာသော်လည်း အဖွဲ့အစည်းနဲ့လုပ်ဆောင်သော ကိစ္စရပ်များအတွက် အဖွဲ့ဝင်တိုင်း၏စွမ်းအားများ လိုအပ်နေပါလိမ့်မည်။
ဒါကြောင့် မိမိကိုယ်တိုင် သေချာစဉ်းစားပြီး ဆုံးဖြတ်စေချင်ပါသည်။အခုအချိန်မှာ smart card data များပေးပြီး MSC အဖွဲ့အစည်းအတွင်း ပါဝင်ဆောင်ရွက်ခွင့်ရှိနေပါသေးသဖြင့် ရဲရဲဆုံးဖြတ်စေချင်ပါသည်။
MSC အဖွဲ့အစည်းတွင် ပါဝင်လုပ်ဆောင်နေကြသော အဖွဲ့ဝင်များသည် အတော်အသင့် ပညာအရည်အချင်းရှိပြီး ဦးနှောက် အသိညဏ်ကောင်းသောသူများ ဖြစ်ကြပါသည်။
ထို့ကြောင့် မိမိ၏ဦးနှောက် အသိညဏ်နဲ့ အကောင်းဆုံး အဖြေထုတ်ပါ l ဆုံးဖြတ်ပါလို့ ပြန်လည်ပါဝင်စေချင်သော ဆန္ဒဖြင့် ရေးသားမျှဝေလိုက်ရပါတယ်..သူငယ်ချင်းတို့။
welcoming-member-image.jpg
Crd-org-source
ကျွန်တော်တို့ MSC အဖွဲ့သားများအားလုံး အေးအတူ ပူအမျှ တက်ညီလက်ညီကြိုးစားဆောင်ရွက်ရင်း အောင်မြင်မှုဆီ ချီတက်ကြပါစို့လို့ စေတနာထား တိုက်တွန်းနိုးဆော်လိုက်ရပါတော့သည်။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211

Sort:  

အမေးမမှန်တဲ့မေးခွန်းတွေမှာ အဖြေမရှိတတ်ဘူး
စွမ်းအားတွေလိုအပ်နေတာတော့အမှန်ပဲ ဖြည့်ပေးကြပါ ဒါမှလည်း ရေရှည်တည်တံ့နိုင်မှာပါဗျာ

ဟုတ်ကဲ့ပါခင်ဗျာ အမေးမှန်သော မေးခွန်လေးတွေနဲ့ အတူ လိုအပ်သော စွမ်းအားလေးတွေဖြည့်ရင်း တိုးတက်အောင်မြင်အောင် ခရီးဆက်ကြရမှာပေါ့။ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ခေးကcoinတေနောက်မဲပြီလိုက်နေရလိုပါ ဥဥသန်ဇင် . အာကြောင့်စာမရေးနိုင်သေးတာပါ ဟိဟိ😂😂😂

ကျွန်တော့အထင်တော့ အများကြီးတော့မလိုက်စေချင်ဘူး။နည်းနည်းတော့ လိုက်ပါ။အဓိက realလား scam လား။ကျွန်တော်လည်းနည်းနည်းတော့ စမ်းတာပါပဲဗျာ။

မတ်မတ်ထက်တောင် ရေးတာကောင်းသေးတယ် 😁

ကျေးဇူးတင်ပါတယ် မတ်မတ်ရယ်။ဝမ်းသာရပါတယ်။လေးစားလျက်။

ကိုသန့်‌ရဲ့postကို resteemလုပ်‌ထားလိုက်‌မယ်‌။အ‌ရေးအသား‌ကောင်းသလို တင်‌ပြပုံလည်း‌ကောင်းတယ်‌။အတူတူကြိုးစားကြစို့။

ဟုတ်ကဲ့ပါအစ်ကို ကျေးဇူးတင် ဝမ်းသာရပါတယ်။အတူတူ ကြိုးစားမယ်ဗျာ။

အားလုံးအတူတူကြိုးစားရ​အောင်​ပါ....ခုလိုပြန်​​ဝေမျှ​ပေးလို့​ကောင်းပါတယ်​.....

ဟုတ်တယ်အစ်မ အတူတူ ကြိုးစားကြမယ်နော်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။

အတူကြိုးစားရင်း ​အောင်​မြင်​မှုဆီ ချီတက်​ကြတာ​ပေါ့ bro

ဟုတ်ကဲ့ပါအစ်ကို အတူတူကြိုးစားကြမယ်ဗျာ။

ဆေးမ​သောက်​ရ​တော့ မုသွင်းလို့မရဖြစ်​​နေလို့ပါ ဥဥန့်

အဲတာဟုတ်တယ်၊ မုမု

ဒါဆိုဆေးသောက်ရတော့မှာပေါ့ အစ်ကိုသက်ရေ။ဆေးဆိုတာက>>>>>????

ဟဲဟဲ သိရဲ့သားနဲ့

ကိုဟင်ရဲ့အစီအစဉ်က good ပါလား
MSCမှာစာရေးကောင်းသူတွေအတော်များတာေ
တွေ့ရပြီ

ကျေးဇူးတင်ပါတယ်ခင်ဗျာ။ဒီလိုလေးကြားရတော့ ကြိုးစားဖို့ အားဖြစ်စေတာပေါ့။

တ​နေ့တလံ ပုဂံ ဘယ်​မ​ရွေ့
တက်​နိုင်​​ဖျား​ရောက်​​​ပေါ့ဗျာ

ဟုတ်ပါ့အစ်ကို မလျော့သော ဇွဲ လုံ့လတွေနဲ့ ကြိုးစားကြတာပေါ့။

အမေးရှိရင် အဖြေရှိ
အဖြေရှိရင် တွက်နည်းရှိ ဟီးး

မှန်တာပေါ့ခင်ဗျာ။

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 63868.85
ETH 3063.91
USDT 1.00
SBD 4.10