သိမှတ်ဖွယ်ရာ ရိုးရာစကားထာများ(၁၉)

in #myanmar5 years ago (edited)

သိမှတ်ဖွယ်ရာ ရိုးရာစကားထာများ(၁၉)
image
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။

ဒီတစ်ပတ်ကတော့ သိမှတ်ဖွယ်ရာ ရိုးရာစကားထာများလေးတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ ရိုးရာစကားထာများလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုသိမှတ်ဖွယ်ရာ ရိုးရာစကားထာများကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။ သိမှတ်ဖွယ်ရာ စကားထာများလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုစကားထာတွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဥာဏ်များထက်မြတ်ပါစေ။

(၁)မျက်နှာမည်းကြီး ငိုလိမ့်မည်၊
စည်တော်ကြီး တီးလိမ့်မည်၊
သေသောသူများ ရှင်မည်၊
ပုန်းသောသူများ ထွက်မည်။

image
ဒီစကားထားက မိုးရာသီအကြောင်းကို ဖွက်ထားခြင်းဖြစ်သည်။သူအဓိပ္ပာယ်က မိုးကာလ မိုးတွင်းရောက်တဲ့အခါ ကောင်ကင်ထက် တိမ်မည်တွေ အလိပ်လိပ်တတ်လာပြီး မကြာမှီပြိုကြမလိုဖြစ်ပုံကို ပြောခြင်းဖြစ်သည်။ထိုတိမ်မည်းများလာပြီး မကြာခင်မှာ စည်တော်ကြီးတီးသလို မိုးချိန်းသံတွေ ကြာရလိမ့်မည်။ထိုနောက်မိုးရွာလာတယ်။မိုးရွာလာတာနဲ့ နွေရာသီကြောင့် ခြောက်သွေ့နေသောမြေပေါ်မှာ မြက်မင်လေးတွေဟာ ရှင်သန်လာကြသည်။နောက်ပုန်းအောင်းနေသော ဖားလေးပေါ်လာကာ အော်မည်နေပုံကို မျက်လုံးထဲမြင်မိပါလိမ့်မည်။ဒါကြောင့် ဒီစကားထာဟာ မိုးရာသီနဲ့လိုက်ဖက်အောင် ဝှက်ထားခြင်းဖြစ်သည်။

(၂)စိမ်းညှိ့ရောင် သုံးခုနဲ၊
မျက်လုံးက ခါးလယ်၊
လေးဘက်တောင်ပံနဲ့၊
ခေါင်းကခြောက်သွယ်၊
လူမဟုတ် မြေနဲ့နီတယ်။

image
ဒီစကားထာက မြင်းမိုရ်တောင်ဖြစ်ပါတယ်။အဓိပ္ပာယ်ကတော့ မြင့်မိုရ်တောင်အောက်ခြေမှာ ဖိုခနောက်ဆိုင် တောင်သုံးလုံးက ထောက်ထားသောကြောင့် စိမ်းညှိ့ရောင် သုံးခုနဲ ဟုခေါ်ပါတယ်။မျက်လုံးခါးလယ် ကတော့ မြင်းမိုရ်တောင်ရဲ့ဘေးတစ်ဘက်တစ်ချက်မှာရှိသော နေ နဲ့ လ ဖြစ်ပါသည်။လေးဘက်တောင်ပံ ကတော့ ကျွန်တော်တို့နေထိုင်ကြတဲ့ အရှေ့ကျွန်း၊အနောက်ကျွန်း၊တောင်ကျွန်း၊မြောက်ကျွန်း ဆိုတဲ့ ကျွန်းလေးကျွန်းများဖြစ်ပါသည်။ခေါင်းက ခြောက်သွယ် ကတော့ နတ်ပြည်ခြောက်ထပ်ကို ရည်ညွန်းကြောင်း ပြောပါရစေ။

(၃)ငါးယောက်ကသယ်၊
သုံးဆယ်ကကြိတ်၊
ဖျားကြီးနဲ့လိပ်၊
ဂူကြီးထဲသွင်း။

image
ဒီစကားထာက ထမင်းစားခြင်းကို ဆိုလိုပါသည်။ထမင်းစားတဲ့အခါ လက်ငါးချောင်းပ ထမင်းကို ဆုပ်ကိုင်တာကို ငါးယောက်ကသယ်လို့ပြောပြီး ထိုထမင်းကို သွားဆိုသော အချောင်းသုံးဆယ်က ကြိတ်ကာ ထမင်းကို လျှာဆိုတဲ့အရာက အရသာခံကာ မိမိဝမ်းထဲသွင်းတာကို ခေါ်ခြင်းဖြစ်ကြောင့် ပြောပါရစေ။

အစဉ်ကြိုးစားလျက်

Author tunnaingwin

Msc.100


Do you use eSteem?
eSteem is a Mobile📱& PC💻 app. for Steem with great features. Also, you get Incentives posting through eSteem apps.

eSteem Spotlight; eSteem provides rewards for it top users in Leader Board with most Posts, Comments and Highest Earners.

Download eSteem for your Mobile📱
Android devices Google Play Store
IOS devices Apple Store

Download eSteem Surfer for your PC💻
Available for all OS Github


Join eSteem Discord https://discord.gg/UrTnddT

Join eSteem Telegram http://t.me/esteemapp

Proud to be a member of The Steemians Directory
Join eSteem Community

Sort:  

နောက်ဆုံးဟာ သိတယ် ထမင်းစားတာ ဟုတ်

Posted using Partiko Android

မှန်တယ်မစု

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

thank u@esteemapp

Posted using Partiko Android

မသိတဲ့စကားထာများလည်းသိရ​တော့ဗဟုသုတရပါတယ်​...

Posted using Partiko Android

ဟုတ်ကဲ့

Posted using Partiko Android

ဒီစကားထာကတော့ တို့ငယ်ကတည်းကပ

မှန်ပ

Posted using Partiko Android

ခြင်ထောင်ကဲလား စာမနား...( ...)

Posted using Partiko Android

စားမယ် ဘာကြီးလဲဟင်

ဘာကြီးလဲ

Posted using Partiko Android

ပထမဟာ​တော့သိတယ်
မိုးချိန်းသံ အဟပ်

ဟုတ်ဟုတ်

Posted using Partiko Android

ဗဟုသုတရပါ့ရှင်

thank you

Posted using Partiko Android

ဒီလိုပဲကိုယ်သိတာ၊ ကိုယ်ဖတ်မိတာတွေပြန်လည်မျှဝေပေးတာ ကောင်းတာပါ

ဟုတ်ကဲ့အကို

Posted using Partiko Android

ကျွန်‌‌တော်‌ စကားထာ‌တွေ မသိဘူး။ကို‌အေးေ ပြာမှ သိတာ ။‌ကျေးဇူးပါကို‌အေး။

ဟုတ်ကဲ့ပါ

Posted using Partiko Android

ကောင်းလှပါတယ်အစ်ကို။ဗဟုသုတ ရှိပါတယ်ခင်ဗျာ။

ဟုတ်ကဲ့ပါ

Posted using Partiko Android

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 63510.75
ETH 3065.54
USDT 1.00
SBD 3.82