သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၃၁)steemCreated with Sketch.

in #myanmar6 years ago

သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၃၁)

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
image
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။

ဒီတစ်ပတ်ကတော့ ဥပဒေသလေးတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။ သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။

#သားဦးအရူး။
image
အယ်ဒီစာဖတ်သူတွေထဲမှာ ကလေး အဖေအမေတွေ ပါလိမ့်မည်။ကျွန်တော်ကတော့ လူပျိုဆိုသောလည်း လေ့လာထားသမျှ သိထားသမျှလေး နည်းနည်းပါးပါး အသိတစ်ခုမျှဝေချင်ပါတယ်။မိဘတွေ သားသမီးမရခင် သားသမီးလို့ချင်ကြတယ်။နောက် သားဦး သမီးဦးလေးမွေးလာတော့ အရမ်းချစ်ကြပြီး ကလေးတွေခိုင်းသမျှ လုပ်ပေးတတ်ကြသည်။ကလေးက အရူးလုပ်တာ ခံတတ်ကြသည်။ကလေးက ဆင်စီးချင်တယ်ဆို ဆင်လိုလုပ်ရနဲ့ အမျိုးမျိုးလုပ်ပေးတတ်ကြသည်။ထိုသို့အချိန် မိမိက ဘာမှမသိသောလည်း ဘေးလူတစ်ယောက်ကမြင်ရင် ပြုံးမှာအသေအချာဘဲနော်။သားဦးသမီးဦးမို့ ရူးတာပါ။ခုချိန်စာဖတ်သူတို့ရော ခုလိုကြုံတွေ့တတ်ကြလိမ့်မည်ထင်တယ်။မကြုံသေးတဲ့လူပျိုကြီး အပျိုကြီးတွေလည်း ခုလိုတစ်ချိန်ချိန်မှာ သားသမီးဦးရလာရင် ကြုံတွေ့ရမည်ဖြစ်ကြောင်း ပြောပါရစေ။

#အတုမြင် အတတ်သင်။
image
ကလေးရှိတဲ့မိဘတိုင်း သိသင့်သိထိုက်သော စကားလေးဖြစ်ပါသည်။ကလေးတွေဟာ ငယ်ရွယ်စဉ် ဘယ်အရာဖြစ်ဖြစ် မိဘတွေ ပတ်ဝန်းကျင်က ပြုလုပ်သော အမှုအကျင့်တွေကို တုပပြီး အတုခိုးကာ သင်ယူတတ်ကြသည်။မိဘတွေကလည်း သားသမီးတွေအပေါ် မကောင်းတဲ့အကျင့်တွေ ဖြစ်စေသော အရာများ ကလေးတွေရဲ့အရှေ့မှာ မပြုလုပ်သင့်သလို မိမိပတ်ဝန်းကျင်မှာလည်း ခုလို မကောင်းသောအပြုအမှုတွေရှိရင် ကလေးတွေကို ဒါက မကောင်းဘူး မလုပ်ရဘူးဆိုတာ နားလည်လွယ်အောင် ရှင်းပြပါ။မကောင်းတဲ့စရိုက်တွေ ပြောပြပြီးကောင်းသောအကျင့်တွေကို သင်ပေးပါလို့ မိဘနေရာရောက်နေသောသူတိုင်း သတိထားပြီးဆုံးမကြပါလို့ပြောပါရစေ။

#သားသမီးမရှိ အချစ်မသိ။
image
သားသမီးဆိုတာ ရတနာတစ်ပါးဖြစ်သလို ဆည်းလည်းတစ်ခုလည်းဖြစ်ပါတယ်။အိမ်မှာ သားသမီးမရှိရင် ခြောက်ကပ်ကပ်နဲ့အထီကျန်ဆန်တတ်ပါသည်။သားသမီးရှိတော့ အိမ်ရဲ့ဆည်းလည်လေးတွေလို့ ပျော်ရွှင်မှုလေးတွေရှိတတ်ကြသည်။အချစ်လေးတွေကလည်း ဖြစ်ပေါ်လာကာ မိဘမေတ္တာ သားသမီးအပေါ်ချစ်တတ်တဲ့အချစ်တွေ ပေါ်လာတယ်။အချစ်တစ်ခုတိုးလာပြန်တယ်။ချစ်ခြင်းမေတ္တာတွေ ရစ်ဖွဲ့လာတယ်။အချစ်တွေ တစ်ဖြည်းဖြည်းနဲ့တိုးလာကြသည်။မိသားစုအိမ်လေးက အချစ်တွေနဲ့ပျော်ရွှင်စရာကောင်းလာပါတယ်။ဒါကြောင့်သားသမီးမရှိ အချစ်မသိဟုပြောရခြင်းဖြစ်ပါသည်။

(စကားလက်ဆောင်)

သားဦးအရူး။

အတုမြင် အတတ်သင်။

သားသမီးမရှိ အချစ်မသိ။

အစဉ်ကြိုးစားလျက်
Author tunnaingwin
Msc.100

Sort:  

သားသမီးတော့မရှိပါဘူး၊အချစ်ကတော့ရှိပါတယ်ဗျာ ။ တူတူမတွေ ၊တပည့်မလေးတွေရဲ့ ကလေးတွေ၊မြေးအရွယ်လေးတွေချစ်ပါ့

လူပျိုကြီးတွေက တူ တူမတွေရှိတာ သားသမီးရှိတာနဲ့တူပါတယ်ဗျာ

ကောင်းသောစကားစုများပါ

Allah has created all beautiful men & women, and ugly ones also.If not created ugly then we had couldn't justify, praise beautiful ones. But we shouldn't ignore them.
all island, hill, mountain, forest,ocean everything is made by Allah, seeing it we become fascinate, but very few we ever think who made it? Why made? He is Allah, we have to back again to Him. He is free from all partnership. thank you very much for such a good post.

Posted using Partiko Android

မှန်ပါတယ်အစ်ကို သားဦးလေးရတော့ အဲဒီလို ဖြစ်ခဲ့ရတာပါ။သားဦးအရူးပါ။အဲဒီအချိန်မိဘတွေအရူးပါပဲခင်ဗျာ။

ဟုတ်မယ်ထင်တယ်

သားဦးစနေ မီးလိုမွှေ လေးရော လုပ်ပါဦး😁

ဟုတ်။နောက်တစ်ခါထည့်ရေးပါမယ်

လူပျိုကြီး အပျိုကြီးတွေ အချစ်မရှိတော့သလို

ဟီးဟီး ဟုတ်ရပါဘူးဗျာ။၅၂၈ကိုပြောတာပါ

Allah has created all beautiful men & women, and ugly ones also.If not created ugly then we had couldn't justify, praise beautiful ones. But we shouldn't ignore them.
all island, hill, mountain, forest,ocean everything is made by Allah, seeing it we become fascinate, but very few we ever think who made it? Why made? He is Allah, we have to back again to Him. He is free from all partnership. thank you very much for such a good post.

Posted using Partiko Android

အဲ့တာ​​ကြောင့်​သားဦးအချစ်ဆုံးမို့
သားဦးစ​နေ မီးလို​​မွှေတဲ့

ဟုတ်ပ

ဗဟုသုတရပြီးအသိတိုး​စေပါတယ်​....

ကျေးဇူးပါ

သားသမီးဦး မိဘရူးတာတော့ အမှန်ဘဲ ကိုအေးရေ ရူးခါနေအောင်ကို ချစ်ကျတာ

ဟုတ်တယ်မစု

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.030
BTC 65651.70
ETH 2676.03
USDT 1.00
SBD 2.91