သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၂၆)

in #myanmar6 years ago

#သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၂၆)

image

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။

ဒီတစ်ပတ်ကတော့ ဥပဒေသလေးတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။

#အဆုံးကိုကြည့် အစ သိ။
image
ကျွန်တော်တို့ လူရယ်လို့ဖြစ်လာခြင်းသည် လူဘဝကို စဝင်လာခြင်းဖြစ်သည်။ထိုသို့အလားတူ အဆုံးကို ကြည့်လျင် သေခြင်းနဲ့ဆုံးလိမ့်မည်။လူဖြစ်ခြင်း အစနဲ့သေဆုံးခြင်း အဆုံးဆိုတာ တွေ့မြင်ရလိမ့်မည်။ကဲဒါဆို မိမိတို့ဟာ မသေမှီ အချိန်တွေမှာ ဘယ်လို ကုန်ဆုံးကြမလဲ။ကောင်းသောအလုပ်တွေ လုပ်ပြီး အချိန်ကုန်မလား။ဒါမှမဟုတ် လူဖြစ်လာပြီး ကောင်းကောင်းဆိုးဆိုး အကုန်လုပ်မည်ဆိုပြီး ထင်ကာ အချိန်ကုန်ခံမလား။စဉ်စားကြည့်ကြပါနော်။မိမိတို့တစ်နေ့သေမည်ဆိုတာ သိသိရင်းနဲ့နောက် အဆုံးကိုကြည့်လိုမြင်သာပြီးဆိုရင် မသေခင် ဘာလုပ်မလဲ သေချာကြည့်ပါ။မိမိတို့အကြည့်မှန်ရင် မကောင်းမှုနဲ့အချိန်ကုန်မည်မဟုတ်။ကောင်းသောအချိန်တွေ မသေခင်လုပ်ပြီး ဘဝရဲ့အစမှာပြင်ဆင်ကြပါလို့ပြောပါရစေ။

#ဆာနေတဲ့ဗိုက် နားရွက်မပါ။
image
ဒါကတော့ လူတိုင်းမကြားဖူးတဲ့အရာတွေပါ။နောက်တိမ်မြုပ်နေတဲ့စကားလေးတစ်ခုပါ။တောရွာတွေမှာတော့ အနည်းအကျဉ်းလူကြီးသူမတွေကို သူတို့ရဲ့မြေး သားတွေကို ပြောဆိုတတ်တုန်းပါ။ဘယ်နေရာတွေမှာလည်းဆိုရင် ကလေးနဲ့ မိမိတို့ရဲ့သူငယ်ချင်းတွေအိမ်လည်တဲ့အချိန်တွေမှာ အများဆုံးပြောကြပါလိမ့်မည်။အိမ်လည်သွားတဲ့အချိန်တွေ အိမ်ရှင်က ဧည့်သည်တွေ စားစရာမုန့်တွေလာချပေးတယ်။ထိုသို့လာချပေးရင် မြေး ကလေးတွေက လူကြီးသူမမစားခင် အရင်စားတတ်ကြသည်။ထိုသို့အချိန်မှာ လူကြီးက မရှက်ဘူးလား။ငတ်နေတာလား အစရှိသောစကားပြောလိမ့်မည်။ကလေးကလည်း မရှက်ဘဲ စားတော့ ခုခေတ်ကလေးတွေဟာ ဆာနေတဲ့ဗိုက် နားရွက်မပါဆိုသလို ဖြစ်နေပါရောလားဟု ပြောဆိုတတ်တယ်။လူကြီးတွေဆိုလိုရင်က မိမိဘာပြောပြော ကလေးကစားနေတော့ မိမိစကားကအရာမရောက်ဘဲ ကြားပျောက် ကျောက်ပြားဆိုသလိုဖြစ်ကာ နားရွက်မပါဘူးလားဟုဆိုလိုတာပါ။ဒါကြောင့် မိမိတို့လည်း ဆာနေတဲ့ဗိုက် နားရွက်မပါလို့ တစ်ခါတစ်လေးဖြစ်တတ်ကြောင်း ပြောပါရစေ။

#မဟောင်တဲ့ခွေး၊ငြိမ်နေတဲ့ရေ သတိထား။

image
ကျွန်တော်တို့ပတ်ဝန်းကျင်မှာဆို ဟောင်နေတဲ့ခွေးနဲ့မဟောင်တဲ့ခွေးဆိုပြီး ခွေး(၂)မျိုးတွေ့ရလိမ့်မည်။ထိုခွေးနှစ်မျိုးမှာ ဘယ်ခွေးဟာ ကိုက်တတ်လည်းဆိုတာ သိလောက်မည်ထင်တယ်။
ထိုအတူ လူတွေမှာလည်း အေးအေးဆေးဆေးနေတဲ့သူတွေကို သတိထားပါ။သူတို့တွေဟာ တစ်ခုခုလုပ်ရင် ဆုံးဖြတ်ချက်ခိုင်မာစွာ ချပြီး လုပ်တတ်တယ်။နောက် ကျွန်တော်တို့ပင်လယ်ပြင်တွေမှာဆို ရေငြိမ်နေရင် ကြောက်ကြတယ်။ပင်လယ်ရေက လှိုင်းထနေရမည်။တစ်ခါတစ်လေ ရေတွေဟာ ဘာလှိုင်းမှမထရင်တော့ သေချာပြီး မကြာခင် မိုးသက်လေပြင်း ကျတော့မည်။ဒါကြောင့် ရေငြိမ်နေရင် သတိထားလို့ပြောတာပါ။ထိုအတူ ပညာရှိတွေ အမျက်ထွက်လာလျင် သတိထားပေးတော့ မိမိတို့အရမ်းဒုက္ခရောက်လိမ့်မည်။သို့ဖြစ်ပါသော်ကြောင့် မဟောင်တဲ့ခွေး ငြိမ်နေတဲ့ရေတွေကို သတိထားပါလို့ပြောပါရစေ။

(စကားလက်ဆောင်)

အဆုံးကိုကြည့် အစ သိ။

ဆာနေတဲ့ဗိုက် နားရွက်မပါ။

မဟောင်တဲ့ခွေး၊ငြိမ်နေတဲ့ရေ သတိထား။

အစဉ်ကြိုးစားလျက်
Author tunnaingwin
Msc.100

Sort:  

ဟောင်လွန်းတဲ့ ခွေး လူမလေး တဲ့

ဟုတ်တယ်အကိုရေ

မှတ်သားဖွယ်ရာစကားများပါ

ကျေးဇူး

ဆာနေတဲ့ဗိုက် နားရွက်မပါဆိုတာတော့ အခုမှ ကြားဖူးတာဘဲ ကိုအေးရေ

ဟိဟိ ဒါဆိုရေ
းရကြိုးနပ်တယ်မစု

ဟုတ်မစု

အချက်သုံးချက်လုံးကို ပီပီပြင်ပြင် ရေးသားပြထားတာ အရမ်းကောင်းပါတယ်။မှတ်သားကြိုးစားကျင့်ကြံပါ့မယ်ခင်ဗျာ။

ဟုတ်သားနော် ဗိုက်မှာ နားရွက်မှမပါတာပဲ ဘယ်ကြားလိမ့်မတုံး

ဟီး ဟုတ်တယ်နော်အကို

ဟုတ်အကို

ငတ်မရှက်ဆိုတာမျိုးပေါ့ဗျာ

ဟုတ်​ပ မ​ဟောင်​တဲ့​ခွေးဆို သထိထား​နေရတယ်​ လစ်​ရင်​ လိုက်​ဆွဲလွန်းလို့😁😁

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 63547.08
ETH 3070.13
USDT 1.00
SBD 3.83