သနပ်ခါးပင် ဘယ်လိုပျိုးမှာလဲ ? (ဒုတိယပိုင်း)steemCreated with Sketch.

in #myanmar7 years ago (edited)

ဖေဖေ ဖေဖေ ဘယ်မှာလဲဗျ ---
ဝေးရှိတယ် သားကြီး ဖေဖေ နွားတင်းကုတ်မှာ နွားစာထည့်ကြွေးနေတာ ---

image
သြော်... ဟုတ်ကဲ့ဖေဖေ ပြီးရင်ဒီဘက်လာခဲ့
လေ ရေနွေကြမ်း ထည့်ထားတယ် ဗျ ... 6:30Pm ညစာစားပြီး ဖြစ်လို့ ကျနော်တို့ ယာခင်းစောင့် တဲကလေးဘေးနားက ထနှောင်းပင်အောက်မှာရှိတဲ့ ဖေဖေ ပြုလုပ်ထားတဲ့ ထန်းဘလတ် ကွတ်ပစ် လေးပေါ်မှာ Sony Radio လေးနဲ့ ပတ္တမြား FM ကထုတ်လွင့်ပေးတဲ့ သီချင်းလေးတွေနားထောင်ရင်း ကျနော် ဖေဖေနဲ့အတူ တစ်နေ့တာပင်ပန်းနွမ်းနယ်သမျှ တစ်ညတာ အတွက် ခန္ဓာဝန် မမှေးစက်ခင်လေး ရေနွေးကြမ်း သောက်ကာ စကားလက်ဆုံပြောဖို့စောင့်နေလိုက်ပါတယ် ။
image
image
သားကြီး ... သီချင်းလေးခဏ ပိတ်ပြီး BBC လိုင်းလေးပြောင်းကွာ သတင်းလေးဘာလေးနားထောင်ရအောင် --- ဟော ဖေဖေ ရောက်လာပြီပဲ ဟုတ်ကဲ့ဖေဖေ ကျနော်တို့ အညာချောကလပ် လေးစားပြီး ရေနွေးကြမ်းလေး သောက်ပါအုန်းဗျ ရေနွေးကြမ်း ပန်းကန်လေး နဲ့ ထန်လျက်ခဲ ထည့်ထားတဲ့ ဗူးလေးဖေဖေ့ ဘက်ကိုတိုးပေးလိုက်ပါတယ် ... အေးအေး ပြီးရင်တော့
စောစောလေး အိပ်ကြမယ်ဟေ့ ... အာဖေဖေကလဲ မနက်ရေစည်မတိုက်ရဘူးလေဗျာ အေးဆေးအိပ်လို့ရတာပဲ ... ကျနော်ဖေဖေ့ ကိုပြောစရာရှိလို့ပါ ကျနော်တို့ နောက်နှစ်တွေ သနပ်ခါးပျိုး ရင် သီတင်းကျွတ် လထဲလောက်ပျိုး ရင်မကောင်းဘူးလားဗျ ... အဟေ့ ဘာဖြစ်လို့လဲကွ (ဖေဖေကရယ်လျက်) ဘာဖြစ်ရမှာလဲ ဖေဖေရာ ခုပဲကြည့်လေ ဆောင်းကုန်နွေကူးဆိုတော့ ကျနော်တို့ လယ်ကန်လေးကလဲ ရေမရှိတော့ဘူးလေ ရာသီဥတုကလဲ တဖြေဖြေ ပိုလို့ပူလာတယ် လေဗျာ သတင်ကျွတ်လထဲဆိုရင် လယ်ကန်လဲရေရှိတယ် မိုးလဲရွာတော့ ရေလဲ ခုလောက်ထိလောင်းစရာမလိုတော့ဘူးပေါ့ ...
အေးပေါ့လေ သာကြီး ပြောသလို လုပ်လို့ရရင်တော့ ကောင်းတာပေါ့ကွာ ဒါပေမဲ့ သနပ်ခါးပျိုး ကအဲချိန်ပျိုးလို့ အဆင်မပြေဘူးသားကြီးရဲ့ သနပ်ခါး ပျိုးက ခုလိုနွေဦး အပူချိန် လေးနဲ့မှပျိုးလို့ရတာ သားကြီးပြောသလို မိုးတွင်းပျိုး ရင် ဆောင်းဝင်တာနဲ့ အအေးကိုင်သွားတတ်တယ် ... ပျိုးအိပ်ရေလောင်ရင်လဲအဲဒါကြောင့် အိပ်တဝက်လောက်ရေးအစိုဓါတ်ထားပြီးစပျိုးတာ ဖေဖေ --- အေးဟုတ်တယ် ပျိုးပြီးနောက်ရက်တွေရေလောင်းရင်းနဲ့ မှအစိုဓါတ်အကုန်ရသွားလမ့်မယ် --- စကားကောင်းနေလိုက်တာ တို့သားအဖ ရွာဘက်စီက ဘုန်းကြီးရဲ့ အော်ကင်နာရီး ထိုးသံ ၁၁ ချက်ကြားလိုက်တာနဲ့ပဲ ... ကဲကဲ သားကြီးရေညလဲ နက်ပြီတို့သားအဖ အိပ်ကြရအောင်ကွာ---
တနေ့တော့ တို့သားအဖစိုက်တဲ့ သနပ်ခါး ကို
မင့် အရီး နဲ့ မေမေ လမ်းရမှာပါ
ဟုတ်ကဲ့ ဖေဖေ ...
ဆက်လက်ကြိုးစားပါအုန်းမယ်ခင်ဗျ *****

Own writer ; @thihakoko

image
image

Sort:  

D

D

D

D

D

D v

D

good

nice

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.031
BTC 58861.70
ETH 2499.51
USDT 1.00
SBD 2.48