The Naked Truth

in #myanmar5 years ago (edited)

၁၉ ရာစု ဒဏ္ဍာရီလာတစ်ခုအရ တစ်နေ့ မှာ အမှန်တရားနဲ့ 
မုသားတို့ တွေ့ ဆုံကြသတဲ့ . . . အဲဒီမှာ မုသားက အမှန်တရား
ကိုပြောလိုက်ပါတယ် . . . “တကယ်သာယာတဲ့ နေ့ ပဲနော်” ။
အမှန်တရားက ကောင်းကင်ကို မော့ကြည့်ပြီး သက်ပြင်းတစ်ချက်
ချမိသွားတယ် ဘာလို့ လဲဆိုတော့ အမှန်တကယ် ကြည်လင်
သာယာပြီး လှပနေလို့ ပါပဲ။ သူတို့ နှစ်ဦးဟာ အချိန်အတော်လေး
ကြာအောင် အတူရှိနေခဲ့ကြပြီး နောက်ဆုံးမှာတော့ ရေတွင်းတစ်တွင်း
ရဲ့ ဘေးကိုရောက်လာခဲ့ကြပါတယ်။အဲဒီအခါ မုသားက အမှန်တရားကို
”ရေကကြည်လင်ပြီး သန့် ရှင်းနေတာပဲ ၊ ရေအတူချိုးကြရအောင်လား”
ဆိုပြီး ပြောလိုက်တော့ အမှန်တရားက သံသယထပ်ဝင်ပြီး ရေကို
ကြည့်လိုက်တဲ့အခါ ရေကတကယ်ကို ကြည်လင်ပြီးသန့် ရှင်းနေပါတယ်။
အဲဒီလိုနဲ့  သူတို့ နှစ်ယောက်ဟာ အဝတ်အစားတွေ ချွတ်ပြီး ရေအတူ
ဆင်းချိုးကြသတဲ့။ ရေချိုးနေရင်းနဲ့ ပဲ မုသားဟာ ရေတွင်းထဲက
ရုတ်တရက် ခုန်ထွက်ကာ အမှန်တရားရဲ့ အဝတ်အစားတွေကို
ယူဝတ်ပြီး အဝေးကိုထွက်ပြေးသွားပါတော့တယ်။

ဒေါသအလွန်အမင်းထွက်နေတဲ့ အမှန်တရားဟာ ရေတွင်းထဲက
ထွက်လိုက်လာပြီး သူ့ အဝတ်အစားတွေယူဝတ်သွားတဲ့ မုသားကို
နေရာအနှံ့ ပြေးလွှားရှာဖွေပါတယ်။ အဲဒီလိုရှာဖွေရင်းနဲ့  လူတွေဟာ
အကာအကွယ်မဲ့နေတဲ့ အမှန်တရားကိုတွေ့ လိုက်ရတဲ့အခါ
အထင်အမြင်သေးစွာ ဒေါသဖြစ်စွာနဲ့  မျက်နှာလွှဲသွားကြပါတယ်။
သနားစရာ အမှန်တရားဟာ ရှက်ရွံ့ တဲ့စိတ်ကြောင့် ရေတွင်းဆီကို
ပြန်သွားပြီး အဲဒီမှာပဲ ထာဝရ ပုန်းကွယ်ပြီးနေလိုက်ပါတော့တယ်။
အဲဒီအချိန်ကတည်းက မုသားဟာ အမှန်တရားရဲ့ အဝတ်အစားတွေကို
ဝတ်ရင်း ကမ္ဘာလောကတစ်လွှား လှည့်လည်သွားလာပြီး
လူတွေရဲ့ ဆန္ဒတွေကို ကျေနပ်နှစ်သက်အောင် လုပ်ပေးနေပါတော့တယ်
. . . ဘာဖြစ်လို့ လဲဆိုတော့ လူတွေဟာ ဘာတစ်ခုမှ ဆင်မြန်းထားခြင်း
မရှိတဲ့  အမှန်တရားကို ရင်မဆိုင်ချင်ကြလို့ ပါပဲ . . . ။

Translated from: http://steem.link/LDk1d
@thettinaung
MSC - 105

Posted using Partiko Android

Sort:  

မကြည့်ရဲဘူး ရှက်ရှက်ပေါ်နေတယ် 😁

Posted using Partiko Android

အမှန်တရားအတိုင်းရေချိုးပါ။ဂျီးပြောင်ပါတယ် 😁

Posted using Partiko Android

အမှန်တရားနဲ့  မုသား Photos'လေးတွေ မြင်ချင်လိုက်တာဗျာ

အယ့်လယ်

ကျနော်သာဆို မျက်နှာလွှဲဖြစ်မှာမဟုတ်ဘူး 😁

Posted using Partiko Android

ထိတယ်ဗျာ ရင်ထဲကို ကွတ်တိပဲ

Posted using Partiko Android

ဖတ်ပေးလို့ ကျေးဇူးပါဗျ

Posted using Partiko Android

ဒီ အမှန်​တရားအတိုင်း​နေမယ်​ဆိုရင်
စားဝတ်​​နေ​ရေးထဲမှာ အဝတ်​ကိုဖြုတ်​လိုက်​ရင်​ ပိုက်​ဆံကုန်​သက်​သာမယ်​​နော်

အသက်လည်းရှည်လောက်မယ်ဗျ Bro😁

Posted using Partiko Android

အမှန်တရားလေ... အမှန်တရား ဟိဟိ 😁

မုသားက ချိုမြိန်တယ် အမှန်တရားက ကြည့်ကောင်းတယ်😁

Posted using Partiko Android

ရေးသားပုံလေး မိုက်တယ်။

ကျေးဇူးပါဗျ ဖတ်ပေးလို့

Posted using Partiko Android

တွေးနေမိသည်

တွေးရင်တွေးသလောက် ခရီးရောက်ပါတယ်ဗျ ဒီစာစုက။

အမှန်တရားနဲ့ မုသားကို ဥပမာထားပြီး ရေးသားထားတာ အရမ်းကောင်းလှပါတယ်ခင်ဗျာ။Translated လုပ်တာဆိုပေမဲ့ စာအရေးအသား အဆင်ပြေချောမွေ့လှပါတယ်ခင်ဗျာ။

ကြိုးစားနေဆဲပါဗျ

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 63851.10
ETH 3059.36
USDT 1.00
SBD 3.85