အားကျခြင်း

in #myanmar6 years ago

တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်စုံတစ်ရာကိုများ အားကျတဲ့စိတ် ဖြစ်ဖူးကြမယ်ထင်ပါတယ်။ အားကျတဲ့စိတ်နဲ့ ဆက်စပ်ပြီး
ပြောရမယ်ဆိုရင် ငယ်စဉ်က လူကြီးမိဘတွေရဲ့ ဆုံးမတတ်ကြတာလေး သွားသတိရမိပါတယ်။ စာတော်တဲ့သူတို့ ၊ နှစ်စဉ်ဆုရတဲ့
သူတို့အကြောင်းတွေ ပြောပြီး ကျနော့် ကို 'သူတို့ကိုအားမကျဘူးလား ၊ သူတို့ အဖေတွေ အမေတွေ ဘယ်လောက်ဂုဏ်ယူရလဲ၊
ဘယ်လိုဘယ်ချမ်းသာ ပေါ့ ' ပြောတတ်ကြပါတယ်။ မိဘတွေအနေနဲ့ ကလည်း ပြောရမယ်ဆိုရင် တော်တဲ့ ၊လိမ္မာတဲ့ ကလေးရဲ့
မိဘ ဖြစ်ချင်ကြမှာပါပဲ။ ကိုယ်ကိုယ်တိုင်အနေနဲ့ ကလည်း တော်ချင်တာပေါ့ဗျာ ၊ ဆုတွေလည်း ရချင်တာပေါ့ .... ဒါပေမယ့်
အထုံပါရမီ နည်းခဲ့တာကြောင့် ၈တန်းလောက်အထိ ဒီစာကို ဘာဖြစ်လို့သင်နေကြရတာလဲ ဆိုတာစဉ်းစားလို့ကိုမရခဲ့ဘူး။စာဆိုတာ
ကြိုးစားရကောင်းမှန်း မသိခဲ့ပါဘူး။ စာတော်တဲ့သူဆိုရင်ကို မျက်နှာကလည်း ပွင့်ပြီးသား ဆိုတော့ . . . . ဘယ်နေလိမ့်မတုန်း
အားကျခဲ့တာပေါ့ဗျာ။

IMG_0074.JPG

ဟိုလူ့အားကျလိုက် ဒီလူ့အားကျလိုက်နဲ့  . . . ကျောင်းတွေပြီး အလုပ်ခွင်ထဲရောက်တော့လည်း အထင်ကြီးအားကျတတ်တဲ့
အလုပ်ကြီးက ပါနေတုန်းပါပဲ။ ကိုယ့်ကိုယ်ကို motivation တစ်ခုအနေနဲ့ အချိန်တစ်ခုလောက်တော့ရပါရဲ့ဗျာ။ တွန်းအားတွေပဲ
ဆိုပါတော့ ။ဒါပေမယ့် ကျနော်တို့ဟာ အချိန်တိုင်း သူများတွေကို အားကျဖို့ မွေးဖွားလာတဲ့သူတွေ မဟုတ်ပါဘူး။ ကိုယ့်ဘဝနဲ့ 
ကိုယ်၊ ကိုယ့်အချိန်ဇယားနဲ့ ကိုယ် ဖြစ်နေကြတာပါပဲ။ ဘယ်လိုပဲ တစ်ခြားလူ တစ်ယောက်အောင်မြင်မှုရသလို
ကိုယ်ကိုယ်တိုင် ကြိုးစားပါစေအုံးတော့ အဲဒီလူအတိုင်း တစ်သွေမတိန်း အောင်မြင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့
ကျနော်ဟာ ကျနော်ကိုယ်တိုင်သာဖြစ်နေလို့ ပါ။ တစ်ခြားလူတစ်ယောက်မဟုတ်ပါဘူး။ ပြီးတော့ နောက်ထပ်ထည့်စဉ်းစားရမယ့်
dimension တွေရှိပါသေးတယ်။ အချိန်ဆိုတဲ့ dimension ရယ် ၊ ကံဆိုတဲ့ dimension ရယ်ပါ။ ကိုယ်လုပ်နေတဲ့အလုပ်ကိုသာ
အကောင်းဆုံးလုပ်နေဖို့ပဲ လိုအပ်ပါတယ်။ ဒီအချိန်မှာ ကိုယ့်ထက်ဝင်ငွေများတဲ့ သူတွေဟာ နောက် ၅ နှစ်လောက်ကြာရင်
ကိုယ်ကသူ့ထက်ဝင်ငွေ ပိုကောင်းသွားနိုင်ပါတယ်။ ယခုအချိန်လောက်လည်း ကိုယ့်ဝင်ငွေ ရှိချင်မှ ရှိလိမ့်မယ်။ အပြောင်းအလဲ
ဆိုတဲ့ ကံတရားအောက်မှာ ကြံ့ကြံ့ခံပြီး တည်ငြိမ်စွာ ဖြတ်သန်းဖို့ ပဲ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာဘဝမို့ လို့ပါ။
ထွေထူးပြီးအားကျ အထင်ကြီးစရာ မလိုပါဘူး။ ဖြစ်သင့်တာက မုဒိတာဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို သိအောင်လုပ်ပြီး
ကိုယ့်လမ်းကြောင်းကို ပြီးအောင် လျှောက်လှမ်းရမှာပါ။ဒီလိုလုပ်နိုင်ပြီဆိုရင်တော့ ကျနော်တို့ဟာ ရင့်ကျက်လာပါပြီ။
တစ်နည်းအားဖြင့် ရင့်ကျက်လာတယ်ဆိုတာ ဘဝကိုတည်ငြိမ် အေးဆေးစွာ ဖြတ်သန်းတတ်လာပြီဆိုရမှာပါ။

IMG_0081.JPG

ပြီးတော့ ကြားဖူးတာလေးတစ်ခုက သူငယ်ချင်းအချင်းချင်း အားကျတဲ့စိတ်တွေ ဖြစ်ခဲ့ပြီဆိုရင် ဘာဖြစ်တတ်လဲဆိုတော့
အားကျခြင်းကနေတစ်ဆင့် သူ့လိုဖြစ်ချင်စိတ်တွေ ဖြစ်လာတတ်ပါတယ်။ တဖြည်းဖြည်းနဲ့  မနာလိုစိတ်အဖြစ် ပြောင်းလဲသွားတတ်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် ကျနော်တို့ ဘဝမှာ ရှားပါးလှတဲ့ တန်ဖိုးကြီးအရာတစ်ခုဖြစ်တဲ့ မိတ်ဆွေကောင်းတွေ
ဆုံးရှုံးရပါလိမ့်မယ်။ ဒီလိုဖြစ်တာက ကိုယ့်ကိုယ်ကို ဆုံးရှုံးနစ်နာစေခြင်းတစ်မျိုးပါပဲ။
တစ်ခြားတစ်ယောက်ရဲ့ အောင်မြင်မှုပျော်ရွှင်မှုတွေဟာ မိမိအတွက် ဖိအားမဟုတ်ပါဘူး။ မုဒိတာပွားရမှာပါ ။ကိုယ့်အလုပ်
ကိုယ့်စီးပွားရေးကို တစ်ရက်ထက်တစ်ရက် အကောင်းဆုံးလုပ်ဖို့ ပဲ လိုအပ်ပါတယ်လို့ ရေးသားလိုက်ရပါတယ်။

@thettinaung
MSC - 105

Sort:  

တစ်ပတ်တစ်ပို့စ်လောက်တော့ တင်ဖြစ်အောင် တင်စေချင်ပါတယ်

ဟုတ်​ကဲ့ Bro ​ရေးပါ့မယ်

အားကျစရာတွေကတော့ အများကြီးပါဗျာ

မှန်ပါတယ် ဘရို

အားကျလွန်းရင် မကောင်းတဲ့ဘက်ရောက်သွားတက်တာကို သတိထားပါ့မယ်ဗျ

ဟုတ်ကဲ့ပါဗျ

မှန်ပါတယ် သားလေး
အားကျတဲ့စိတ်လေးကို အမြဲကြိုးစားပါ့မယ်

ဖတ်ပေးလို့ ကျေးဇူးပါခင်ဗျ

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.033
BTC 64275.02
ETH 3139.81
USDT 1.00
SBD 4.14