MSC Gathering Plan
မင်္ဂလာပါ MSC မိသားစုခင်ဗျား
MSC Gathering အတွက် အစီစဉ်ကိုကြေငြာချင်ပါတယ်။
ကျနော်တို့ MSC တနှစ်ပြည့်မွေးနေ့သည် ပုဂံတွင်စီစဉ်ထားပါသည်။
3.8.2018 ရက်နေ့ သောကြာနေ့ တွင် စတင်ပုဂံတွင်စံဖို့စီစဉ်ထားပါသည်။
အနယ်နယ်အရပ်ရပ်မှဖြစ်သောကြောင့် မိမိနေရပ်မှ အဆင်ပြေသလိုလာကြပါ။
သိသလောက်အချိန်များ ဆိုလျှင်တော့
မန္တလေးမှဆိုလျှင်တော့ဖြင့် 5 or 6 hour ကြာမြင့်ပါတယ် သောကြာနေ့မနက်စောစော ကားစီးလာစေချင်ပါတယ်။ နေ့လယ်ပိုင်းရောက်မှာပါ။
ရန်ကုန်မှဆိုလျှင် ကြာသာပတေး ညပိုင်း ကားစီး မနက်ရောက်ပါ။ သောကြာနေ့မှဆိုလည်း စနေမနက်ရောက်မှာပါ။
သောကြာနေညနေရောက်သူများ အနီးအနားမှ ဘူးဘုရားမှ sunset ကြည့်လိုကကြည့်နိုင်သလို ဧရာဝတီမြစ်အတွင်း လှေစီးကာ ရေလယ်ကကြည့်ကြသည်များလည်းရှိပါသည်။
အစီစဉ်အနေနဲ့တော့သောကြာနေ့အတွက်လူမစုံသဖြင့် မိမိအဆင်ပြေရာအခန်းယူရင်း အတော်ကြာနေ့စဉ်စကားပြောခင်မင်ခဲ့ကြသောသူများအား အီးဖက်တွေမပါပဲ နှုတ်ဆက် စကားပြောကြတာပေါ့။
ကျနော်မြင်ယောင်ပါသေးတယ် ကပ်ပီး ဟုတ်မှဟုတ်ပမလားလုပ်နေကြမှာဖြင့်။
Facebook အများအားဖြင့် facebook နဲ့အပြင်ကို မတူအောင် Android တွေက လိမ်ပေးနေတာလေ။
MSC ရဲ့ အင်္ကျီကိုတော့ဖြင့် ထိုနေ့တွင် sbd ဖြင့်ဝယ်ယူနိုင်ပါသည်။
4.8.2018
နောက်တရက်
စနေနေ့မနက် အာရုဏ်တက်တွင် MSC မိသားစု အတူတကွ ကုသိုလ်ယူခြင်းအလို့ငှါ
ဘုံဆွမ်းလောင်းလှုပါမည်။
မိမိအနေဖြင့် အခြားလှုဖွယ်ပစ္စည်းများ လောင်းလှုမည်ဆိုပါက ကြိုတင်ဝယ်ယူခဲ့ပါရန်။
ထို့နောက် နေ့လယ် စာမစားခင်
Leader Ko @kachinhenry မှ MSC ရှေ့ရေးအတွက် ဆွေးနွေးမည်ဖြစ်ပါသည်။
ထို့နောက်တွင်တော့ ကျနော်များ MSC မိသားစု မောင်နုမများ ပျော်ပျော်ရွင်ရွင် ဂိမ်းကစားကြပါမည်။ ထိုနေ့တွင် MSC မိသားစု အဖွဲ့လိုက် ဓာတ်ပုံရိုက်ပါမည်။ အားလုံးပါစေချင်ပါတယ်။
ကျနော်ကတော့ဖြင့် စီစဉ်စရာရှိတာစီစဉ်ရမှာမို့ မပါပါဘူး။
(ဟိုလူတွေ ဆေးထိုးမို့ကြံနေတာသိတာပေါ့)
5.8.2018
နောက်တရက် တနင်္ဂနွေနေ့တော့ဖြင့် မနက်အစော အာရုံဏ်တက်တွင် ဆွမ်းလောင်းပါမည်။
အသင့်ငှါးထားသော ကားဖြင့် ပုဂံဘုရားများ မိသားစုမောင်နုမများ အတူတကွ ပျော်ပျော်ရွင်ရွင်
လှည့်လည်ဖူးမျှော်ပါမည်။
ပျော်ရွင်စွာလည်ပတ်ပီးနောက်တွင်တော့ ညနေပိုင်းတွင်တော့ နှုတ်ဆက်ခွဲခွာချိန်ရောက်ပါပီ။ မနက်ရုံးတတ်ရမည့်သူများ မအားလပ်သူများအပါအဝင် အားလုံး နောက်တခါဆုံဖို့ ဒီတခါခွဲခွာကြရပါမည်။
တနင်္လာနေ့ မနက်မှ ပြန်မည်ဆိုလည်း ပြန်နိုင်ပါသည်။
အပီးအပိုင် ဘုန်းကြီးဝတ်မယ်ဆိုသူများတော့ဖြင့် ဒိုမီလေးဆီကိုစာရင်းပေးကြပါ။ သူနဲ့အတူဝတ်မည့်သူရှာနေလို့ပါ။
Firday ---------free Dinner
Sataday------ free lunch, free Dinner
Sunday------- free lunch, free Dinner
ကဲ အစီအစဉ် ဖတ်ကြည့်ပီး လိုက်မယ်ဆိုရင်တော့ဖြင့် ကျွန်တော့ messenger တွင် စာရင်းပေးထားနိုင်ပါပီ။
အခြားသော မရှင်းတာများ မေးရန်လိုအပ်ပါက
ကျနော် ph 09797488680သို့မေးမြန်းနိုင်ပါသည်။
That Ko Zaw
MSC No 005
အစီအစဉ်တွေ ကောင်းတယ် ကသက်ရေ msc မိသားစုတွေ တွေ့ဆုံကျရမှာမို့ ပျော်စရာပါ
ပျော်စရာကြီးနေမှာ😊😊
အင်္ကျီတစ်ထည်ကို sbd ဘယ်လောက်လည်း.....ဟင်..!
မိုးရွာမှာပဲစိုးရတယ်
Congratulations @thatkozaw! You have received a personal award!
Click on the badge to view your Board of Honor.
Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - The results, the winners and the prizes