ကျောင်းဖွင့်ချိန်

in #myanmar6 years ago

ပန်းကလေးများ ပွင့်တော့မည်
ဖူးတံဝင့်လို့ ချီ
နေခြည်မှာ ရွှေရည်လောင်း
ငါတို့ စာသင်ကျောင်း ……

မနက်ဖြန်ဆို ကလေးများကျောင်းစတက်တော့ရမည်ဟု သိရတာနဲ့ နားထဲမှာ ကျောင်းရှေ့က ကျနော်ဖြတ်လိုက်ရင် ကလေးတွေဆိုနေကြ သူငယ်တန်းဖတ်စာထဲက ကဗျာကို ပြန်ကြားလိုက်မိတယ် ။

မိဘတွေဟာ ငယ်စဉ်ကထဲက ကိုယ့်သားသမီး ပညာရေးတိုးတက်စေတဲ့ရည်ရွယ်ချက်နဲ့ အင်တိုက်အားတိုက်ကို ခုလိုကျောင်းဖွင့်ရက်မှာ ပိုပြီးမြင်သာပါတယ် ။

သူငယ်တန်းမှလေးတန်းထိ ကိုယ့်သားသမီးအတွက် ကျောင်းဖွင့်ရက် အစပထမရက်တွေမှာ ခုံကိုရှေ့နေရာကနေထိုင်နိုင်ရန်အတွက် မိဘတွေကိုယ်တိုင်က အစောထပြီး ကျောင်းက ကိုယ့်သားသမီးသင်မယ့် အတန်းမှာ စာသင်ရင် ထိုင်မယ့်ခုံကို နေရာဦးရတာက အလုပ်တခုပါ ။

ကျနော်မောင်သက်သည်လည်း သားတယောက်ဖခင်ဆိုတော့ ကိုယ့်သားလေးရှေ့ကထိုင်ပြီး စာသင်နိုင်ရေးအတွက် ခုံနေရာဦးအောင်ယူဘို့  အိမ်က မဟေသီကို တိုက်တွန်းရပေအုံးမယ်ဗျာ ။ သူလည်း အမေတယောက်ဖြစ်သောကြောင့် တိုက်တွန်းစရာလိုမည်တော့ မထင်ပါ ။

2629361_S.jpg

crd org source

မင်္ဂလာပါ MSC မိသားစုကြီးခင်ဗျာ ။

@thatkozaw

MSC 005

Sort:  

ကျောင်းအပ်​ရာသီ ​ရောက်​ပီ😊

အကြို အပို့ လုပ်‌ရ‌တော့မှာ‌ပေါ့။

ငယ်ငယ်က အဲ့ဒီကဗျာလေးဆိုနေရင် ကျောင်းသွားရ
တာ အရမ်းပျော်တယ် ကိုသက်

Well done @thatkozaw! You successfully guessed the match result.

Group Phase - Egypt vs Uruguay
Click on the badge to view your Board of Honor.

Do not miss the last post from @steemitboard!

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64320.07
ETH 3154.23
USDT 1.00
SBD 4.34