ကျွန်တော်နှင့် ၃လသား ''Steemit" အပိုင်း ၁-[original post by @thantzin(moehlaing)]
in #myanmar7 years ago (edited)
DQmQ5ztRZaBc8FKECk6tHQWXs2u4oSyxQgdUv4FRQ2PwFhz.jpg
zawgi;
မင်္ဂလာပါ ခင်ဗျ။
******--------******--------******---------
DQmQ5ztRZaBc8FKECk6tHQWXs2u4oSyxQgdUv4FRQ2PwFhz.jpg
unicode;
မင်္ဂလာပါ ခင်ဗျ။
ဘာလိုလိုနဲ့ ကျွန်တော် ''Steemit Social Network'' ပေါ်ရောက်ရှိလာတာ ၃လ လောက်ရှိလာပါပြီ။ကျွန်တော့ရဲ့ ''Steemit'' နဲ့ ၃လတာ အတွေ့အကြုံလေးတွေ မျှဝေဖို့ စိတ်ကူးပေါ်လာလို့ ဒီ ''Post'' လေး ရေးဖြစ်ပါတယ် ခင်ဗျ။
ကျွန်တော် ''Steemit'' ပေါ်ရောက်ရှိလာတာဟာ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ မိတ်ဆက်ပေးမှုနဲ့ ရောက်ရှိလာတာ မဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ ကျွန်တော်နေထိုင်တဲ့ ညောင်ရမ်းဆိုတဲ့ တောရွာလေးမှာ ''Steemit'' ဆိုတာ အဲဒီအချိန်က ကျွန်တော်အပါအဝင် ဘယ်သူမှ မသိကြလို့ပါ။ကျွန်တော် ''Steemit Platform'' ပေါ်ကို ကံကောင်းထောက်မပြီးတော့ အယောင်ယောင်အမှားမှားနဲ့ အမှတ်မထင် ရောက်လာတာပါ။
beautiful_spring_flowers_2-wallpaper-800x480.jpg
ဒီလိုပါ။လွန်ခဲ့တဲ့ ၃လလောက်က ''Online'' ငွေရှာ ''Group'' တစ်ခုရဲ့ ''Post'' တစ်ခုအောက်က ''Comments'' တွေမှာ ''Facebook User'' နှစ်ယောက်(ဘယ်သူတွေလည်းဆိုတာတော့ မမှတ်မိတော့ဘူးဗျ)အပြန်အလှန်ပြောထားတဲ့ စကားလေးတွေ သွားတွေ့တယ်ဗျ။သူတို့ပြောနေတဲ့အကြောင်းအရာက အွန်လိုင်းငွေရှာတဲ့အလုပ်တွေထဲမှာ အလိမ်အညာတွေ၊''Scam'' တွေ များလွန်းလို့ စိတ်ပျက်မိတဲ့အကြောင်း၊''Scam''မကြောက်ရတဲ့ ရေရှည်လုပ်လို့ရနိုင်မယ့် ''Online'' ငွေရှာနည်းများရှိခဲ့ရင် ပေးကြပါလို့ တစ်ယောက်က မန့်တယ်။အဲဒီတော့ နောက်တစ်ယောက်က ''Scam'' မကြောက်ရတဲ့ အွန်လိုင်းငွေရှာနည်းတွေလည်း ရှိကြောင်း၊''Facebook'' လို ''Social Media'' သုံးရင်း ငွေရတဲ့ ''Futuer Net'' နဲ့ ''Steemit'' ဆိုတဲ့ ''Social Media'' နှစ်ခုရှိကြောင်း၊တစ်ချို့တွေလည်း အဲ့ဒီ ''Social Media'' တွေအသုံးပြုရင်းနဲ့ ဝင်ငွေတွေရနေကြောင်း ပြန်မန့်တယ်ဗျ။
''Scam'' မကြောက်ရတဲ့ ရေရှည် အွန်လိုင်ငွေရှာအလုပ်ဆိုတာ အတော်ရှားတာဆိုတော့ အဲဒီမှာတင်ပဲ ကျွန်တော် တော်တော်လေးစိတ်ဝင်စားသွားတယ်ဗျ။မိတ်ဆွေတို့သိတဲ့အတိုင်းပဲ။ကျွန်တော်က လူစပ်စုလေဗျာ။ထုံးစံအတိုင်း စပ်စုတော့တာပေါ့။ပထမဦးဆုံး ကျွန်တော် ''Future Net'' ကို စပြီးလေ့လာမိတယ်ဗျ။အွန်လိုင်းပေါ်က ''Future Net'' ဆရာကြီးတစ်ယောက်ဆီ စုံစမ်းကြည့်တော့ သူက လမ်းညွှန်ပေးပါတယ်။ဒါပေမယ့် ''Future Net'' က အနည်းဆုံး "10 US$" ထည့်ရမယ် ဆိုလားပဲဗျ။အမှန်အတိုင်းပြောရရင် ''ရတာမရတာက ဘယ်ဆီနေမှန်းမသိ။ကိုယ်က ငွေအရင်ထည့်ရမယ်''ဆိုတော့ သိပ်တော့ ဘဝင်မကျတော့ဘူးဗျ။အဲဒါနဲ့ ကျွန်တော် ''Future Net'' မလုပ်ဖြစ်တော့ဘူး။
tributo-la-primavera-con-flores-mariposas-de-colores-mariposas-248575947.jpg
အဲဒီနောက် စိတ်မပါ့တပါနဲ့ပဲ ''Steemit'' ကို စပြီး လေ့လာဖြစ်ပါတယ်။ဘာလိုစိတ်မပါသလဲဆိုတော့ မိတ်ဆွေတို့စဉ်းစားကြည့်လေ။ကိုယ်က အွန်လိုင်း ငွေရှာတယ်ဆိုတာ သူ့ဆီက ငွေလိုချင်လို့ မဟုတ်လား။အဲဒါကို သူ့ဆီက ငွေက ဘယ်တော့မှ ရမှန်းမသိ။ကိုယ့်ဆီက ငွေအရင်ထည့်ရမယ်ဆိုတော့ စိတ်ပျက်စရာမဟုတ်လား။ကိုယ်ကငွေအရင်ပေးရမယ်ဆိုရင် ''Investment'' ဖြစ်သွားပြီလေ။''Online Investment''ကတော့ ဒီတသက်လုပ်ဖို့ စိတ်ကူးမထားဘူး။''Online Investment'' လုပ်မယ့်အစား ကိုယ်ကိုယ်တိုင်ပဲ ''Cryptocurrencies'' တွေ ''Trade'' မှာပေါ့ဗျာ။ဟုတ်ဖူးလား။
''Steemit'' စလေ့လာဖြစ်တော့ ''Facebook'' မှာ ''Steemit Group'' တွေ တွေ့ရပါတယ်။အဲဒါနဲ့ ''Steemit Group'' တစ်ခု ''Join'' လိုက်တယ်။''Group'' ထဲက ''Post'' တွေ လိုက်ကြည့်လိုက်တော့ ကျွန်တော့ ''Post''လေး ''Vote'' ကြပါဦး။ကျွန်တော်လည်း ပြန် ''Vote'' ပေးပါ့မယ် ဆိုတာတွေပဲ တွေ့ရတယ်။''Steemit'' အကြောင်းရေးထားတဲ့ ''Post'' မပါ။ခက်ပြီ။ဘယ်သူ့မေးလို့ မေးရမှန်းလဲမသိ။ပြီးတော့မှ သိရတယ်။ကိုယ် ''Join''ထားတဲ့ ''Group'' က ''Steemit Link Share'' တဲ့ ''Group'' ဖြစ်နေတာကိုး။
နောက်ထပ် ''Steemit Group'' တစ်ခု ထပ် ''Join'' ရပြန်တယ်။ဒီလိုနဲ့ ကျွန်တော် ''Steemit Myanmar Group'' ထဲရောက်လာခဲ့တယ်ဗျ။
Screenshot_2017-10-12-15-59-42-395_com.facebook.katana.png
''Steemit Myanmar Group'' ထဲရောက်တော့ ထုံးစံအတိုင်း ''Post'' တွေ လိုက်ဖတ်ပါတယ်။အဲဒီမှာ ကိုသက်ဇော်(Waz Ok Thet)က ကိုဟင်နရီ(Kachin Henry Aung)ရဲ့ ''Steemit Post'''တွေကို ''Facebook'' မှာ ပြန် ''Share'' ထားတာတွေ ဖတ်ရတယ်။အစတုန်းက ''Waz Ok Thet''ကို ''ဝက်ဇ်အော့က်သက်''လို့ အသံထွက်ဖတ်လိုက်တော့ ဒီနာမည်မျိုးအပြင်မှာ မကြားဖူးပါဘူး။ဒီနာမည်သာ အပြင်ကနာမည်အမှန်ဆိုရင်တော့ ဒီလူ လူထူးဆန်းပဲလို့တောင် စိတ်ထဲထင်မိသေးတယ်။ပြီးတော့မှ ကိုယ့်ဆရာက နာမည်ကို ပြောင်းပြန်ရေးထားမှန်းသိရတယ်။တကယ်တော့ ကိုသက်ဇော်နဲ့ ကိုဟင်နရီတို့ဟာ ''Steemit''မှာ ကျွန်တော့်ရဲ့ သင်ဆရာမဟုတ်ပေမယ့် မြင်ဆရာ၊ကြားဆရာတွေပါပဲ။သူတို့နှစ်ယောက်ကျေးဇူးတွေ ကျွန်တော့်အပေါ်မှာ ရှိပါတယ်။ကိုသက်ဇော်နဲ့ ကိုဟင်နရီကို အထူးပဲကျေးဇူးတင်ပါတယ် ခင်ဗျ။
ဟုတ်ကဲ့။အဲဒီအချိန်အထိ ကျွန်တော် ''Steemit Account'' မဖွင့်ရသေးပါဘူး။ကိုသက်ဇော် ပြန်''Share''ထားတဲ့ ကိုဟင်နရီရဲ့ ''Post'' တွေဖတ်ရတာလည်း တော်တော်လေးအားတက်စရာကောင်းသဗျ။အဲဒါနဲ့ ကျွန်တော်လည်း ''Steemit Account'' တစ်ခု စဖွင့်ပါတယ်။လေး၊ငါး ရက်လောက်ကြာတော့ ''Steemit Account'' တစ်ခုရပါတယ်။ဘာနာမည်နဲ့မှန်းတောင် မမှတ်မိတော့ပါဘူး။''Introducing Pose'' လေးတစ်ခုတင်ပြီး ''Account'' ပျက်သွားပါရောလား။အဲဒီလို စောစောစီးစီး ''Account'' ပျက်သွားတာ ကံကောင်းတယ်လို့ပြောရမယ်။အချိန်ကြာမှ ''Wallet''ထဲ ''Steem'' နဲ့ ''Sbd'' တွေအများကြီးရှိလာတဲ့အချိန်မှ ''Account'' ပျက်သွားရင် နှမြောစရာ မဟုတ်လား။
Screenshot_2017-10-12-15-48-07-739_com.UCMobile.intl.png
''Account'' ဘာ့ကြောင့်ပျက်လည်းဆိုတော့ ''Chrome Browser'' ကို မှားပြီး ''Uninstall'' လုပ်မိလိုက်လို့ပါ။''Browser'' ကို ''Uninstall'' လုပ်ရုံနဲ့ ''Account'' မပျက်ဘူးဆိုတာ မိတ်ဆွေတို့လည်း သိပြီးသားဖြစ်မှာပါ။ကျွန်တော်အဖြစ်က ဒီလိုဗျ။''Email'' မှာ ''Account'' ရနေပါပြီလို့ စာပို့ပြီးတော့ ''Link''တစ်ခု ပေးထားပါတယ်။အဲဒီ ''Link'' အတိုင်းသွားလိုက်တဲ့အခါ ''Steemit Account'' ရဲ့ ''Password or Private Key'' ပေးထားတာတွေ့ရပါတယ်။ကျွန်တော်လည်း သေသေချာချာကို ကူးပြီးမှတ်ထားပြီးတဲ့နောက် ''Creat Account'' ကို နှိပ်ပါတယ်။အဲဒီနောက် ''Loading'' ဖတ်နေတယ်ပေါ့ဗျာ။ဖြစ်ချင်တော့ အဲဒီအချိန်က လိုင်းသိပ်မကောင်းတော့ ''Loading'' ဖတ်တာ အရမ်းကြာနေတယ်ဗျ။အဲဒါနဲ့ စိတ်မရှည်လို့ ''Page'' ကို ''Refresh'' လုပ်လိုက်တယ်။တကယ်တော့ အဲဒီလို ''Refresh'' လုပ်လိုက်ရင် ''Steemit Account'' ဖွင့်တဲ့ ''Page'' က အသစ်ပြန်ဖြစ်သွားပြီး ''Password or Private Key'' တွေပါ အသစ်ပြောင်းသွား သဗျ။ကျွန်တော်လည်း ပထမဦးဆုံးအကြိမ် ''Steemit Account'' လုပ်တာဆိုတော့ အဲဒါကို သိလည်းမသိသလို သတိလည်း မထားမိဘူးဗျ။ဒီလိုနဲ့ ကျွန်တော်မှတ်ထားတဲ့ ပထမဦးဆုံး ''Steemit Account'' ရဲ့ ''Password'' က အလွဲကြီးဆိုတာ မသိပဲနဲ့ ကျွန်တော့ရဲ့ ပထမဦးဆုံး ''Steemit Account'' တစ်ခု ရရှိသွားပါတော့တယ်။
Screenshot_2017-10-12-15-54-37-610_com.UCMobile.intl.png
ကျွန်တော့ရဲ့ ''Steemit Account'' ဝင်ထားတဲ့ ''Page'' ကို ''Broser'' ရဲ့ ''Bookmark'' ထဲမှာ မှတ်ထားလိုက်ပါတယ်။အဲဒီနောက် ''Steemit Account'' ရပြီဆိုတော့ ''Post'' တင်ဖို့အတွက် ဘာရေးရမလဲဆိုပြီး ရေးမယ့်အကြောင်းအရာကို စဉ်းစားပါတယ်။၃ရက်လောက်သာ ကြာသွားတယ်။ဘာအကြောင်းရေးမယ်ဆိုတာ စဉ်းစားလို့ မရသေးဘူး။စဉ်းစားလို့မရဆို ကိုယ်က ပညာရှင်မှ မဟုတ်တာကိုး။ကျွန်တော်က ကျေးလက်တောရွာလေးတစ်ရွာက မထင်မရှား သာမန်ကျူရှင်ဆရာတစ်ယောက်ပါ။သိုင်းလောက စကားနဲ့ပြောရရင်တော့ ကျေးလက်က အညတရ သိုင်းသမားလေးပေါ့ဗျာ(ဟဲဟဲ)။ဒီလိုနဲ့ ဟိုအကြောင်းအရာလေး ရေးမယ် စဉ်းစားလိုက်။အစမ်းချရေးကြည့်လိုက်။မကြိုက်လို့ ပြန်ဖျက်လိုက်ပေါ့။
အမှန်အတိုင်းဝန်ခံရရင် ကျွန်တော်က စာရေးရမှာ ပျင်းသလို စာရေးတဲ့အတွေ့အကြုံကလည်း မရှိ။ရေးချင်တာ လွတ်လွတ်လပ်လပ်ရေးလို့ရတဲ့ ''Facebook'' ပေါ်မှာတောင် စာရေးရမှာပျင်းလို့ ''Post''တွေ သိပ်မတင်ဘူး။ကျွန်တော့ ''Facebook Account'' မှာ တင်ထားတဲ့၊''Share''ထားတဲ့ ''Post'' အများစုက ကျွန်တော့မိန်းမ တင်ထားတာ။ကျွန်တော်နဲ့ ကျွန်တော့မိန်းမက ''Facebook Account'' တစ်ခုတည်းကို ဖုန်း၂လုံးထဲ ထည့်ပြီးသုံးကြတာဗျ။ကဗျာဆန်ဆန်ပြောရရင်တော့ နှစ်ယောက်တစ်အိပ်မက်ပေါ့ဗျာ(ဟဲဟဲ)။
Screenshot_2017-10-12-16-10-23-417_com.facebook.katana.png
ဒီလိုနဲ့ပဲ ရေးမယ့်အကြောင်းအရားအရာကို နောက်မှ ဖြေးဖြေးချင်းစဉ်းစားပြီးရေးမယ်။ခုလောလောဆယ် ''Introducing Post'' လေးရေးတင်ဦးမှပဲလို့ စဉ်းစားမိတဲ့အတွက် ''Introducing Post'' လေးရေးပြီးတင်လိုက်ပါတယ်။''Upvoting'' လေး၊ငါးခုလောက်တော့ ရတယ်ထင်တာပဲ။အဲဒီနောက် ကိုယ်ရေးမယ့်အကြောင်းအရာ စဉ်းစားနေဆဲမှာပဲ ''Chrome Browser'' ကို မှားပြီး ''Uninstall'' လုပ်မိသွားတယ်။စိတ်ထဲမှာတော့ ကိုယ့်ဆီမှာ ''Steemit Account'' က ''Password'' ရှိနေပြီးသားပဲ။ဗလာစာအုပ်ထဲမှာကို သေသေချာချာရေးပြီး မှတ်ထားတာ။ အေးဆေးပဲလို့ ထင်နေတာ။ဒါပေမယ့် ကျွန်တော်သေသေချာချာမှတ်ထားပါတယ်ဆိုတဲ့ ''Password'' က အလွဲကြီးဆိုတာ အဲဒီအချိန်အထိ ကျွန်တော်မသိသေးဘူးဗျ။''Chrome Browser'' ကို ''Install'' ပြန်လုပ်ပြီး ''Steemit Account'' ပြန်ဝင်ကြည့်တော့ ဝင်လို့မရတော့ပါဘူး။ကျွန်တော်သေချာပြန်စဉ်းစားကြည့်တော့ ''Steemit Account'' လုပ်တုန်းက ''Browser'' ကို ''Refresh'' လုပ်လိုက်မိတာလေး ပြန်သတိရမိတယ်။အဲဒီတစ်နေရာမှာပဲ အမှားအယွင်းရှိခဲ့တယ်။ကျန်တဲ့နေရာမှာ ဘာအမှားအယွင်းမှ မရှိခဲ့ဘူး ဆိုတာလည်းသိထားတယ်။နောက်ထပ် ''Steemit Account''တစ်ခု အသစ်ဖွင့်ရင်တော့ ''Browser'' ကို ''Refresh'' လုပ်ပြီး သေချာစမ်းကြည့်ဦးမှပဲလို့ စိတ်ထဲမှာ မှတ်ထားလိုက်တယ်။ဒီလိုနဲ့ ကျွန်တော် ''Steemit Account'' အသစ်တစ်ခု ထပ်ဖွင့်ရပြန်ပါတယ်။အဲဒီ ''Account'' ကတော့ ကျွန်တော်အခု လက်ရှိသုံးနေတဲ့ ''@thantzin'' ဆိုတဲ့ ''Account'' ပဲဖြစ်ပါတယ်။
ဟုတ်ကဲ့။စာလည်းတော်တော်ရှည်သွားပြီ ခင်ဗျ။အပိုင်း-၂ ကိုလည်း အားပေးပါဦး ခင်ဗျ။ကျွန်တော်ရဲ့ Post ကို ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျ။မိတ်ဆွေများအားလုံး ကျမ်းမာ ချမ်းသာပြီး မင်္ဂလာရှိတဲ့ နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ပါစေ ခင်ဗျ။
ချစ်ခင်လေးစားစွာဖြင့်-----
@thantzin(moehlaing)-MSC 055
DQmPtXrttsaY8DT7oJoJhxcEXnYzPH799ahaCzTdRBRBqy4.jpg
Sort:  
ယခုအချိန်မှာတော့ အောင်မြင်မှု့ရရှိနေပီဖြစ်ပါကြောင်း ကိုသန့်ဇင်အစား ကြေငြာသွား၏
ပုံ
ထန်းတောက သာအေး
ခုမှ စလုံးရေစ ရှိပါသေးတယ် ခင်ဗျာ။
အားပေးတဲ့အတွက် ကျေးဇူးပါ ကိုသာအေးရေ!
အရင်က အတွေ့အကြုံတွေက အခုတော့ အမှတ်တရတွေ ဖြစ်ကုန်ပြီပေါ့။ ကျွန်မလည်း အရင်က password မှားလို့ account ထဲ ဝင်မရဖြစ်ခဲ့ဖူးပါတယ်။ ကိုသက်ဇော် အကူအညီကြောင့်ပဲ ပြန်ဝင်လို့ရခဲ့တာပါ။ ကိုသက်ဇော်ကိုလည်း တကယ်ကျေးဇူးတင်ပါတယ်။
ဟုတ်ကဲ့။အတွေ့အကြုံလေးတွေက အမှတ်တရပါပဲ။
အားပေးတဲ့အတွက် ကျေးဇူးပါ ခင်ဗျာ။
Congratulations @thantzin! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of comments
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word STOP
By upvoting this notification, you can help all Steemit users. Learn how here!
အတွေ့အကြုံတွေပေါ့
ဟုတ်ကဲ့။အတွေ့အကြုံတွေကတော့ ရပြီးရင်းရရင်းပါပဲဗျာ။
မန့် ရေးရင်း post တစ်ခုစာပြည့်တော့မှာကြောင့် ပြနန်ဖျက်ပြီး ပြန်ရေးနေရတယ် ကျွှန်တော်တို့လဲ ထို့ အတူပါ ဆရာ့ post က steemit စတုန်းက အကြောင်းလေးတွေ ပြန်ဖို့သတတိပေးလိုက်သလိုဘဲ ကျေးဇူးပါ
အားပေးတဲ့အတွက် ကျေးဇူးပါ ညီလေး dome ရေ!
Good Post bro!
အားပေးတဲ့အတွက် ကျေးဇူးပါ ခင်ဗျာ။
တော်​​သေးတာ​ပေါ့ဗျာ
ဟုတ်ပ ကိုအတာရေ။ကံကောင်းလို့!
ခုချိန်မှ အဲလိုဖြစ်ရင် နှမြောစရာဗျ!
Password ​သေချာမှတ်​ထားပါ အကို
ဟုတ်ကဲ့ပါ ညီလေးရေ!
အစတုန်းကတော့ ဘာမှ သိပ်မသိသေးဘူးလေ။ခုတော့ ''Password'' ကို မမှားအောင် သေသေချာချာ မှတ်ထားပါပြီ။
တော်သေးတယ် ဆရာ၊ အများကြီးရမှ ပျက်သွားရင် နှမြောစရာ။
ဟုတ်တယ် ဆရာရေ!ကံကောင်းလို့!
Thank you so much for sharing all this information! that's great! All the best! Waiting for more posts! :)
thanks for your support,friend!
Coin Marketplace
STEEM 0.30
TRX 0.11
JST 0.033
BTC 64275.05
ETH 3147.49
USDT 1.00
SBD 4.29