''Coinomi Wallet'' ကို အသုံးပြုခြင်း [original post by @thantzin(moehlaing)]

in #myanmar7 years ago (edited)

DQmQ5ztRZaBc8FKECk6tHQWXs2u4oSyxQgdUv4FRQ2PwFhz.jpg
zawgi;
မင်္ဂလာပါ ခင်ဗျ။
ဟိုတလောဆီက ''Steemit''ကညီလေးတစ်ယောက်က ကျွန်တော့်ဆီကို ''Messenger''ကနေ မေးထားပါတယ်။''Coinomi Wallet'' အကောင့် ဘယ်လိုဖွင့်ရလဲလို့ မေးထားတာပါ။ကျွန်တော့ ''Messenger''က ''Facebook'' မှာ ''Friend'' မဖြစ်ရင် မပေါ်ဘူးခင်ဗျ။နောက်တော့မှ သိရတာပါ။''Multicoin Wallet'' သို့မဟုတ် ''Coinomi'' အကြောင်းဆိုပြီး ကျွန်တော် အရင်က ''Post'' တစ်ခုတင်ဖူးပါတယ်။အောက်က ''Link'' မှာ ဖတ်ရှုနိုင်ပါတယ်။
https://steemit.com/myanmar/@thantzin/multi-coin-wallet-thomhut-coinomi-original-post-by-thantzin-moehlaing
အဲဒါနဲ့ ကျွန်တော်လည်း ကျွန်တော်ရေးထားတာ ပြန်ဖတ်ကြည့်တော့-----ဟုတ်တယ်ဗျ။
ဘယ်လိုသုံးရမယ်ဆိုတာ မပါဘူးဗျ။''Coinomi Wallet Review'' သဘောမျိုးဖြစ်နေတယ်ဗျ။အဲဒါနဲ့ စိတ်ကူးပေါက်လို့ အခု ဒီ ''Post'' လေး ရေးဖြစ်ပါတယ် ခင်ဗျ။အရင်က ''Post'' နဲ့ အခု ဒီ''Post'' နှစ်ခုပေါင်းပြီး ဖတ်ပေးပါ ခင်ဗျာ။
ကဲ-----စလိုက်ကြရအောင်ဗျာ။
ပထမဦးဆုံး ''Coinomi Wallet App'' ကို ''Download'' ဆွဲပါ။
''Coinomi Wallet App Pcloud Link'';
https://my.pcloud.com/publink/show?code=XZQ9wk7ZWUTavPKQgFmNUOf5ADRsgR2nJAAy
Screenshot_2017-10-09-10-54-37-094_com.miui.packageinstaller.png
"Version 1.7.7"updateပါ ခင်ဗျ။''Playstore'' ကနေ ဒေါင်းလည်းရပါတယ် ခင်ဗျ။ကျွန်တော်လည်း ''Playstore''ကနေ ဒေါင်းပြီး ''Pcloud'' နဲ့ ပြန်တင်ပေးထားတာပါ။
ဟုတ်ကဲ့။''Application'' ဒေါင်းပြီးရင် ''Install'' လုပ်ပြီး ဖွင့်လိုက်ပါမယ်။
ပထမဦးဆုံး ''CREAT A NEW WALLET'' နဲ့ ''RESTORE A WALLRT'' ဆိုပြီး ၂မျိုး တွေ့ရပါမယ်။ကျွန်တော်တို့က အခုမှ ''Wallet'' အသစ်တစ်ခု စလုပ်တာဆိုတော့ ''CREAT A NEW WALLET'' ကို နှိပ်ပါမယ်။
1507327962-picsay.jpg
''RESTORE A WALLET'' ဆိုတာကတော့ ကိုယ့်မှာရှိပြီးသား ''Wallet'' တစ်ခုကို ''Coinomi Wallet'' အတွင်း ထည့်သွင်းအသုံးပြုဖို့အတွက် ဖြစ်ပါတယ်။
အဲဒီနောက် ''Word'' 18 လုံးပါတဲ့ ''Recovery Phrase'' ကို တွေ့ရပါမယ်။''Note'' ထဲမှာ ''Copy & Past'' လုပ်ပြီး မှတ်ထားပါ။
ဖုန်းရဲ့ ''Note'' ထဲမှာ မှတ်ထားတာက ဖုန်းပျောက်သွားလို့ပဲ ဖြစ်ဖြစ်၊''Firmware'' ကျသွားလို့ပဲ ဖြစ်ဖြစ် အချိန်မရွေး ပျက်စီးနိုင်တဲ့အတွက်ကြောင့် ဗလာစာအုပ် တစ်အုပ်ထဲမှာလည်း မဖြစ်မနေ ရေးပြီး မှတ်သားထားရပါမယ်။
''Recovery Phrase'' ပျောက်ပျက်သွားရင် မိတ်ဆွေရဲ့ ''Wallet'' ကို ပြန်မရနိုင်တော့ဘူးလို့ သတိပေးထားတဲ့ စာကိုလည်း အနီရောင်နဲ့ ရေးထားပါတယ်။ဒါ့ကြောင့် ''Recovery Phrase'' မပျောက်ပျက်အောင် ထိန်းသိမ်းဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ် ခင်ဗျ။''Recovery Phrase'' ပျောက်ပျက်သွားရင် ဒါမှမဟုတ် တခြားတစ်ယောက်ယောက် လက်ထဲရောက်ရှိသွားရင် မိတ်ဆွေရဲ့ ''Wallet'' ထဲက ငွေတွေ ''ပလုံစွပ်'' သွားဖို့ ရာနှုန်းပြည့် သေချာပါတယ် ဆိုတာတော့ အထူးသတိပြုစေလိုပါတယ် ခင်ဗျ။
ဟုတ်ကဲ့။''Recovery Phrase'' ကို ဗလာစာအုပ်ထဲ ရေးမှတ်ထားပြီးရင်တော့ ဘယ်ဘက်အောက်ဆုံးက လေးထောင့်ကွက်လေးထဲမှာ အမှန်ခြစ်ပေးလိုက်ပါ။ပြီးရင် ''Next''ကို နှိပ်ပါမယ်။
1507330441-picsay.jpg
အဲဒီနောက် ကိုယ်မှတ်ထားတဲ့ ''Recovery Phrase'' မှန်/မမှန် ''Confirm'' လုပ်ခိုင်းပါတယ်။ဒီအဆင့်ကို ''Skip''လို့(ကျော်လို့)ရပေမယ့် လုပ်ဆောင်လိုက်တာ ပိုကောင်းပါတယ်။ကိုယ်မှတ်ထားတဲ့ ''Recovery Phrase'' မှန်/မမှန်လည်း သိရတာပေါ့။အလယ်မှာ ပေါ်နေတဲ့ အပြာရောင် စာလုံးတွေထဲက ကျွန်တော်တို့ မှတ်ထားတဲ့ ''Recovery Phrase'' အတိုင်း အစဉ်လိုက် ရွေးပြီးနှိပ်ပေးလိုက်ပါ။
1507330547-picsay.jpg
အဲဒီနောက် အစဉ်လိုက် မှန်အောင်ရွေးပေးပြီးရင် အနက်ရောင်စာလုံးတွေအဖြစ် အပေါ်ဆုံးကို ရောက်သွားပါမယ်။အဲဒီနောက် ''Next'' ကိုနှိပ်ပါ။
1507330648-picsay.jpg
အဲဒီနောက် ကျွန်တော်တို့ ''Wallet'' ကို ''Password'' ထည့်ခိုင်းပါတယ်။သိပ်အရေးမပါ ပေမယ့်လည်း ထည့်ပေးလိုက်ပါ။ဘာဖြစ်လို့ သိပ်အရေးမပါဘူးလို့ ပြောတာလည်းဆိုတော့ ''Recovery Phrase''ရှိနေရင် အဲ့ဒီ ''Password'' ကို အချိန်မရွေး ''Reset'' လုပ်လို့ရတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
''Password'' ထည့်ထားတာဟာ ''Coinomi Wallet'' ကို ''Locked'' လုပ်ထားခြင်းပဲ ဖြစ်ပါတယ်။"Password'' ထည့်ပြီး ''Locked'' လုပ်ထားမယ်ဆိုရင် တခြားတစ်ယောက်ယောက်က ''Password'' မသိပဲ ''Coinomi Wallet'' ထဲက ငွေတွေကို ထုတ်ယူခြင်း၊လွှဲပြောင်းခြင်း ပြုလုပ်လို့ရမှာ မဟုတ်ပါဘူး။မိတ်ဆွေထည့်ထားတဲ့ ''Password''ကို မမှတ်မိမှာကိုလည်း မစိုးရိမ်ပါနဲ့။''Recovery Phrase'' ရှိထားရင် အချိန်မရွေး ''Password Reset'' ပြန်လုပ်လို့ရပါတယ် ခင်ဗျ။ဒါ့ကြောင့် ''Password'' ထည့်ထားတာ ပိုကောင်းပါတယ် ခင်ဗျ။''Password'' ထည့်ပြီးရင် ''Next'' ကိုနှိပ်ပါ။
1507331275-picsay.jpg
အဲဒီနောက် ''Wallet''ထဲကို ကျွန်တော်တို့ သုံးမယ့် ''Cryptocurrencies'' အမျိုးအစားတွေ ထည့်ထားရပါမယ်။''Coinomi'' က ''Support'' ပေးတဲ့ ''Crypto Currencies'' ပေါင်း 75 မျိုးလောက်ရှိပေမယ့် အားလုံးထည့်ထားရင် မျက်စိရှုပ်တဲ့အတွက် ကျွန်တော်တို့ သုံးမယ့် ''Cryptocurrencies'' 4/5 မျိုးလောက်ပဲ ထည့်ထားရင် ကြည့်ရတာ မျက်စိထဲရှင်းတာပေါ့ဗျာ။အဲဒီတော့ ''Bitcoin(BTC),BitcoinCash(BCH),Dogecoin(DOGE)'' နဲ့ ''Ethereum(ETH)" လောက်ဆိုရင် အဆင်ပြေပါပြီ။နောက်လိုအပ်တဲ့အခါမှ ကိုယ်ထည့်ချင်တဲ့ ''Cryptocurrencies''တွေ ထပ်ထည့်လည်း ရပါတယ်။အဲဒီနောက် ''Finish'' ကို နှိပ်ပါ။
Screenshot_2017-10-07-05-44-05-374_com.coinomi.wallet.png
1507332101-picsay.jpg
အဲဒီနောက် ''Coinomi'' ရဲ့ ''Terms Of Service'' ကို သဘောတူကြောင်း ''Agree'' ကို နှိပ်ပေးရပါမယ်။
1507332246-picsay.jpg
ဒါဆိုရင်တော့ ကျွန်တော်တို့ ''Coinomi Wallet'' ကို ''Multicoin Wallet'' အဖြစ် စတင်အသုံးပြုလို့ ရပါပြီ ခင်ဗျ။
ဟုတ်ကဲ့။အခု ''Coinomi Wallet'' ရပြီဆိုတော့ ''Coinomi Wallet'' နဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တဲ့ အချက်ကလေးတွေကို အနည်းငယ်လောက် ပြောပြချင်ပါတယ်။
ပထမဦးဆုံးအချက်ကတော့ ''Transaction Fee''(ငွေလွှဲခ)ပါ။''Coinomi Wallet'' မှာ ''BTC'' ကလွဲရင် ကျန်တဲ့ ''Digital Coin''တွေအတွက် ငွေလွှဲခ တော်တော်လေးသက်သာတာ တွေ့ရပါတယ်။အဲဒီအကြောင်းကို အရင်''Post'' မှာလည်း ရေးခဲ့ပါတယ်။အခု ဒီ''Post'' မှာ ဖြည့်စွက်ပြီး ပြောပြချင်တာကတော့ ''BTC Transaction Fee'' ပါ။''1BTC" ရဲ့ တန်ဖိုးဟာ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ''US$'' ရာဂဏန်းပဲရှိတဲ့အတွက် ''Transaction Fee'' က မပြောပလောက်ပေမယ့် ခုချိန်မှာတော့ ''1BTC"ဟာ "US$4000" ကျော်ဖြစ်နေတဲ့အတွက် ''BTC Transaction Fee'' ဟာ ငွေအနည်းငယ်သာ လွှဲတဲ့သူတွေအတွက် သတိပြုရမယ့် အချက်တစ်ချက် ဖြစ်လာပါတယ်။
''Coinomi Wallet'' မှာ ''BTC'' အတွက် ''Fast Trandactio Fee'' ဟာ ''0.002 BTC'' ဖြစ်ပါတယ်။ဒါဟာ ခုလက်ရှိပေါက်ဈေးနဲ့ဆိုရင် 9US$ နီးပါးဖြစ်တဲ့အတွက် များလွန်းတဲ့ ''Transaction Fee''ပမာဏပါ။''Coinomi Wallet''ရဲ့ ''Transaction Fees'' တွေကိုကြည့်ချင်ရင် ''Setting==>Transaction Fee'' မှာ ကြည့်နိုင်ပါတယ်။
IMG_20171009_110657.jpg
''Coinomi Wallet'' ရဲ့ အားသာချက်တစ်ခုကျတာ့ ''Transaction Fees'' တွေကို ချိန်ညှိနိုင်တဲ့ အချက်ဖြစ်ပါတယ်။ဒါ့ကြောင့် ''BTC''လက်ထဲရှိတဲ့ မိတ်ဆွေတွေအနေနဲ့ ''BTC Transaction Fee'' ကို ''0.0001'' လောက်မှာ ထားပြီး ''Test Transaction'' လုပ်ကြည့်ပါလို့ တိုက်တွန်းလိုပါတယ်။ရလိမ့်မယ်လို့လည်း ထင်ပါတယ်။''Transaction Fee'' နည်းရင် ''BTC'' ရောက်ဖို့ အချိန်ပိုပြီးကြာတတ်ပါတယ်။''Transaction Fee'' အရမ်းနည်းလွန်းရင်လည်း ''Transaction'' မပြီးမြောက်ဘူး(လွှဲလိုက်တဲ့ငွေ မရောက်တော့ဘူး)။ဒါ့ကြောင့် ''BTC Test Transaction''လုပ်တဲ့အခါ ''Transaction Fee 0.0001" ထားပြီး ငွေအများကြီးမဟုတ်ပဲ ''0.5US$" လောက်နဲ့ပဲ စမ်းသပ်လွှဲပြောင်းကြည့်ပါလို့ အကြံပြုချင်ပါတယ်။
''Transaction Fee'' ချိန်ညှိဖို့အတွက် ''Setting==>Transaction Fee''အတိုင်းသွားရပါမယ်။အဲဒါဆိုရင် ''Transaction Fee'' ဆိုတဲ့ စာမျက်နှာကို ရောက်သွားပါမယ်။အဲဒီနောက် ''Bitcoin'' ကို နှိပ်လိုက်ပါ။''Bitcoin'' လွှဲခက ''0.002BTC'' ဖြစ်နေပါတယ်။
1507516423-picsay.jpg
1507516740-picsay.jpg
"0.0001" ထားပေးလိုက်ပါ။ပြီးရင် ''OK'' ပေးလိုက်ပါ။
1507516921-picsay.jpg
အဲဒီနောက် ''BTC Test Transaction'' လုပ်ကြည့်ပါ။''OK'' တယ်ဆိုရင်တော့ မိတ်ဆွေဟာ ငွေလွှဲခသက်သာတဲ့ ''BTC Wallet'' တစ်ခုကို ပိုင်ဆိုင်သွားပါပြီ။
အခု ဆက်လက်ပြီးတော့ ''Coinomi Wallet'' အသုံးပြုရင်းနဲ့ ပြဿနာတစ်စုံတစ်ရာ ဖြစ်လာခဲ့ရင် ''Support'' တင်ရမယ့်နည်းလမ်းကို ပြောပြချင်ပါတယ်။''Coinomi Wallet'' အသုံးပြုရတာ ပြဿနာမဖြစ်သလောက်ကို နည်းပါတယ်။ကျွန်တော်လည်း အရင်က ပြဿနာမဖြစ်ပေါ်ဖူးပါဘူး။ဒါပေမယ့် ဟိုတနေ့ကတော့ ''Bittrex''က ''Doge'' ထုတ်တာ ''Coinomi Wallet'' ထဲရောက်မလာလို့ ''Support'' တင်လိုက်ရပါသေးတယ်။''Support'' တင်ပြီး 5နာရီလောက်ကြာတဲ့အခါမှာတော့ ''Coinomi Wallet'' ထဲကို ကျွန်တော်လွှဲလိုက်တဲ့ ''Doge'' တွေ ရောက်လာပါတယ်။
Screenshot_2017-09-27-15-41-05-753_com.android.chrome.png
''Support'' တင်ဖို့အတွက် ညာဘက်အပေါ်ထောင့်က အစက် 3 စက်ကို နှိပ်ပါ။
အဲဒီနောက် ''Contact support'' ကို နှိပ်ပါ။
အဲဒီနောက် ''Browser'' ပွင့်သွားပြီး ''Coinomi Support'' တင်ရမယ့် ''Page'' ကိုရောက်သွားပါမယ်။ဒါမှမဟုတ် ဒီ''Link'' အတိုင်းသွားလို့လည်းရပါတယ်။
''https://coinomi.freshdesk.com/support/home''
အတူတူပါပဲ။
1507517704-picsay.jpg
1507517805-picsay.jpg
Screenshot_2017-10-09-09-22-32-004_com.android.chrome.png
အဲဒီစာမျက်နှာမှာ ''Log in'' နဲ့ ''Sign up'' ဆိုပြီးတွေ့ရပါမယ်။တကယ်လုပ်ရမှာက ''Sign up'' လုပ်ပြီးမှ ''Log in'' ဝင်ရမှာပါ။ရှုပ်မယ်ထင်ရင် ဘာမှလုပ်မနေနဲ့။အပေါင်းလက္ခဏာနှိပ်ပြီး ''Support'' တန်းတင်လိုက်လို့လည်း ရပါတယ်။အပေါင်းလက္ခဏာနှိပ်လိုက်ပါ။
1507518969-picsay.jpg
အဲဒီနောက် ''Support Form'' ဖြည့်ပြီး ''Submit'' ကို နှိပ်ပေးပါ။
1507524437-picsay.jpg
အဲဒီနောက် ''Email'' ကတဆင့် ''Coinomi Customer Support Account'' တစ်ခုပြုလုပ်ပြီးကြောင်းနဲ့ ''Account Activate'' လုပ်ဖို့နဲ့ ''Password'' ထည့်ပေးဖို့ ''Link'' တစ်ခုပို့ပေးပါလိမ့်မယ်။
1507524541-picsay.jpg
အဲဒီ ''Link'' ကိုနှိပ်ပြီး ''Password'' ထည့်ပေးလိုက်ပါ။အဲဒီနောက် ''Coinomi Support'' တင်ခဲ့တဲ့ ''Email'' နဲ့ ''Password'' ကိုမှတ်ထားပါ။နောက်ထပ် ''Support'' တင်တဲ့အခါ အခု ''Email'' နဲ့ ''Password'' သုံးပြီး ''Support''တင်တဲ့''Page''မှာ ''Login''ဝင်လို့ရပါပြီ။အဲဒီလို ''Login'' ဝင်ပြီးရင် ကျွန်တော်တို့ တင်လိုက်တဲ့ ''Support Ticket'' ရဲ့ အခြေအနေကိုလည်း ကြည့်လို့ရပါတယ်။ကျွန်တော့တုန်းကတော့ ''Support'' တင်ပြီး 5နာရီ လောက်ပဲ စောင့်လိုက်ရပါတယ်။''OK'' သွားပါတယ် ခင်ဗျ။
ဟုတ်ကဲ့။စာလည်းတော်တော်ရှည်သွားပြီ ခင်ဗျ။ကျွန်တော်ရဲ့ Post ကို ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျ။မိတ်ဆွေများအားလုံး ကျမ်းမာ ချမ်းသာပြီး မင်္ဂလာရှိတဲ့ နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ပါစေ ခင်ဗျ။
ချစ်ခင်လေးစားစွာဖြင့်-----
@thantzin(moehlaing)
MSC 055
DQmPtXrttsaY8DT7oJoJhxcEXnYzPH799ahaCzTdRBRBqy4.jpg

Sort:  

Thanks for your support,friend!

Thank for sharing

အားပေးတဲ့အတွက် ကျေးဇူးပါ ခင်ဗျာ။

good info my friend. thanks for sharing @thantzin

thanks for your support,friend!

နည်းပညာ ပို့စ်တွေ တင်ပေးတဲ့သူတွေကို လေးစားပါတယ်ဗျာ

အားပေးတဲ့အတွက် ကျေးဇူးပါ ခင်ဗျာ။

ကျေးဇူးပါအကို​ရေ
Coinomi wallet ရသွား​တော့
999 ကို အားကိုးစရာမလို​တော့ဘူး

အားပေးတဲ့အတွက် ကျေးဇူးပါ ညီရေ။

Bro​ရေး​ပေးတဲ့နည်းပညာpost​လေး​တေဖတ်​ပီး၊ပညာ​တေတိုးလို့ဗဟုသုတ​တေရတဲ့အတွက်​​ကျေးဇူးပါbro.

အားပေးတဲ့အတွက် ကျေးဇူးပါ ခင်ဗျာ။

thanks for information! excellent post!

thanks for your support,friend!

ခုလို မျဝေပေးတဲ့အကိုရေ အရမ်းကျေးဇူးပါခမျှ…

အားပေးတဲ့အတွက် ကျေးဇူးပါ ခင်ဗျာ!

thanks for sharing

အားပေးတဲ့အတွက် ကျေးဇူးပါ ခင်ဗျာ!

အားပေးတဲ့အတွက် ကျေးဇူးပါ ခင်ဗျာ!

Coin Marketplace

STEEM 0.32
TRX 0.11
JST 0.034
BTC 66791.24
ETH 3239.69
USDT 1.00
SBD 4.22