နှင်းဆီ သွေးစက် ( ၂ )

in #myanmar6 years ago

https://steemit.com/myanmar/@suhlaing/wngsaundefinedthysk-1

မင်းကြီးတို့ မိသားစုသည် ရထားဖြင့် နဘားသို့ ပြန်လည်ထွက်ခွာလာကျစဉ် ရထားတွဲချော်ကာ ရထားတိန်းမှောက်မှု ဖြစ်ပွားခဲ့လေသည်။ မင်းကြီးနှင့် မင်းကြီးကတော်မှာ ဒဏ်ရာ အနည်းငယ်သာရရှိခဲ့ကျသော်လည်း ကံဆိုးလှစွာသော သမီးကလေး နယ်လီမှာ ဒဏ်ရာပြင်းထန်စွာရပြီး နဘားဆေးရုံတွင်ပင် ကွယ်လွန်သွားရှာလေသည်။ မိဘနှစ်ပါးမှာ ယူကြုံးမရဖြစ်ကာ ဖြေမဆည်နိုင်ဖြစ်ရလေသည်။ မင်းကြီးမှာ ယောက်ျားရင့်မာကြီး ဖြစ်လင့်ကစား မျက်ရည် ဖြိုင်ဖြိုင် ကျရလေသည်။ မိခင်မှာမှု အရှုးတပိုင်းဖြစ်ကာ မစားနိုင် မအိပ်နိုင်နှင့် ကယာင်ခြောက်ခြားဖြစ်နေလေသည်။ တစ်ဦးတည်းသော သမီးလေးမို့ ငုံထားမတက် ချစ်ရှာသော မိဘနှစ်ပါးသည် ချစ်သမီးလေးအလောင်းကို နဘားသချိုင်္င်းတွင် မမြှပ်နှံရက်ဘဲ ဗန်းမော်မြေအထိ ပြန်လည်သယ်ဆောင်ခဲ့လေသည်။

ဗန်းမော်မြေတွင် ခရစ်ယာန်ထုံးတမ်းစဉ်လာနှင့်အညီ သဂြိုလ်မြှပ်နှံခဲ့ကျလေသည်။ အလောင်းကို ပုံစံမပျက် ဂူသွင်းမြှပ်နှံခဲ့လေသည်။ ရပ်မိ ရပ်ဖများမှ အစိမ်းသေ ဖြစ်သောကြောင့် မီးရှို့မြှပ်နှံပါရန် အကြံပေးကျသော်လည်း မိဘများမှာ လက်မခံနိုင်ပါ။ သမီးကလေးသည် သေဆုံးသည်ဆိုသော်လည်း ရုပ်ပျက်ဆင်းပျက်မဟုတ်ပေ။ ဦးခေါင်းကို ရထားသံဘောင်ဖြင့် ရိုက်မိသောကြာင့်သာ ဦးနှောက်သွေးယိုစိမ့်မှုဖြစ်ကာ သေဆူံးခဲ့ခြင်းဖြစ်လေသည်။ ထိုကြောင့် ရက်ရက်စက်စက် မီးရှို့သဂြိုလ်မှုကို မလိုလားပါဟု မိဘနှစ်ပါးမှ ကန့်ကွက်ခဲ့ကျလေသည်။ မိဘများဆန္ဒအတိုင်း နယ်လီကို ဂူသွင်းမြှပ်နှံရန် အကောင်းဆုံး ပန်းရံဆရာများကို ခေါ်ဆောင်ကာ အလှပဆုံး ဂူကို ဖန်တီးစေလေသည်။ အုတ်ဂူဘေးပတ်လည်တွင် စည်းရိုးများကာရံကာ နှင်းဆီပန်းများကိုလည်း စိုက်ပျိုးစေလေသည်။

f3aaac339c565dfb2c7dc996bb63fce1.jpg
credit image source

ထိုညက သမီးလေး ရက်လည် အပြီး နောက်တစ်ရက်ဖြစ်လေသည်။ အသုဘရက်များတွင် လူစည်းကားလှသောကြောင့် မသိသာသော်လည်း နာရေးကိစ္စပြီးသောအခါ အိမ်ကြီးသည် အလွန်တရာ ခြောက်ကပ် တိတ်ဆိတ်သွားသည်ဟု မင်းကြီးကတော် စိတ်၌ ထင်နေလေသည်။ ရဲမင်းကြီးမှာမှု နာရေးကိစ္စများ သမီးစိတ်များကြောင့် အလွန် ပင်ပန်းခဲ့သည် ဖြစ်ရာ အိပ်မောကျနေပြီ ဖြစ်သည်။ သမီးလေးကို လွမ်းဆွတ်သတိရစိတ်ဖြင့် အိပ်မပျော်သော မင်းကြီးကတော်သည် လသာဆောင်သို့ ထွက်လာခဲ့ပါသည်။ လရောင်သည် ပြေးစော့နေသော မိုးသားတိမ်လိပ်များကြားတွင် ပျောက်တစ်ခါပေါ်တလှည့်နှင့် လင်းလာလိုက် အမှောင်ကျသွားလိုက်နှင့် ဖြစ်နေလေသည်။

မိုးသက်လေကဲ့သို့ လေနုအေးသည်လည်း ဝှေ့ကနဲတိုက်ခက်လာရာ မင်းကြီးကတော်သည် ဆွယ်တာအကျီင်္လေးကို ဆွဲစေ့လိုက်မိသည်။ ထို အချိန်တွင် လမ်းပေါ်ရှိ ခွေးလေခွေးလွင့်တို့၏ တစ်ပြိုင်တည်းနှင့် ဆွဲဆွဲငင်ငင်အူလိုက်သံကို ကြားရလေသည်။ မင်းကြီးကတော်သည် ဗိုလ်ကပြားမဖြစ်ကာ ကြောက်စိတ် အလျဉ်းမရှိပေ။ သမီးလေးအတွက် သောကများကြောင့် မျက်ရည်ကြည်တို့သည် ပါးပြင်ပေါ်သို့ တဖြည်းဖြည်း လိမ့်ဆင်းလာလေသည်။ ဖျက်ကနဲမြင်လိုက်သော အရိပ်တစ်ခုကြောင့် မင်းကြီးကတော်သည် ကျလက်စမျက်ရည်များကို သုတ်ကာ မြင်လိုက်ရသောအရာကို ပြန်ကြည့်မိလေသည်။ သေချာပြန်ကြည့်တော့ ခြံပေါက်ဝတွင် အဖြူရောင် အရိပ်သဏ္ဍာန်တစ်ခုသည် ခြံဝင်လမ်းလေးအတိုင်း တရွေ့ရွေ့လွင့်လာလေသည်။ လေတိုက်သောကြောင့် လွင့်ပါလာသော စက္ကူ စနှင့် သဏ္ဍာန်တူလေသည်။

d51e4c5bae0c3cbef2d8f57879298fba.jpg
credit image source

@suhlaing
msc 175

Sort:  

အဆက်ရှိသေးလားမစု။ဇာတ်လမ်းလေးကောင်းလွန်းလို့ပါ

တတိယပိုင်းလေးပါ ကိုအေးရေ အားပေးတာ ကျေးဇူးပါ
https://steemit.com/myanmar/@suhlaing/wngsai-ethysk-3

ဆက်​ဖတ်​ဖို့​စောင့်​​နေပါ့မယ်​....စိတ်​၀င်​စားစရာအခန်း​ရောက်​​နေပြီ....

ဟုတ်ကဲ့ နောက်အပိုင်းတွေလည်း စိတ်ဝင်စားမယ်ထင်ပါတယ်

အရေးအသား ကောင်းတယ်အမ။နောက်အပိုင်းတွေ ဆက်ဖတ်ပါ့မယ်။

ဟုတ်ကဲ့ စိတ်ဝင်စားစေမဲ့ ဇာတ်ဝင်ခန်းလေးတွေ ဆက်ရေးထားပါတယ်

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဇာတ်‌အိမ်‌တည်‌‌နေပြီ ၊ဝတ္ထု‌ရေးရင်‌ ဇာတ်‌လမ်းတစ်‌ခုလုံးကြိုစဉ်းစားထားရတာလားအစ်‌မ။

သူများတွေတော့ မသိဘူးပေါ့နော် ကျမတော့ ကိုယ်ရေးမဲ့ဇာတ်လမ်းကို စိတ်နဲ့ အရင် ရေးကြည့်တာ ဇာတ်ကွက်လေးတွေ ဖန်တီးကြည့်တာပေါ့ တစ်ပုဒ်လုံးအတွက် တွေးနိုင်ပြီဆိုမှ စာရေးတဲ့ အဆင့်ရောက်တာ

ဖတ်ရတာ အရသာရှိလိုက်တာ မစုရယ်..စာရေးနည်း စာအုပ်တွေရှိရင် မျှပါဦးဗျာ

မမိုးမြေရဲ့ ဝတ္တုတို ဝတ္တုရှည်ရေးနည်း စာအုပ်တွေ ဖတ်ဖြစ်တယ် မောင်လေး

တရဲ တရဲ လားဟင် တရဲဆို ကြောက်တတ်တယ် ☺☺☺

ကြောက်ပါနဲ့ ဗြဲချောက်ပါဘူးအေ စိတ်ခြောက်ခြားရုံလေးပါ

waiting for ……

thanks, sis

ရေးအားကောင်း ဖတ်လို့လည်းကောင်းပ

Daily proလေးကို နှမြောမိလို့ပါ ဦးထွေးရေ

အိုက်စ် တရွေ့ရွေ့လား စုရေ....

တဖြည်းဖြည်းနဲ့ မယ်ကြည်

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.034
BTC 66499.54
ETH 3203.31
USDT 1.00
SBD 4.14