Steemit Platformပေါ်မှ မတ်မတ်စု
အလုပ်တစ်ခုကို လုပ်တယ်။ ဒီအလုပ်အတွက် မျှော်လင့်ချက်ထားကျတယ်။ ဒါပေမဲ့ ဒီအလုပ်ကနေ ကိုယ်မျှော်မှန်းထားတဲ့ အချိန်မှာ ကိုယ်မျှော်မှန်းထားတဲ့အတိုင်း ဖြစ်မလာသေးတဲ့အတွက် စိတ်ပျက်အားလျော့လာကျတယ်။ ဒီအလုပ်အပေါ်မှာ ယုံကြည်မှုကင်းမဲ့လာကျတယ်။ ဒါဟာ ဘာကြောင့်လည်းလို့ ဆန်းစစ်ကြည့်မယ်ဆိုရင် မျှော်လင့်ချက်ထားကျလို့ ဖြစ်ပါတယ်။ ကျမတို့ လုပ်တဲ့အလုပ်အပေါ်မှာ အကျိုးအမြတ်ကို မျှော်လင့်ထားတဲ့အတွက် ဒီအလုပ်ဟာ ကိုယ့်ဆန္ဒနဲ့ မကိုက်ညီဘဲ ရလာဒ်ကောင်း မထွက်လာတဲ့အခါ စိတ်ပျက်သွားကျတာပါ။ ဒါဆိုရင် ကိုယ်ယုံကြည်ရာကို လုပ်ပေမဲ့ ရလာဒ်ကောင်းဖြစ်မလာတဲ့အခါ ကျမတို့ ဘယ်လိုတွေးခေါ်ပြီး ကိုယ်ယုံကြည်ရာကို ဆက်လျှောက်ကျမလဲ။
ဒါဟာ လွယ်ကူတယ်လို့ ထင်ရပေမဲ့ အလေ့အကျင့်လေး နည်းနည်းတော့ လိုပါတယ်။ ဥပမာ ကျမတို့ သရက်ပင်စိုက်မယ်။ ဘာကြောင့်လည်းဆိုရင် သရက်သီး စားချင်လို့။ အပင်ပျိုလေးကနေစပြီး ပြုစုပျိုးထောင်မယ်။ နေ့စဉ်ရေလောင်းပေါင်းသင်မယ်။ တနေကုန် မဟုတ်သည့်တိုင် အချိန်ပိုင်းလေးတော့ ဒီ အပင်လေးကို ကျမတို့ ပြုစုပျိုးထောင်မယ်။ နှစ်ကာလတစ်ခု ကြာမြင့်လာတဲ့အခါ ဒီသရက်ပင်လေးက သီးချိန်တန်ပေမဲ့ အသီးမသီးလာဘူးဆိုရင် ကျမတို့ ဒီအပင်လေးအပေါ်ဘာဖြစ်လာမလဲ။ စိတ်ပျက်လာမယ်။ စိတ်ကုန်လာမယ်။ စွန့်ပစ်ချင်လာမယ်။ ဒီ အပင်လေးအတွက် ကုန်ခဲ့တဲ့ ငွေကြေးတွေ အချိန်တွေကို နှမြောလာမယ်။ ကျမတို့က ဒီအပင်လေးကနေ အသီးသီးလာမယ်လို့ ကျိန်းသေ မျှော်လင့်ထားတာကိုး။
ဒါဆိုရင် တမျိုးလှည့်တွေးကြည့်ရအောင်။ ကျမတို့ ဒီအပင်လေးကို စ စိုက်ပျိုးထဲက တခြားရည်ရွယ်ချက်တွေ ထားခဲ့မယ်ဆိုပါစို့။ ဥပမာ အရိပ်ရဖို့။ အပင်ကြီးလာရင် ထိုင်ခုံလေးလုပ်ဖို့။ ဒန်းလေးဆင်ဖို့ စသည်ဖြင့်ပေါ့။ ဒါဆိုရင် အသီးသီးခြင်း မသီးခြင်းက ကျမတို့အတွက် စိတ်ပျက်စရာ မဟုတ်တော့ဘူးဆိုတဲ့ အမြင်သစ်ကိုရစေပါတယ်။ ဒါကြောင့် အလုပ်တစ်ခု လုပ်တဲ့အခါ တခြားရည်ရွယ်ချက်တစ်ခုကို ထားရှိကျမယ်ဆိုရင် မအောင်မြင်ခဲ့ဘူးဆိုရင်တောင် မျှော်လင့်ချက်သိပ်မထားခဲ့တဲ့အတွက် ဖြေသာပါတယ်။
ဒီဥပမာလေးလိုပါဘဲ။ ကျမလည်း Steemလမ်းကို လျှောက်ခဲ့တယ်။ စာရေးရင် ပိုက်ဆံရမယ်။ နောင်တစ်ချိန် Steemတွေ ဈေးအဆမတန်တက်သွားခဲ့ရင် မီလျှံတာ တစ်ယောက် ဖြစ်ကောင်းဖြစ်လာမယ်။ သာမာန်ဝန်ထမ်းတစ်ယောက်အဖို့ ချမ်းသာရေးနည်းလမ်းက Steemဆိုပြီး မျှော်မှန်းထားခဲ့ပါတယ်။ ဒါပေမဲ့ ကျမမှာ Steemအပေါ်ထားရှိတဲ့ နောက်ထပ်ရည်မှန်းချက်တစ်ခုလည်း ရှိပါသေးတယ်။ ဒါကတော့ Steemကို စာရေးလေ့ကျင့်ရာ နေရာအဖြစ် အသုံးချခဲ့ခြင်းပါ။ ကျမရဲ့ ဆောင်းပါးတွေ ကဗျာတွေ ဝတ္တု အတို အရှည်တွေကို Steemမိသားစုတွေက ဖတ်ပေးကျတယ်။ အားပေးကျတယ်။ ဝေဖန်ကျတယ်။ ကျမမှာ စာဖတ်ပရိသတ်အမာခံရှိလာသလို ခံစားခဲ့ရပါတယ်။
Fbမှာလည်း ရေးလို့ရတာဘဲလို့ ဆင်ခြေပေးစရာရှိပါတယ်။ ဟုတ်ကဲ့ Fbဟာ Steemလောက် မျှော်မှန်းချက်မရှိပါဘူးလို့ ကျမ ခံယူမိပါတယ်။ ဒါကြောင့် ကျမ စာတွေကို Steemမှာဘဲ ရေးဖြစ်ပါတယ်။ ကျမ Steemမှာ လျှောက်လှမ်းလာခဲ့တဲ့ ပထမရည်ရွယ်ချက်ဟာ တဖြည်းဖြည်းမှေးမှိန်လာသလို ဖြစ်လာပါပြီ။ အခု ကျမ Steemမှာ ဆက်လက်လျှောက်လှမ်းနေတာက ဒုတိယရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။ ဒီရည်ရွယ်ချက်မှာ မျှော်လင့်ချက်မပါတာကြောင့် Steemဈေးကျသည် တက်သည် ကျမနှင့် မသက်ဆိုင်သလိုပါဘဲ။ ကျမရဲ့ စာရေးလေ့ကျင့်ရာ နေရာသည် Steemitပေါ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရေးလို့ ရနေသရွှေ့ ပိုလ့်တင်လို့ရနေသရွှေ့တော့ တင်သွားရေးသွားမှာဖြစ်ပါတယ်လို့ ..
Steemit Platformပေါ်မှ မတ်မတ်စု
@suhlaing
msc 175
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
thanks
Posted using Partiko Android
အသက်ရှင်နေသမျှ ပေါ့။ ခံယူချက်ကလေး ကောင်းပါတယ် ခင်ဗျ။
Posted using Partiko Android
Steemရှိနေသမျှပေါ့ ရှင် ဒီလိုဘဲ ခံယူချက်လေး ထားရတာဘဲ
Posted using Partiko Android
ဖတ်လို့ရသရွေ့ ဖတ်နေပါမည်ဗျာ
ရေးရွှေ့ရသမျှ ရေးနေပါမည်
ဟုတ်တော့လည်း ဟုတ်ပါတယ်လေ ဒါပေမယ့် ပင်ပန်းရကျိုးလည်း
နပ်ချင်တာပေါ့လေ
မျှော်လင့်ချက်ထားရင် ပိုစိတ်ပင်ပန်းရတယ် မောင်လေးရေ
သိပ်ကောင်းတဲ့ခံယူချက်ပါ။လေးစားပါတယ်မစုရေ။
ဖြေတွေးလေးပေါ့ ကိုမဟော်ရေ
ရေးပါဗျာ အမှတ်တရလေးတွေပါ
Posted using Partiko Android
ဟုတ်ပ ကိုစောရေ
မှန်တယ် မတ်မတ်စု များများမျှော်လင့်ချက်ထားရင်များများစိတ်ဓပ်ကျမယ် ဘာမှမျော်လင့်ချက်မထား ရယူမယ် မရမယူဘူး ဆိုရင် စိတ်ဓာပ်ကျစရာမရှိတော့
အဲ့လိုလေးက ဖြေသာတယ် ဦးယုရေ
မသိဘူး ရေးမယ်ကွာ
မသိဘူး တင်တယ်ကွာ
Posted using Partiko Android