စိတ္တဇ ဒဏ်ရာ... ( ၆ )

in #myanmar5 years ago

ဖေဖေသည် ကုမ္ပဏီထဲ ပြန်မဝင်သေးဘဲ ကျမ ကားဝင်လာတာကို ကြည့်နေလေသည်။ ကျမလည်း စိတ်တိုတိုနှင့် ဖေဖေရှေ့တွင် ကားကို ကျိ ကနဲနေအောင် ထိုးရပ်ပစ်လိုက်သည်။ ဖေဖေက ပြုံးရွှင်စွာ ကြိုဆိုရင်း

'' ဒယ်ဒီ့ သမီးလေး မလာသဖူးပါလား လာ သမီး အထဲဝင်''

ဒယ်ဒီက ကျမ ပခုံးလေးကို ဖတ်ရင်း ကုမ္ပဏီရုံးခန်းထဲသို့ လှမ်းဝင်ခဲ့ကျသည်။ ကျမ မျက်နှာကို ဒယ်ဒီက သေချာကြည့်ပြီး

'' နေမကောင်းဘူးလား သမီးလေး ဘာဖြစ်လို့လည်း''

ကျမလည်း ဒယ်ဒီ့မျက်နှာကို စိုက်ကြည့်ကာ

'' ခုန ကုမ္ပဏီရှေ့မှာ ဒယ်ဒီနဲ့ ရပ်စကားပြောနေတဲ့ မိန်းမက ဘယ်သူလည်း ဒယ်ဒီ''

'' အော် သူက ဒယ်ဒီ ပါတနာတစ်ယောက်ပါ သမီးရယ် ဒါအတွက်နဲ့တော့ သမီးလေး စိတ်မဆိုးပါနဲ့ ဒယ်ဒီ့သမီးလေး မှတ်ထား သမီး မေမေနေရာမှာ ဒယ်ဒီ ဘယ်မိန်းမကိုမှ အစားမထိုးဘူး ဒါတော့ သမီးလေးယုံလိုက်''

'' ပါတနာဆိုတာနဲ့ မပြီးဘူးလေ ဒယ်ဒီ ဘယ်လို ပါတနာလည်း ဒယ်ဒီနဲ့ ဘယ်ချိန်ကနေစပြီး ပတ်သက်နေတာလည်း ပြီးတော့ ဒီ မိန်းမ ဘယ်မှာနေလည်း ဘယ်သူလည်း သမီး သိချင်တယ်''

ဒယ်ဒီသည် ကျမကို သေချာကြည့်ကာ တည်ငြိမ်သော လေသံဖြင့်

'' သမီးလေး ဘာလို့ ဒီ အမျိုးသမီးအကြောင်းကို ဒီလောက်သိချင်နေရတာလည်း အရင်ကလည်း ဒယ်ဒီနားမှာ မိန်းမတွေ သမီးလေးတွေ့နေကျဘဲလေ ဒယ်ဒီတွဲခဲ့တာလည်း သမီး သိတာဘဲ ဒါပေမဲ့ ဘယ်သူ့ကို ဒယ်ဒီ လက်ထပ်ခဲ့လည်း သမီးလေး မျက်နှာကြောင့် ဒယ်ဒီ ဒီတစ်သက် အိမ်ထောင်မပြုတော့ဘူးလို့ ဆုံးဖြတ်ထားတယ် ဒါကြောင့် ဒီ မိန်းကလေးနဲ့ ပတ်သက်ပြီး သမီးလေး သိထားရမှာက သူဟာ ဒယ်ဒီရဲ့ မိန်းကလေး သူငယ်ချင်းအဆင့်ဘဲ သမီးလေး''

image
source

ကျမသည် တိုက်ဆိုင်လွန်းသည့် ကံကြမ္မာကို အံ့သြနေမိလေသည်။ ဒီ အမျိုးသမီးအား ရှာဖွေခဲ့စဉ်က မတွေ့ဘဲ ယခုတော့ တိုက်တိုက်ဆိုင်ဆိုင် ဒယ်ဒီ့ရဲ့ ချစ်သူအဖြစ် လာတွေ့ရတယ်လို့။

'' ဒယ်ဒီ သမီး သူ့ အကြောင်း နည်းနည်းတော့ သိချင်တယ် ဒယ်ဒီနဲ့ ပတ်သက်နေတယ်ဆိုတော့လေ ဒယ်ဒီ့ကိုယ်ရေးကိုယ်တာကို ဝင်စွတ်တာမျိုးတော့ မဟုတ်ပါဘူး သမီး နားလည်ပါတယ် ဒါပေမဲ့ ဒယ်ဒီနဲ့ တွဲနေတဲ့ ဒီ အမျိုးသမီး ဘယ်သူဆိုတာ သမီး သိသင့်တယ်ထင်တယ် အနည်းဆုံးတော့ ဘယ်မှာနေတယ်ဆိုတာပေါ့''

ဒယ်ဒီသည် ဟက်ဟက်ပတ်ပတ် ရယ်မောလိုက်ကာ ကျမ ပုခုံးလေးကို ဖတ်လျှက်

'' အိုးမိုင်ဂေါ့ ဒယ်ဒီ့ သမီးလေး ဘယ်အချိန်က အရွယ်ရောက်သွားတာပါလိမ့် ဒယ်ဒီ့ အတွက် စိတ်ပူတက်နေပြီပေါ့ ကျေးဇူးပါ သမီးလေးရယ် ဒါပေမဲ့ ဒါက လူကြီးတွေ ကိစ္စပါ။ ချစ်ဖို့ကောင်းတဲ့ သမီးလေးရေ ကဲ လာရင်း ကိစ္စပြောပါအုံး အကြောင်းမရှိရင် သမီးလေး ဒယ်ဒီ့ဆီ လိုက်မလာဘူး ဘာလည်း moneyလိုနေပြီ မဟုတ်လား ဘယ်လောက်ယူမလဲ ပြော''

image
source

ကျမသည် ဒယ်ဒီ၏ ပါးနပ်စွာ ရှောင်ထွက်မှုကို သဘောပေါက်ကာ ထပ်မေးလည်း သိရမည် မဟုတ်သဖြင့် ငြိမ်နေလိုက်တော့သည်။ ဒယ်ဒီ အကြောင်းကို ကျမ သိပါသည်။ တော်ရုံ အပျော်တွဲသည့် မိန်းကလေးကို ကုမ္ပဏီထဲထိ ခေါ်မလာနိုင်။ ကုမ္ပဏီရှေ့အထိ လိုက်မပို့နိုင်။ ဒယ်ဒီကိုယ်တိုင်အပြင်အထိ ဂရုတစိုက် လိုက်ပို့ နှုတ်ဆက်ရလောက်အောင် ထိုမိန်းမသည် ဘယ်သူလည်း။ ကျမသည် သိချင်စိတ်တို့သည် တားမရဖြစ်လာလေသည်။ သို့သော် ဒယ်ဒီ့သည် ဘယ်လိုမေးမေး ပြောမည် မဟုတ်သဖြင့် လိုအပ်သော ပိုက်ဆံယူ၍ သူငယ်ချင်းများနှင့် ချိန်းဆိုရာသို့ ထွက်ခဲ့ပါသည်။ စိတ်ထဲတွင် ရှုပ်ထွေးလာကာ ဘာဆက်လုပ်ရမည်ကို ချိန်ဆနေမိတော့သည်။ ဒယ်ဒီနဲ့ ပတ်သက်နေတယ်ဆိုတော့ ပထမအစီအစဉ်အတိုင်း ပညာနည်းနည်းပါးပါးပေးရမည့် အစီအစဉ်သည် အလုပ်အဖြစ်တော့။ ဟာကွက်မရှိအောင် သေချာကိုင်တွယ်မှသာလျှင် ကျမ လက်ချက်မှန်း မသိသာမည် ဖြစ်သည်။ ဒယ်ဒီသည် အကင်းပါးသော စီးပွားသမားပီပီ ကျမနှင့် ထို အမျိုးသမီး ပြဿ နာဖြစ်မည်ကို လိုလားပုံမရ။ ထို မိန်းမပေါ်မုန်းတီးသော အမုန်းသည် ဒယ်ဒီနှင့် ပတ်သက်နေသည်ကို သိလိုက်ရသောအခါ ပို၍ မုန်းတီးမိလေသည်။

ဆက်ရန်...

@suhlaing
msc 175

Sort:  

ဒီ လိုအ​ရေးအသားမျိုး ​ရေးနိုင်​တာ ချီးကျုးမိတယ်​ဗျာ
ကျွန်​​တော်​မရဘူးဗျာ

ချီးကျူးတဲ့အတွက် ကျေးဇူးပါ ဦးယုရေ

Posted using Partiko Android

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

လောကလောက ပြောရရင်လည်း ဩချချင်စရာပဲ

Posted using Partiko Android

နေတက်ရင်လည်း ကျေနပ်စရာပါဘဲ

ဇာတ်‌ရှိန်‌ မြင့်‌‌အောင်‌ ဖန်‌တီးနိုင်‌တဲ့စွမ်းရည်‌ကို ‌လေးစားမိပါတယ်‌မတ်‌မတ်‌စု‌ရေ။

တွေးရတာ တစ်ခါတစ်လေ ခေါင်းတောင်မူးတယ် ဦးမဟော်ရေ ဇာတ်ကို ဘယ်လိုလေးဆို စိတ်ဝင်စားနိုင်မလဲပေါ့

Posted using Partiko Android

ဟာကွက်​မရှိဘယ်​လိုကိုင်​တွယ်​မလဲဆိုတာဆက်​လက်​ဖတ်​ဖို့​စောင့်​​မျှော်​​နေပါ့မယ်​....

Posted using Partiko Android

ကျေးဇူးပါ ညီမရေ တစ်ပိုင်းထက်တစ်ပိုင်း ပိုပိုကောင်းမွန်လာအောင် ကြိုးစားရေးနေပါတယ်

Posted using Partiko Android

အမုန်းကုန်းဆင်းကို ဘီးလေးတပ်ပေးလိုက်ပြန်ပါပြီ

ဆင်းပေအုံးတော့ပေါ့ ဘထွေးရေ

အယ်လယ့် ဒယ်ဒီ့စော့စော့ ဖစ်ရပန် b

အေးဆို

Posted using Partiko Android

အပိုင်မ၀ယ်ဘူးဆိုတဲ့သဘောပဲနော ☺

ဒါပေါ့ ဘစိုးရေ ပိုက်ဆံရှိတော့ ကြိုက်တာ ဝယ်လို့ရတယ်လေ

Posted using Partiko Android

ဝတ္ထုရေးတာ တော်တယ်ဗျာ လက်ရည် ပိုပိုတက်လာတယ်

Posted using Partiko Android

ဖြည်းဖြည်းချင်းသွားနေရတာဘဲ ကိုစောရေ

Posted using Partiko Android

ကောင်းပါတယ်အစ်မ ဇာတ်ရှိန်က ပိုပြီးတက်လာပြီနော်။နောက်အပိုင်းဆက်အားပေးမယ်နော်။

နောက်အပိုင်းလေးတွေ ဆက်လက်အားပေးပါအုံးနော်

Posted using Partiko Android

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66272.75
ETH 3183.00
USDT 1.00
SBD 4.09