Single Mother များရဲ့ ကိုယ်ပိုင်ဘဝ ( ၂)

in #myanmar6 years ago (edited)

https://steemit.com/myanmar/@suhlaing/single-motherundefinedyae-koypongbaw-55f4eb023291b

ကလေးငယ် ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ လိမ္မာရေးခြားရှိဖို့ အတွက် မိဘတွေဟာ လက်ဦးဆရာ ဖြစ်သည်နှင့် အညီ တာဝန်ကြီးလှပါတယ်။ single motherတွေဟာ ယောက်ျားတာဝန်ကော မိန်းမတာဝန်ပါ ယူထားရတဲ့အတွက် အိမ်ထောင့်တာဝန်ကို မနိုင်မနင်းထမ်းနေကျရသူတွေပါ။ စိတ်ဖိစီးမှုလည်း အများကြီးရှိနိုင်ပါတယ်။ ငွေကြေးအတွက် စိတ်ပူပန်ရသလို လျှော်ရေးဖွတ်ရေး ချက်ရေး ပြုတ်ရေးအတွက်လည်း ပင်ပန်းလှပါတယ်။ ဒါကြောင့် ညဘက် အိပ်ယာဝင်ခါနီးအချိန်မှာ တနေ့ခင်းလုံးအတွက် စောစော အနားယူချင်ပါလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီအချိန်မှာ သားသား မီးမီးလေးတွေကလည်း တနေ့လုံး မိခင်နဲ့ ခွဲပြီး ကျောင်းသွားနေရတာမို့ မိခင်အနားကပ်ပြီး တီတီတာတာနဲ့ ချွဲချင်ပါလိမ့်မယ်။ ပုံပြင်ဖတ်ပြခိုင်းတာမျိုး စာအတူရေးချင်တာမျိုး ပူဆာပါလိမ့်မယ်။ မိခင်အနေနဲ့လည်း တနေ့လုံးစိတ်ကောလူပါ ပင်ပန်းထားတဲ့အတွက် ဒီအချိန်မှာ စိတ်ရှည်ရှည်ထားဖို့က အင်မတန် ခက်ခဲပါလိမ့်မယ်။ ဒီလို ပြဿ နာမျိုး ဖြစ်လာပြီဆိုရင် ဘယ်လိုဖြေရှင်းကျမလဲဆိုတာ ဆွေးနွေးကြည့်ရအောင်။

မာရီဟာ အခုတလော အလုပ်ထဲမှာ စိတ်ပင်ပန်းရသလို အိမ်မှုကိစ္စတွေ ကြောင့်လည်း ပင်ပန်းလှပါပြီ။ မာရီရဲ့ အထက်လူကြီးက မာရီ့ကို အခုတလော အပြစ်မြင်လျှက်ရှိပါတယ်။ နေ့စဉ်တိုင်းလိုလို ဆူပူကြိမ်းမောင်းခံနေရပြီး စာရင်းများကိုလည်း တိတိကျကျနဲ့ မကြာခဏစစ်ဆေးလျှက်ရှိပါတယ်။ မာရီဟာ စိတ်ဖိစီးမှုများတဲ့အပြင် အိမ်မှာလည်း ကိုယ်ခွဲမရှိတာကြောင့် အိမ်မှုကိစ္စများကိုလည်း ကိုယ်တိုင် လုပ်ဆောင်ရပါတယ်။ စိတ်ကော ကိုယ်ပါ ပင်ပန်း နွမ်းနယ်မှုကြောင့် မာရီသည် စိတ်ဓာတ်ကျလျှက်ရှိပြီး မကြာခဏ ဒေါသထွက်လျှက်ရှိပါသည်။ မာရီနှင့် သမီးလေး ဖေဖေ ကွာရှင်းပျက်စဲသွားပြီးနောက်ပိုင်း သမီးလေး ၆နှစ်အရွယ်ရောက်သည် အထိ ၅နှစ်တာကာလုံး မာရီ တစ်ယောက်တည်းသာ ကြိုးစားရုန်းကန်ခဲ့ရပါသည်။ သမီး မိန်းကလေးမွေးထားသည်မို့ နောက် အိမ်ထောင်ပြုဖို့လည်း စိတ်မကူးမိချေ။ Single Mother ဘဝနှင့်ပင် ဘဝကို ရုန်းကန်လာသူဖြစ်ပါသည်။

image
credit image source

သမီးလေးက ပုံပြင်စာအုပ်တွေ အိပ်ယာထဲအထိ သယ်လာကာ မာရီ့ကို ဖတ်ခိုင်းနေလေသည်။ မေမေ ပင်ပန်းလာလို့ အနားယူပါရစေလို့ ပြောပေမဲ့ နားမလည်တက်သေးသော အရွယ် ဖြစ်သဖြင့် တဇွတ်ထိုး ဖတ်ခိုင်းနေလေသည်။ မျက်စိမှိတ်ပြီး အိပ်ပျော်ကာစတွင် ဇွတ်အတင်းနိုးကာ မေမေ ပုံပြင်ဖတ်ပြပါဟု ပူဆာနေလေသည်။ မာရီသည် ဒေါသထွက်လာကာ သမီးလေးအားရိုက်ရန်ရွယ်လိုက်မိသည်။ ပါးစပ်မှလည်း နင် တော်တော် မသိတက်ပါလား ကိုယ့်အမေ ပင်ပန်းလာတာ နင် မသိဘူးလား နင့်ကြောင့် ငါ့ ဘဝ အရမ်း ပင်ပန်းတယ် သိလားဆိုပြီး မာန်မဲလိုက်တယ်ဆိုရင်ဘဲ သမီးလေးဟာ ကြောက်လွန်းလို့ တုန်နေပြီးတော့ မျက်ရည်တွေ ကျလာပါတော့တယ်။

မာရီ မှားသွားမှန်း ချက်ချင်းသိလိုက်ပါပြီ။ သမီးလေးကို စိတ်ဒဏ်ရာပေးမိချေပြီ။ ချက်ချင်းပင် မေမေမှားသွားကြောင်း တောင်းပန်လိုက်ပြီး သမီးလေးကို ရင်ခွင်ထဲထားကာ ထွေးဖက်ထားလိုက်သည်။ ပြီးတော့မှ မာရီသည် မိမိရဲ့ တနေ့တာ လုပ်ငန်းများကို သမီးလေးအား စိတ်ရှည်လက်ရှည်ရှင်းပြနေလေသည်။ ဒါကြောင့် မေမေက သမီးလေးအတွက် အလုပ်တွေ လုပ်နေရလို့ ပင်ပန်းတဲ့အတွက် ညဘက် စောစောအနားယူချင်ကြောင်း ပြောပြပြီး သူမသည် သမီးလေးကို မည်မျှချစ်ကြောင်း သမီးလေးသည် သူမဘဝဖြစ်ကြောင်း ထပ်ခါရှင်းပြနေပါသည်။ သမီးလေးသည်လည်း မိခင်သည် မိမိအား တကယ်ချစ်ခင်ပါရဲ့လားဟုသော မျက်လုံးလေးနှင့် မိခင်မျက်နှာကို လိုက်၍ ကြည့်နေရှာလေသည်။ မိခင်မှ ကြင်ကြင်နာနာဖြင့် ပါးလေး နဖူးလေးနမ်းက ချော့မော့ပြောပြမှပင် ယုံကြည် စိတ်ချဟန်လေးနှင့် ပြုံး ရယ်လာပါသည်။

image
credit image source

မာရီတို့ သားအမိ ဇာတ်လမ်းကို ဖတ်ရှု့ရခြင်းဖြင့် မာရီ၏ လုပ်ဆောင်ချက်သည် မှန်ကန်သင့်လျှော်လှပေသည်။ သားအမိ ၂ယောက်ကြားတွင် ဖြစ်ပေါ်တော့မည့် စိတ်ဝမ်းကွဲမှုကြီးအား အချိန်မီ ထိန်းသိမ်းလိုက်နိုင်ပေသည်။ Single motherများနှင့် သူတို့၏ ရင်သွေးများတွင် ဖြစ်လေ့ဖြစ်ထရှိသော ပြဿ နာကို သိမ်မွေ့စွာ ဖြေရှင်းလိုက်နိုင်ပေသည်။ ထို့ကြောင့် ကလေးသူငယ်များအား ပြုစုရာတွင် ကလေးများ၏ လိုအင်ဟူသမျှကို ဝယ်ပေးလျှင် ပြည့်စုံသည်ဟု မထင်သင့်ပေ။ မိဘများမှ သားသားမီးမီးတို့အား ချစ်ခင်ကြင်နာမှု အပြည့်အဝပေးရန်လည်း လိုအပ်လှပေသည်။ သို့မှသာ ကလေးသူငယ်များသည် ယုံကြည်မှုအပြည်ဖြင့် ရှေးဘဝခရီးကို လျှောက်လှမ်းနိုင်မည်ဖြစ်ပါကြောင်း အကြံပြု ရေးသားအပ်ပါသည်။

Sort:  

ငယ်​ရွယ်​စင်​မှာ ဆုံးမရတာအရမ်းခက်​ပါတဟ်​။
ဆုံးမတာမှားသားရင်​က​လေးရဲ့​မှာစိတ်​ဒါဏ်​ရာရသွားနိုင်​ပါတယ်​။
နားလည်​သ​ဘော​ပေါက်​​အောင်​ကြင်​နာယုယစွာ​ပြောဆိုဆက်​​ပေးရမာပါ မာရီ​ဖြေရှင်းသလိုမျိုး​ပေါ့​နော်​။

ကလေးလေးတွေရဲ့ နုလုံးသားလေးတွေက ပန်းကလေးလိုပါဘဲ အရမ်းကို နုနယ်ပါတယ် ဒီအရွယ်လေးမှာ စိတ်ဒဏ်ရာ ရသွားရင် အသက်ကြီးတဲ့အထိ ပါသွားနိုင်တာမို့ အရမ်း သတိထား ပြုစု ပျိုးထောင်သင့်ပါတယ်

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

အင်း သတိထားနိုင်ရင်တော့ ပျော်ရွှင်စရာဖြစ်လာရမှာနော်
ပင်ပန်းမှုတွေကြောင့် ကလေးတွေကိုပစ်ထားမိရင် ဆိုးတာတွေကလိုက်လာတော့မယ်ထင်တယ်

ဟုတ်တယ် ကိုမိုးဇော်ရေ ဘယ်လောက်ပင်ပန်းပင်ပန်း မိဘတွေက ကလေးတွေ အတွက် အချိန်ပေးသင့်တယ်

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.033
BTC 62777.23
ETH 3059.34
USDT 1.00
SBD 3.81