Night Duty

in #myanmar6 years ago (edited)

ညဘက်တွေ သူများအိပ်တဲ့ အချိန် အလုပ်လုပ်တက်တဲ့အကျင့် ကျမမှာရှိပါတယ်။ တစ်မိသားစုလုံး အိပ်ယာဝင်တဲ့အချိန် ခဏလောက် အိပ်ယာထဲ လှဲနေတက်ပြီးတော့ မိသားစုတွေ အိပ်ပြီဆိုမှ ထပြီး အလုပ်လုပ်ပါတယ်။ စက်ချုပ်သည် ဖြစ်စေ စာရေးသည်ဖြစ်စေ စာဖတ်သည် ဖြစ်စေ ညဉ့်နက်တဲ့ ဒီအချိန်လေးဟာ အင်မတန် စိတ်ကူးကောင်းစေပါတယ်။ အေးချမ်းတိတ်ဆိတ်ပြီးတော့ အနှောက်အယှက်ကင်းမဲ့စွာနဲ့ ကိုယ်စိတ်ဝင်စားရာကို သေချာလုပ်နိုင်ပါတယ်။

ညဘက် စက်ချုပ်တဲ့အခါ အထူးသဖြင့် စက်ချုပ်တာထက် ဒီဇိုင်းတွေ ဖန်တီးတဲ့နေရာမှာ အင်မတန် စိတ်ကူးကောင်းတာတွေ့ရပါတယ်။ လိုအပ်တဲ့ ဒီဇိုင်းတွေ စက်ပညာရပ် ဒီဇိုင်းပညာရပ်တွေနဲ့ပတ်သက်တဲ့ စာတွေ videoတွေကို အင်တာနက်ပေါ်ရှာဖွေတဲ့ အခါမှာလည်း ညနက်သန်းခေါင်အချိန်ဟာ အင်မတန်မှ အင်တာနက်လိုင်းကောင်းတာကို တွေ့ရပါတယ်။ ဒီဇိုင်းဆွဲတဲ့အခါမှာလည်း အင်မတန်စိတ်ငြိမ်နေတဲ့အတွက် ကိုယ်ရဲ့ ဖန်တီးမှု အပေါ်မှာ အာရုံစူးစိုက်နိုင်တာကြောင့် အမှားနည်းပါတယ်။

IMG_20180807_173323.png
credit image source

စာရေးတဲ့ အခါမှာလည်း ဥာဏ်ကွန့်မြူးလို့ ကိုယ်ရေးတဲ့ ဇာတ်လမ်းဟာ အချိတ်အဆက်မိလှပါတယ်။ ဆက်တိုက်ဆိုသလို ရေးသားနိုင်ပြီး စိတ်လက်ကြည်လင်မှုကြောင့် စိတ်ကူးစိတ်သန်းလည်း ကောင်းလှပါတယ်။ ညသန်းခေါင်မှာဖန်တီးထားတဲ့ အနုပညာဟာ ရသမြောက်လှသလို အတင်းဖြစ်ညစ်ဖန်တီးတွေးတော စရာမလိုဘဲ အစီအရီ ထွက်လို့လာပါတယ်။ စာဖတ်ရင်လည်း ဒီအတိုင်းပါဘဲ။ စာထဲမှာ အာရုံထည့်ထားနိုင်ပြီးတော့ ကိုယ်ဖတ်တဲ့စာဟာ ရုပ်ရှင်ပြကွက်တွေလို ထင်ရှားစေပြီး အချိန်အတော်ကြာသည့်အထိ မှတ်မိစွဲလမ်းနေတက်ပါတယ်။

ညဘက်အလုပ်လုပ်တယ်ဆိုတဲ့နေရာမှာ ညလုံးပေါက် မအိပ်ဘဲ လုပ်တာကို မဆိုလိုဘဲ မနက် ၂ နာရီနောက်ပိုင်း အိပ်စက်မယ်ဆိုရင်တော့ မနက်ကိုလည်း အစောနိုင်းထနိုင်ပါတယ်။ လုပ်ငန်းခွငမထဲမှာလည်း စိတ်လက်မကြည်မလင်မဖြစ်တော့ဘဲ တနေကုန် လန်းဆန်းတက်ကြွစွာနဲ့ အလုပ်လုပ်နိုင်ပါလိမ့်မယ်။ ဒါအပြင် အိပ်ချိန်ကနေဖဲ့ပြီး အလုပ်လုပ်တဲ့အတွက် အလုပ်တွေပြီးခြင်း ကိုယ်ပိုင် အချိန်ပိုထွက်လာခြင်းနဲ့ တိကျသေသပ်တဲ့ အလုပ်တွေကို လွယ်ကူစွာလုပ်နိုင်ပါတယ်။ တိတ်ဆိတ်ခြင်းနဲ့ အေးချမ်းခြင်းဟာ အကောင်းဆုံးအလုပလုပ်နိုင်ဖို့ အတွက် မရှိမဖြစ်လိုအပ်တဲ့ ပတ်ဝန်းကျင်ကောင်းဖြစ်တယ်ဆိုတာ သင်လည်းဘဲ လက်ခံတယ်ဆိုရင် အိပ်ချိန်တွေဖဲ့ပြီး ကျမတို့ အလုပ်လုပ်ကျရအောင်ပါ...

IMG_20180808_025252.png
credit image source

@suhlaing
msc 175

Sort:  

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

အေးချမ်းသောညအလှသည်လူ့စိတ်ကိုချမ်းသာစေပါသည်

ဟုတ်တယ် အမ ညရဲ့အေးချမ်းတဲ့အလှမှာ လရောင်လေးဖြည့်စွက်လိုက်ရင် ပိုပြီးသာယာတယ်

ည ကကောင်းတာရှိသလို မကောင်း မှုလုပ်ဖို့လည်း
အင်မတန်ကောင်းတယ်

အမှောင်ကြီးစိုးတဲ့ အချိန်ကိုး ဦးထွေးရဲ့

ညဘက် လူခြေတိတ်ချိန် အလုပ်လုပ်တာတို့ ဘာတို့ က တွင်ကျယ်တာမှန်ပါတယ် ဒါပေမဲ့ 11 နောက်ပိုင်းမအိပ်တာက လူကို ရေရှည်မှာ ထိခိုက်စေတယ် ဘာလို့ ဆို ခန္ဓာကိုဟ်အစိတ်အပိုင်းတချို့ အနားယူသင့်ချိန်မှာ အလုပ်ခိုင်းထားရတာက ရေရှည်မကောင်းဘူးထင်တယ် မတ်စုရေ ကျန်းမာရေးဆောင်းပါးတွေမှာ ဖတ်ဖူးတာပါ

ဝမ်းတွင်း ကလီစာတွေ အနားယူချိန်ဆိုပြီး ဖတ်မှတ်ဖူးပါတယ် ဦးဇင်းရေ လူကြီးတစ်ယောက်အတွက် ၆နာရီလောက် အနားယူရင် အားဖြစ်စေပါပြီ

ညပိုင်းဆို​တော့ ​အေးချမ်းပြီးတိတ်​ဆိတ်​တယ်​အမ

ဟုတ်ပအေ

ကောင်းပါလေ့...

အေးဆေးဘဲလေ ညယ်မ

ကောင်းပါတယ် မတ်မတ်စုရေ ကျန်းမာရေးလဲ ဂရုစိုက်ပါ လုပ်တာလဲ လုပ်ပါနော့

အေးပါအေ အေးပါ အေးပါ

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.031
BTC 62166.63
ETH 3021.89
USDT 1.00
SBD 3.72