မလွန်းနှင့် ကျမ

in #myanmar6 years ago

မတ်မတ်စုသည် စက်ချုပ်ပညာကို အင်မတန်ဝါသနာပါလှသော်လည်း စက်ချုပ်ခြင်းဖြင့်တော့ အသက်မွေးလိုသည့် ဆန္ဒမရှိသဖြင့် စက်ချုပ်သမ ဘဝကို မခံယူဖြစ်ခဲ့ပေ။ ဝါသနာအလျှောက်သာ မိမိ အဝတ်အစားများကို သေသပ်ကျနစွာ ချုပ်ဝတ်လေ့ရှိပါသည်။ ငယ်စဉ်အခါက အထက်တန်းဖြေထားပြီး ကျောင်းပိတ်စဉ်ကာလတွင် အိမ်တွင်လည်း ပျင်းနေပေရာ မိခင်ဖြစ်သူမှ အပိုဝင်ငွေလည်း ရအောင် စိတ်လည်း မလေအောင် စက်နင်းအခြေခံလည်း ရအောင်ဟူသော ရည်ရွယ်ချက်ဖြင့် ခြင်ထောင်ချုပ်လုပ်သော ဆိုင်သို့ ခြင်ထောင်များ ချုပ်တက်စေရန် စေလွှတ် အပ်နှံခဲ့ပါသည်။

ထိုသို့ အပ်နှံရာတွင်လည်း မိခင်ဖြစ်သူသည် စေ့စပ်သေချာလှစွာ မြို့ရှိ အကောင်းဆုံး ချုပ်ရိုးချုပ်သား သေသပ်လှပဆုံးဖြစ်သည့် နာမည်ကြီး ခြင်ထောင်ဆိုင်တွင် အပ်နှံခဲ့ပါသည်။ ထိုဆိုင်သည် စည်းကမ်းလည်း အလွန်ကြီးပါသည်။ စနစ်ကျနမှုလည်း ရှိပါသည်။ မသေသပ်သော ချုပ်ရိုးများကို တစ်ကြောင်းစီ စစ်ဆေးကာ ပြန်လည်ချုပ်လုပ်စေပါသည်။ အပ်ချဉ် အစိတ်အကျဲမှစကာ ချုပ်ရိုးစေစပ်မှုကအစ သေချာစစ်ဆေးလေ့ရှိပါသည်။ ခြင်ထောင်တစ်လုံး ချုပ်လုပ်ရာတွင် အမိုးအုပ်ခြင်းသည် အဓိကကျ၍ ပညာသားပါလှပါသည်။ ခြင်ထောင် အမိုးစွန်းထောင့်နေရာများကို သေချာလုံအောင် အုပ်၍ ချုပ်ရပါသည်။ ထိုဆိုင်သည် ထိုနေရာကို သေချာကျနစွာနှင့် သေသပ်စွာ ချုပ်လုပ်နိုင်သောကြောင့် နာမည် ရလာခြင်းဖြစ်ပါသည်။

IMG_20180725_223117.png
creditvimage source

ဆိုင်ရှင်သည် ဗမာ အမျိုးသမီးဖြစ်ကာ အပျိုကြီး ညီအမများက ကြီးကြပ်ကာ မိဘ လက်ငုတ်လက်ရင်းအဖြစ် ရပ်တည်လာသည်မှာ နှစ်ပေါင်း ၄၀ကျော်ပါပြီ။ ထို ခြင်ထောင်ဆိုင်တွင် စက်ချုပ်သမ ခန့်ရာ၌ တပတ်အတွင်း စက်ကြောင်းဖြောင့်စေရန် အရင် အနင်းသင်ပေးပြီးမှ စိတ်ကြိုက်စက်ကြောင်းရပြီဆိုမှသာလျှင် ခြင်ထောင်ချုပ်နည်း သင်ပေးပါသည်။ စင်နင်းတက်သူများကိုတော့ တစ်ရက်ခန့်လအစမ်းလေ့ကျင့်စေကာ အလုပ်ခန့်လေ့ရှိပါသည်။ ထို့ အပြင်အော်ဒါချုပ်ဖို့ရန်အတွက် စက်ကြောင်းအလှဆုံး အမြန်ဆုံးချုပ်နိုင်သူများကို ရွေးချယ်တာဝန်ပေးလေ့ရှိပါသည်။ စက်ချုပ်သမများကို အုပ်ချုပ်ရန်အတွက် စက်ချုပ်သမများထဲမှ ဝါရင့် တစ်ဦးကို ပြန်လည်ခန့်ထားစေပြီး ခြင်ထောင်ချုပ်လုပ်နေစဉ် အနီးကပ်စောင်ကြည့်စစ်ဆေးစေပါသည်။

IMG_20180725_223452.png
credit image source

ဆက်ရန်...

@suhlaing
msc 175

Sort:  

မလွန်းတွေ့ဘူး မတ်စု စက်ချုပ်တာပဲ တွေ့တယ်

အဲ့မှာ စတွေ့တာဘဲ ဘုရား

This post has received a 1.84 % upvote from @booster thanks to: @suhlaing.

စက်ချုပ်ပညာကလည်း ဝင်ငွေမဆိုးဘူးနော်

မဆိုးဘူး ကထက်ရေ သေချာလုပ်ရင် ပိုက်ဆံ ရတယ် ဒါပေမဲ့ လူလည်း ထိတယ်

ဆက်ဖတ်ပါမည်

ဟုတ်ကဲ့ အားပေးတာ ကျေးဇူးပါ

ခေး.. ဆက်ဖတ်ပါမည်မမစု😊😊😊

ဟုတ် ကျေးဇူးပါ ညယ်မလေး

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64029.44
ETH 3157.04
USDT 1.00
SBD 4.02