မပေါ့မပါးနဲ့ စိတ္တဇ ဒဏ်ရာ

in #myanmar5 years ago

@lwanwaiက ပေါ့ပေါ့ပါးပါးလေးတွေ ရေးတင်တော့မယ်ဆိုတော့ မတ်မတ်စုတစ်ယောက်လည်း မပေါ့မပါးနဲ့ စိတ္တဇ ဒဏ်ရာကြီး ဇာတ်သိမ်းပြီးသကာလ ပေါ့ပေါ့ပါးပါးလေးတွေ ရေးအုံးမယ်လို့ စိတ်ကူးမိပါတယ်။ စိတ္တဇ ဒဏ်ရာကြီးက အတော်ဦးနှောက်ခြောက်စေတဲ့ ဇာတ်လမ်းကြီး ဖြစ်ခဲ့ပါတယ်။ လှည့်ကွက်တွေ အကွေ့တွေ များစွာနဲ့ မနိုင်မနင်းရေးပြီး ဆန့်ငင် ဆန့်ငင်ကြီးနဲ့ ဇာတ်သိမ်းပစ်လိုက်ပါတယ်။ စာဖတ်သူတွေတော့ မသိဘူး။ ရေးသူ မတ်မတ်စုတစ်ယောက်တော့ သီရိမမ နေရာကနေ ခံစားခဲ့ရတာကြောင့် စိတ်ကျန်းမာရေး ဆရာဝန်ဆီ ပြေးပြရမလို ဖြစ်နေပါတယ်။

image
source

@lwanwaiက မေးထားတာရှိပါသေးတယ်။ ကားပေါ်က တစ်ယောက် ဘယ်ရောက်သွားသလဲပေါ့။ မတ်မတ်စုက ပြန်ဖြေထားတယ်။ ကြိုက်သလိုယူဆနိုင်ပါတယ်လို့။ တကယ်က စာရေးသူကိုယ်တိုင် လွတ်ပေးရမလား သေခိုင်းရမလား မသဲကွဲဘူးဖြစ်နေလို့ပါ။ သေခိုင်းရင်လည်း ရဲတွေပါ ပါလာပြီး ဇာတ်က ထပ်ရှည်နိုင်သလို သေခိုင်းပြန်ရင်လည်း သနားစိတ်ဝင်လာမိလို့ပါ။ အဲ့တော့ စာဖတ်သူကိုယ်တိုင် ကြိုက်သလို ထပ်တွေးနိုင်ပါတယ်။ နောက်တစ်ချက်က @asterkameရဲ့ မန့်လို ဆေးရုံက ထွက်ပြေးလာပြီး ဒီလူတွေကို လိုက်သတ်နိုင်မလား ဒါမှ မဟုတ် ပြန်မိသွားမလား ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုလည်း စာဖတ်သူ စိတ်ကြိုက် တွေးနိုင်ပါတယ်။ စာဖတ်သူတွေ မရိုးမယွလေးဖြစ်အောင် မတ်မတ်စုရဲ့ စိတ္တဇ ဒဏ်ရာက ဖန်တီးထားပါတယ်။

image
source

အစအဆုံး ဖတ်ပြီးသွားကျပြီလို့ ယူဆတဲ့အတွက် ထင်မြင်ချက်လေးတွေကို ပေါ့ပေါ့ပါးပါးဘဲ ဖြစ်ဖြစ် မပေါ့မပါးဘဲဖြစ်ဖြစ် ပေးကျပါအုံးလို့ ။ ဝေဖန် အကြံပြုချက်တွေကိုလည်း ကောင်းသည် ဆိုးသည် အားလုံးလက်ခံနိုင်ပါတယ်။ ဝေဖန်မှုရှိမှ မတ်မတ်စုရဲ့ စာပေအရေးအသားဟာလည်း ဒီထက်မကတိုးတက်လာမယ်လို့ မျှော်လင့်မိပါတယ်။ ဒါကြောင့် အရေးအသားပိုင်းကော ဇာတ်ကွက်ဇာတ်လမ်းပိုင်းကော ထင်မြင်ချက်လေးတွေ ပေးသွားကျဖို့ မေတ္တာရပ်ခံရင်း....

@suhlaing
msc 175

Sort:  

Congratulations @suhlaing! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You received more than 15000 upvotes. Your next target is to reach 20000 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

Saint Nicholas challenge for good boys and girls

You can upvote this notification to help all Steemit users. Learn why here!

ဇာတ်​လမ်းကအချိုးအ​ကွေ့​တွေ၊လျို့ဝှက်​ချက်​များနှင့်​စိတ်​၀င်​စားဖို့​ကောင်းပါတယ်​....ဇာတ်​သိမ်းတာနည်းနည်းမြန်​သွား​ပေမဲ့၊ဖတ်​ပြီးတာနဲ့ပြီး​ရောလိုမဟုတ်​ဘဲ၊စာဖတ်​သူအတွက်​​တွေးစရာ​တွေချန်​ထားခဲ့တာ​​ကောင်းပါတယ်​.....အစမှအဆုံးကြိုက်​ပါတယ်​....

Posted using Partiko Android

ဇာတ်လမ်းအစအဆုံး စိတ်ဝင်တစားဖတ်ပေးတဲ့အတွက် ကျေးဇူးပါ ညီမရေ အားမလိုအားမရနဲ့ ဇာတ်သိမ်းလိုက်ရသလို ဇာတ်သိမ်းလိုက်မှ စိတ်ထဲပေါ့ပါးသွားပါတယ်

သရုပ်ဆောင်တွေ စိတ်ပင်ပန်းရတယ်ဆိုတာ ဟုတ်မှာနော်။ရေးသားသူလည်း ကိုယ်တိုင်ဖန်တီးခံစားရတော့ စိတ်လှုပ်ရှားရမှာဘဲ။ဇာတ်အိမ်ခိုင်ခိုင်နဲ့ ရေးသားနိုင်တာ ချီးကျူးပါတယ်ဗျာ။

စာတွေ အများကြီးရေးသားနိုင်တဲ့ စာရေးဆရာကြီးတွေကို ချီးကျူး ကိုယ်ချင်းစာမိပါတယ် ချီးကျူးတဲ့အတွက် ကျေးဇူးပါ ကိုမဟော်

ဇာတ်လမ်းကတော့ စွဲဆောင်မှုရှိတယ် မစု
နောက်ပိုင်းဇာတ်ကို စာဖတ်သူစိတ်ကြိုက်
တွေးရအောင်ပေါ့လေ

ဝိုင်းပြီး ဦးနှောက်စားခိုင်းထားတာ ဘထွေး😊😊😊

နောက်​တပုဒ်​ စ​တော့မလို့လား

စ သေးဘူး နားအုံးမယ် ဘယု

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

အင်း ​ပြောပြရမယ်​ဆို စာဖတ်​သူရဲ့ စိတ်​​တွေကို အ​တွေး​တွေ စဉ်းစားစရာ​တွေနဲ့ ထား​ပေးခဲ့တဲ့အတွက်​ ဇတ်​ကွက်​​တွေက ​သေမသွားပါဘူး တစ်​​ယောက်​တစ်​မျိုး ဇတ်​​ကောင်​​တွေ စရိုက်​ကိုယ်​စီနဲ့ ရှင်​သန်​​နေတဲ့အတွက်​ ရသ​မြောက်​တဲ့ အ​တွေးကို ​ပေးစွမ်းပါတယ်​လို့ 😁😁

Posted using Partiko Android

ကောင်းကွက်လေးတွေနဲ့ ဝေဖန်ပေးတော့ ရေးသူစိတ်ချမ်းသာပြီလေ ကျေးဇူးပါရှင့်

မယ်ကြည် ရေးတာထက် သာချက် ကြိုက်တေ ထက်ရေးဘာ😍

Posted using Partiko Android

ခဏတော့ နားအုံးမယ် မယ်ကြည်ရေ

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64014.44
ETH 3064.06
USDT 1.00
SBD 3.86