လိုင်ချီးသီးနှင့် ကျန်းမာရေး

in #myanmar6 years ago

မြန်မာအမည် လိုင်ချီးသီး (ခ)တရုတ်ဇီးသီး(ခ)လေရူသီးသည် ကချင်ပြည်နယ်တွင် အများဆုံးတွေ့မြင်နိုင်သော အသီးဖြစ်ပါသည်။ ထို့ အပြင် မန္တလေးတိုင်းဒေသကြီးနှင့် ကလေးမြို့နယ်တို့တွင်လည်း စီးပွားဖြစ် စိုက်ပျိးဖြစ်ထွန်းလျှက်ရှိပါသည်။ လိုင်ချီးသီး၏ မျိုးစိတ်မှာ တရုတ်ပြည်တောင်ပိုင်းမှ ဆင်းသက်ပြန့်နှံ့လာသည်ဟု လေ့လာ မှတ်သားရပါသည်။

image
credit image source

လိုင်ချီးသီးတွင် လူတို့ ကျန်းမာရေးအတွက် အဓိကလိုအပ်သော အာဟာရဓာတ်များ များစွာပါဝင်ပါသည်။ ဗိုက်တာမင် D ဗိုက်တာမင် E ပရိုတင်းဓာတ် သကြားဓာတ် ကယ်လဆီယမ် သံဓာတ်နှင့် လူတို့အတွက် ရေဓာတ်ကိုလည်း ဖြည့်စည်းပေးပါသည်။ ဗိုက်တာမင် C ပါဝင်မှုကြောင့် ကင်ဆာ ဖြစ်နိုင်ချေကိုလည်း လျော့ချပေးသည်။ လိုင်ချီးသီးစားသုံးခြင်းဖြင့် နုလုံးလည်ပတ်မှု အားကောင်းစေပြီး နုလုံးရောဂါ ဖြစ်နိုင်ချေကိုလည်း လျော့ချပေးပါသည်။ သွေးခဲခြင်း သွေးကျဲခြင်း ရောဂါများကိုလည်း သက်သာစေသည့် အပြင် လေဖြတ်ခြင်းမှလည်း ကာကွယ်ပေးပါသည်။

image
credit image source

လိုင်ချီးသီးသည် လူတို့ ကျန်းမာရေးအတွက် များစွာအထောက်အကူပြုသကဲ့သို့ ဆိုးကျိုးလည်း အနည်းငယ်ရှိပါသည်။ လိုင်ချီးသီးတွင် သွေးထဲမှ သကြားဓာတ်များကို လျော့ချပေးသော အမိုင်နို အက်ဆစ်လည်း ပါဝင်ပါသည်။ ထို့ကြောင့် ကလေးသူငယ်များသည် အစာမစားမီ လိုင်ချီးသီးကို မစားသုံးသင့်ပေ။ အမိုင်နို အက်ဆစ်ဓာတ်ကြောင့် သွေးထဲရှိ သကြားနှုန်းလျော့ကျလာကာ မူးဝေခြင်း အော့အန်ခြင်းများမှ အသက်အန္တရာယ်ဆုံးရှုံးနိုင်သည် အထိ ဖြစ်စေတက်ပါသည်။ ထို့ကြောင့် လိုင်ချီးသီးပေါ်သော ယခုလိုရာသီအချိန်တွင် ကလေးမိဘများက သတိထားကျွေးမွေးပါက အံ့မခန်း အစွမ်းထက်လှသော လိုင်ချီးသီးမှပေးသည့် ကျန်းမာရေးအတွက် ရလာဒ်ကောင်းများကို ခံစားရမည် ဖြစ်ပါကြောင်း ဗဟုသုတ ရစေလိုခြင်းဌာ ရေးသားလိုက်ရပါသည်။

@suhlaing
msc 175

Sort:  

@therealwolf 's created platform smartsteem scammed my post this morning (mothersday) that was supposed to be for an Abused Childrens Charity. Dude literally stole from abused children that don't have mothers ... on mothersday.

https://steemit.com/steemit/@prometheusrisen/beware-of-smartsteem-scam

က​လေး​တွေ​ကျွေးရင်​ သတိထားမှပါ

အစာတစ်ခုခု ခံကျွေးရင် ရတယ် အောင်ကြီးရေ

ဆီးချိုသမား​တွေလိုက်​ချီးသီးနဲ့တည့်​မှာ​နော်​မမစု။

တည့်တယ် ညီမ နည်းနည်းကျွေးပေးရင် ရပါတယ်

ကြိုက်​တယ်​လိုင်​ချီးသီးကို

လူတိုင်းနီးပါး ကြိုက်ကျတယ်

အသီးအရွက်အားလုံးမှာလူသားအကျိုးပြ သဘာဝဓါတ်ပစ္စည်းတွေပါဝင်ပြီးဖြစ်တယ်။ အဆိပ်ပင်တောင်မှ သုံးတတ်ရင်ဆေးဖြစ်ပါတယ်၊ ဒါ့ကြောင့် မောင်ယဉ်နွယ် က ဆေးလည်းအဆိပ်၊ အဆိပ်လည်းဆေး ဆိုတဲ့စာအုပ်မှာ အသီးအရွက်၊ အခက်အလက်တွေအစုံရေးထားတယ်။

ဟုတ်ကဲ့ပါ ဆရာ

ဗဟုသုတ တစ်ခု ထပ်တိုးသွားပြီ...

ဟုတ်ကဲ့ရှင့်

sneaky-ninja-sword-xs.jpg
Sneaky Ninja Attack! You have just been defended with a 3.23% upvote!
I was summoned by @suhlaing. I have done their bidding and now I will vanish...

woosh
A portion of the proceeds from your bid was used in support of youarehope and tarc.

Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

လိုင်ချီးသီး က အခုရနေပီနော် အထက်ပိုင်းမှာ ပေါလည်းပေါ ဈေးလည်းချိုတယ်တဲ့ ခါတိုင်းနှစ်တေဆို ကချင်ပြည်နဟ်မှာ့မှာတာဝန်ကျ နေတဲ့ အမျိးတေ ယူလာလက်ဆောင်ပေးလ်ု့ လတဆတ်နေတာဘဲဝယ်စားစရာတောင်မလိုဘူး
စစ်ကိုင်းမှာ ရောင်းကြပေမယ့် မလတ်ဆတ်လို့ ဝယ်မစားဖြစ်ဘူး

အမတို့ ဗန်းမော်မှာ အရမ်းပေါတယ် ခြံထဲထိသွားဝယ်စားရင် အရမ်းလက်ဆတ်တယ် ဈေးလည်း ချိုတယ် ညီမ

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70734.57
ETH 3561.52
USDT 1.00
SBD 4.75