ဂုဏ်သိက္ခာ

in #myanmar6 years ago (edited)

Steem မှာ စာမရေးဖြစ်သေးတော့ ဒီရက်ပိုင်း အားနေသလိုလိုပေါ့။ ရင်ထဲမှာ ဟာတာတာနဲ့ ဘာလုပ်ရမှန်းမသိဖြစ်နေတာ။ ဒါနဲ့ အင်တာနက်လေးဖွင့် FBလေး ဖွင့်တုန်းရှိသေး တက်လာတဲ့ ပိုလ့်က ဟာနေတဲ့စိတ်ကို ဒေါသတွေဖြည့်ပေးလိုက်သလိုပါဘဲ။ သူများ အကုသိုလ်ကိုယ့်ဆီကူးတယ်ဆိုတာ ဒါမျိုးနေမှာလို့။ တခြားသတင်းတော့ မဟုတ်ပါဘူး။ ခုတလောကြားနေရတဲ့ စနှိုက်ကျော်ကိစ္စပါဘဲ။ ဘယ်ဆယ်လီက ဘယ်သူ့ ယောက်ျား ဘယ်သူ့ချစ်သူကို ကြောင်တောင်နှိုက်သွားလို့တဲ့ စသည့်ဖြင့်ပေါ့။ စနှိုက်ကျော်တွေကလည်း FBမှာ မျက်နှာပြောင်စွာနဲ့ သူများချစ်သူ ယောက်ျားတွေနဲ့ အရမ်းပျော်နေတဲ့ ပုံတွေတင် ကဲပြကျ သဲပြကျ အော်..ခေတ်ကိုက။

အဲ့လိုပိုလ့်တွေ မြင်ရပေမဲ့ ကိုယ်ကလည်း ကျော်မသွားဖြစ်ဘူး။ လူဆိုတာ စပ်စုချင်ကျတာကိုး။ ဒါနဲ့ ဝင်ဖတ်လိုက်တယ်။ ဒီဘက် ဟိုဘက် Fanတွေရဲ့ တိုက်ခိုက်စကားသံတွေ အဆင်ပြေတုန်းက လူသိမခံခဲ့တဲ့ viber ssတွေ အပြန်အလှန် ချပြကျ သူမှန်တယ် ငါမှန်တယ်နဲ့ အချင်းချင်းတိုက်ခိုက် အမျိုးတွေက မြှောက်ပင့်သွေးထိုး ကြားလူတွေက ဝင်ဆဲ ဒါတွေနဲ့ ရှယ်တွေကော Likeတွေ comတွေကော 1k 2k အထက်မှာ။ စိုးတော့မစိုးဘူးနော့။ အနုပညာရှင်တွေလို့သာပြောတာ ဘယ်ဇာတ်ကားမှာ ဘယ်သီချင်းမှာ သီဆို သရုပ်ဆောင်ကျသလဲမသိရပေမဲ့ အခုတော့ လူနဲ့နာမည် တွဲပြီး FBသုံးသူတိုင်း မှတ်မိသွားကျပြီ။ အဲ့လိုဆိုတော့ နာမည်ကြီးအောင်များ အကွက်ဆင်ကျသလား အောက်မေ့ရတယ်။

IMG_20181001_135309.png
source

ဟို မော်ဒန်လေးတစ်ယောက်ဆို အခုမှ ပိုပြီးနာမည်တောင်ကြီးလာသေးတယ်။ ကွီးတို့ရဲ့ အသည်းတွေကို ဖြစ်လို့။ သူ့ရဲ့စန်းပေါ့လေ။ နာမည်ပျက်ပြီးမှ နာမည်ကြီးမဲ့ ကံပါလာတာထင်ပါ့။ ကဲ နောက်တစ်ခု ဆက်ကျမယ်။ စနှိုက်ကျော်ကိစ္စပါ။ နာမည်ကြားတာနဲ့ကို ရွံ့ချင်စရာကောင်းပါတယ်။ သူတို့က ပြောလိုက်သေးတယ် ချစ်သူရှိတာ မိန်းမရှိတာ မဟုတ်ဘူးတဲ့။ ဟုတ်ကဲ့ မိန်းမရှိတဲ့ ဘသားချောတွေကို ဆွဲစားနေတာကျတော့ရော ဘာလား ညယ်မရယ်လို့။ ကလေးတွေက ကြားကနေမြေစာပင်ဖြစ်ရတယ်။ မိဘအစုံအလင်နဲ့ မနေခဲ့ရတဲ့ သူတို့ ဘဝလေးတွေမှာ ကွက်လပ်တွေတော့ ရှိကျသွားကျပြီလေ။ ပြီးတော့ စိတ်ဒဏ်ရာလေးတွေနဲ့ အားငယ်စွာ ရှင်သန်ရတော့မယ်။ ပြီးတော့ ခြံခုန်တက်တဲ့သူကို ကိုယ့်လက်ထဲမှာ ယုံကြည်စိတ်ချရပါ့မလားဆိုတာလည်း စဉ်းစားစေချင်တယ်။

သူတစ်ပါး မိသားစုကို ပြိုကွဲအောင်လုပ်တာဟာ ဘယ်လောက်အပြစ်များလည်းဆိုတာ ဘုရားဟောတွေ ရှာဖတ်စေချင်ပါတယ်။ လက်တွေ့မှာလည်း လူတစ်ကာရဲ့ ကဲ့ရဲ့ခြင်းကို ခံရသလို သံသရာအတွက်လည်း မကောင်းတဲ့လုပ်ရက်ဖြစ်ပါတယ်။ သူများလင်ယောက်ျားကို လက်ဆွဲပြီး လူတကာအလယ်မှာ မော်ကြွားစရာ ကိစ္စမဟုတ်ပါဘူး။ ဘယ်သူ့မျက်နှာမှ မထောက်ရင်တောင် ကိုယ့်ကို မွေးခဲ့တဲ့ မိဘမျက်နှာတော့ ထောက်သင့်ပါတယ်။ ကိုယ့်မိဘတွေမှာ ကိုယ့်အစားဘယ်လောက်ရှက်လေမလဲ။ သူတစ်ပါးလင်ယောက်ျားဟာ တက်မက်စရာမဟုတ်ပါဘူး။ လင်ရှိမယား မယားရှိလင်နဲ့ ဖောက်ပြန်မိရင် သံသရာအတွက် ကြီးမားတဲ့ အကုသိုလ်ထုပ်ကြီးကို သယ်သွားရသလိုပါဘဲ။ ဒါကြောင့် ရှောင်ရှားခြင်းဖြင့် မိမိဂုဏ်သိက္ခာ မိဘဂုဏ်သိက္ခာကို ထိန်းသိမ်းကျပါလို့ အကြံပြု ရေးသားအပ်ပါသည်။

IMG_20181001_135555.png
source

@suhlaing
msc 175

Posted using Partiko Android

Sort:  

သူ့ မယား သူ့ လင် မမြင်နိုင်ကြတော့တဲ့ ခေတ်ဖြစ်ပြီ မတ်စုရေ ပြောချင်တော့ပါဘူး

တင်ပါ့ ဦးဇင်းရေ

Posted using Partiko Android

သံသရာပါမယ့် အရှုတ်ထုပ်ကိုတော့ မသယ်ချင်ပါ ပေါ့ပေါ့ပါးပါး ရတနာထုပ်လေးတွေပဲ သယ်သွားတော့မယ် မတ်မတ်စုရယ် ☺

steemအထုပ်လေးတွေ ဆိုရင်ကောကွယ်

Posted using Partiko Android

စနိုက်ကြော် လောက ကလည်း ကိုးရီးယား အားကျကုန်သလားကွယ်

Posted using Partiko Android

မယားငယ်မရှိ မယားပြိုင်ဘဲရှိသတဲ့အေ

Posted using Partiko Android

သူများဟာမှ လိုချင်‌ကြသကိုး။ကျွပ်‌ ကျွပ်‌..ကြားရတာ အံ့သြစရာပါ။သူတို့ သားသမီး‌တွေကို ဘယ်‌လိုများ ထိန်း‌ကြောင်းကြမလဲမသိဘူး။

တွေ့ဘူးတယ် အဲ့လိုတွေ

Posted using Partiko Android

စနှိုက်​​ကျော်​​တွေကိုအပြင်းအထန်​ကန်.့​ကွက်​တယ်​....သူများမိသားစု၊ပြီး​တော့မိန်းက​လေးချင်းကိုယ်​ချင်းစာသင့်​တယ်​...ရှက်​လည်းမရှက်​ကြဘူး...မျက်​နာ​ပြောင်​တိုက်​တယ်​...

Posted using Partiko Android

အဲ့လို မိန်းမတွေက မျက်နှာအတော်ပြောင်ဘဲ ညီမရေ

Posted using Partiko Android

လူ့ဘုံ​လောက လူ့​လောကက
အ​တော်​ရှူပ်​စမ်းသကိုးကွယ့်

တင်ပါ့ အဲလေ ယောင်လို့

Posted using Partiko Android

စနှိုက်ကျော်တွေကို ဝိုင်းဝန်းရှုံချကြပါစို့

အရှက်ကို မရှိကျတော့တာ ခပ်တည်တည်ဘဲ သများပစ္စည်းနဲ့

Posted using Partiko Android

အင်း ကိုရီးယားကားတွေကြည့်ပြီး
ကလေးတွေအတွက် ရင်လေးပ မတ်မတ်စုရယ်

အမှန်ဘဲ ဦးထွေးရေ အဓိကက ဒါဟာ ရှက်စရာပါလားလို့ မခံယူကျတာဘဲ

Posted using Partiko Android

တော်တော်များများကကိုယ်ကျင့်သိက္ခာကိုမထိန်းသိမ်းကြတော့ဘူး

လူ့တန်ဖိုး ကျဆင်းနေတာဘဲ ညီမရေ ဒါကြောင့် လူတွေကို ကြက်ကလေး ဌက်ကလေးလို သတ်ဖြတ်နေကျတာ ကလေးတွေကို ရောင်းကုန်တစ်ခုလို လူကုန်ကူးနေကျတာ

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64104.40
ETH 3148.52
USDT 1.00
SBD 4.25