ဝေခွဲရခက်သော ပုစ္ဆာ

in #myanmar5 years ago

လူရယ်လို့ဖြစ်လာတာနဲ့ ခံစားချက်ဆိုတာ ကပ်ပါလာတာပါဘဲ။ ခံစားချက်ကို အလိုလိုက်တက်တဲ့သူနဲ့ ခံစားချက်ကို ထိန်းချုပ်တက်တဲ့သူ ဒါဘဲ ကွာပါလိမ့်မယ်။ ငယ်ငယ်တုန်းက အချစ်ဆိုတာကို လူတွေ တော်တော်များများ လေးလေးနက်နက် ခံစားဖူးခဲ့ကျမှာပါ။ သူနဲ့မှ လွှဲရင် ငါတော့ အသက်မရှင်နိုင်ဘူး။ ဒါမှမဟုတ်လည်း ရှင်ရက်နဲ့သေတဲ့သူဖြစ်ကောင်းဖြစ်မယ်။ ဒါမှ မဟုတ် နောက်ထက်သူ့လောက် ဘယ်သူ့ကိုမှ ထပ်မချစ်နိုင်တော့ဘူး စသည်ဖြင့်ပေါ့လေ။ အချစ်နဲ့ ပတ်သက်လို့နက်နက်ရှိုင်းရှိုင်းတွေ ရှိခဲ့ကျမှာပါ။ ဒီ အရွယ်မှာ တစ်ချို့လည်း ခံစားချက်နောက်လိုက်ပြီး ဘဝအတွက်ပါ ဆုံးဖြတ်သွားကျသလို တစ်ချို့လည်း ငယ်ရွယ်စဉ်မှာကိုက ခံစားချက်ကို ထိန်းချုပ်နိုင်တာ တွေ့ရပါတယ်။

image
source

image
source

ခံစားချက်ကို ထိန်းချုပ်နိုင်တာ ကောင်းလားဆိုတော့ ကောင်းပါတယ်။ ဒါပေမဲ့ ထိန်းချုပ်လွန်းအားကြီးရင်လည်း လူသားမဆန်တော့ဘူးလို့ မြင်မိတယ်။ လူရယ်လို့ ဖြစ်လာထဲကိုက ငိုခြင်း ရယ်ခြင်း ချစ်ခြင်း မုန်းခြင်းဆိုတာ ရှိရမယ် မဟုတ်လား။ ခံစားချက်ကို ဦးစားမပေးဘဲ ချစ်ပေမဲ့ မချစ်သလို မုန်းပေမဲ့ မချစ်သလို နေရတာဟာ ဘဝရဲ့ဟန်ချက်ကို စည်းဝါးမကိုက်ဘဲ လျှောက်လှမ်းနေတာနဲ့တူပါတယ်။ နေရာတစ်ကာ ခံစားချက်ကို ရှေ့တန်းတင်လွန်းရင်လည်း မကောင်းပြန်ပါဘူး။ စည်းလွတ် ဝါးလွတ်နဲ့ အထိန်းအကွပ်မဲ့သလို ဖြစ်တက်ပါတယ်။ ခံစားချက်ဆိုတာလည်း တကယ်တမ်း ထိန်းချုပ်ရတာ ထင်သလောက်မလွယ်ပြန်ဘူး။ ငယ်ရွယ်သူတွေရဲ့ ဘဝမှာ သာပြီးတောင် ဆိုးပါသေးတယ်။

လွတ်လပ်ပေါ့ပါးစွာနေရတဲ့ ငယ်ဘဝလေးမှာ ထိန်းချုပ်မှုတွေနဲ့ ခံစားချက်ကို အကျဉ်းချထားတာကလည်း တစ်ခါတစ်လေ တစ်ဘဝလုံးကို သေစေသလိုပါဘဲ။ ဘာဘဲ ဖြစ်ဖြစ် သူ့နေရာလေးနဲ့သူတော့ ရင်ခုန်သံကို နေရာပေးသင့်ပါတယ်။ အသက်အရွယ်ရလာတော့ ရင်ခုန်သံတွေထိန်းချုပ်ဖို့ရာ အတော်ကို လွယ်သွားပြီလို့ မဆိုနိုင်ပေမဲ့ ငယ်ငယ်တုန်းကလောက်တော့ ခံစားချက် မပြင်းထန်တော့တာ သေချာပါတယ်။ ချင့်ချိန်တက်ခြင်းတွေနဲ့အတူ ဘဝရဲ့ သေသားကျမှု ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိမှုတွေကြောင့်လည်း ခံစားချက်ချိန်ခွင်ဟာ အလေးမသာနိုင်တော့ဘူးလေ။ ဒီလိုနဲ့ အိုမင်းရင့်ရော်ခြင်းမှာ အသားကျရင်း ခံစားချက်တွေကို ပြန်နိုးလာဖို့ သံပတ်ပေးထားတဲ့ နုလုံးသားတစ်စုံတောင် ၁၅၀၀လို့ ထ မြည်နိုင်တော့တဲ့ ဘဝ။ ငါကော ...ဘာကို ရွေးချယ်ခဲ့တာလည်း?

@suhlaing
msc 175

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ငါ့ယာ နှီးစပ်ရွှေ့ 😁

Posted using Partiko Android

ဘာလားဘဲ ကိုစော

၅၂၈ 😁 ကိုစောက ချဲဂဏန်းပေးတာ

ခံစားမှုတွေကို ထိန်းချုပ်လွန်းရင်လဲ ပေါက်ကွဲထွက်တတ်တာပဲလေ

ထိန်းချုပ်လွန်းတာလည်း မကောင်းဘူးပေါ့ ဘထွေးရယ်

ဟုပ ဟုပ ငယ်​ငယ်​တုန်းက လူတိုင်းရူးမိခဲ့တဲ့အချစ်

အခုတော့ နည်းနည်း ရင့်ကျက်လာပြီ

ခံစားချက်​​တော့ရှိရမှာပါ...အလွန်​အကျွံမဖြစ်​​စေဖို့ပဲလိုတာပါ....

Posted using Partiko Android

ခံစားချက်မရှိရင်လည်း စက်ရုပ်နဲ့တူသွားမှာ ညယ်မရေ

ဘာအရာရာအဖြစ် အစွန်းမရောက်ဖို့ပဲ့ လိုတယ်ထင်တယ် မစုရေ

အမှန်ပါဘဲ မောင်လေးရေ

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70597.89
ETH 3559.60
USDT 1.00
SBD 4.77