မှော်ဆန်သော အပ်ချုပ်စက်လေး ( ၇ )

in #myanmar6 years ago

အဘိုးအိုသည် ဆိုင်ခန်းကျဉ်းလေးထဲတွင် စက်ခုံထက်၌ထိုင်ကာ သားရည်ဂျာကင်တစ်ထည်ကို ချုပ်လုပ်နေလေသည်။ ဆိုင်ရှေ့တွင်လည်း ပေါလစ်တင်ထားသော ဂျာကင်များကို အကျီင်္ချိတ်များဖြင့် ချိတ်ဆွဲထားလေသည်။ ဆိုင်နာမည်တပ်ထားခြင်းတော့ မရှိပေ။မအေးလှသည် လမ်းတဖတ်မှ ကြည့်ရသည်မှာ အလှမ်းဝေးနေသည်ဟု ခံစားရပြီး အဘိုးအို ရှိသော လမ်းတဖက်သို့ ကူးရန်ဟန်ပြင်လိုက်လေသည်။ ထိုအချိန်တွင် ဘတ်စ်ကားတစ်စီးသည် အရှိန်ပြင်းထန်စွာမောင်းနှင်းလာပြီး လမ်းပေါ်ရှိ လူအချို့ကို ဝင်တိုက်မိလေသည်။ ထိုမျှမကသေးဘဲ လမ်းဘေး ပလက်ဖောင်းကို ကျော်ကာ အဘိုးအို၏ အပ်ချုပ်ဆိုင်လေးအတွင်းဝင်ရောက်သွားလေတော့သည်။ ခေတ္တ ခဏအတွင်း လမ်းမထက်၌ သွေးရောင်များလွှမ်းသွားကာ လူအော်သံများ ကားဘီးကျိတ်သံများ လဲပြိုသံများနှင့် ဆူညံသွားလေတော့သည်။

လူတစ်ချို့မှလည်း '' ဘတ်စ်ကား ဘရိတ်ပေါက်ပြီးဝင်တိုက်ကုန်တာ ကားသမား မူးနေတယ် ထင်ပါရဲ့''

တစ်ယောက်တစ်ပေါက်ဝေဖန်သံများနှင့် '' ဆေးရုံကားခေါ်ကျပါ ဒဏ်ရာ ရသူတွေ သေကုန်တော့မှာဘဲ စက်ချုပ်တဲ့ ကုလား အဘိုးကြီးတော့ သေပလား မသိဘူး အုတ်နံရံနဲ့ကားကြားမှာ ညှပ်နေတယ်''

IMG_20180910_063830.png
source

မအေးလှလည်း ကားလမ်းကို အမြန်ကူးလာကာ အဘိုးအိုထံသို့ အပြေးအလွှား သွားလိုက်မိလေသည်။ ကားသည် အဘိုးအို၏ဆိုင်အတွင်းသို့ ဝင်လာပြီး အဘိုးအိုအားတိုက်ဆွဲသွားကာ ဆိုင်၏ အနောက်ဖက် အုတ်နံရံနှင့်တိုက်ပြီး ရပ်တန့်သွားလေသည်။ အဘိုးအိုသည် ထိုကားခေါင်းနှင့် အုတ်နံရံကြားတွင် ညှပ်နေကာ သေးငယ်လှသော ခန္ဓာကိုယ်သည် ပြားချုပ်နေပြီး ဦးခေါင်းမှ ဦးနှောက်ဖြူဖြူနှင့် သွေးများရောကာ ကျနေလေသည်။ သွေးစက်တို့သည် တပေါက်ခြင်းကျနေကာ မျက်လုံးအစုံသည်လည်း ကျွတ်ထွက်လျှက်ရှိလေသည်။ သတ္တိကောင်းသော မအေးလှပင်လျှင် ဆက်မကြည့်ဝံ့တော့ဘဲ မျက်စိစုံမှိတ်လိုက်ရလေသည်။ မအေးလှသည် ထိုနေရာတွင် ဆက်မနေရဲတော့ဘဲ လှည့်ထွက်လိုက်စဉ် ပစ္စည်း အကျိုးအကြေများကြား၌ မိမိဝယ်ယူထားသော စက်ခေါင်းနှင့် လွန်စွာတူသော Singer စက်ခေါင်းလေးကိုမှောက်လျှက်သားတွေ့လိုက်ရလေသည်။ စက်ခေါင်းတစ်လုံးတွင်မတော့ သွေးချင်းချင်းနီနေကာ အဘိုးအို၏ ကျွတ်ထွက်လာသော မျက်လုံးတစ်လုံးသည် ကပ်၍ နေလေသည်။ မအေးလှလည်း အမလေးတလျှက် ပြေးမိပြေးရာ စွတ်ပြေးနေစဉ် လက်တစ်စုံ၏ ဖမ်းဆွဲမှုကို ခံလိုက်ရလေသည်။

မအေးလှသည် အိမ်မက်မှ လန့်နိုးလာစဉ် ခန္ဓာကို တစ်ခုလုံး ချွေးများနှင့် စိုရွှဲနေလေသည်။ မိမိတစ်သက် မကြုံဖူးသေးသော ကြောက်လန့်စိတ်ကြောင့် မောဟိုက်နေကာ ကတုန်ကယင်ဖြစ်နေလေသည်။ အိပ်ယာဘေး စားပွဲပေါ်တွင် တင်ထားသော ရေချိုင့်ထဲမှ ရေတစ်ခွက်ကို သောက်နေစဉ်

'' ကျွီ ကျွီ ကျွီ ကျွီ ''

IMG_20180910_064413.png
source

အပ်ချုပ်စက်ထားရာ အခန်းဘက်ဆီမှ တကျီကျီမြည်သံသည် အဆက်မပျက်ပေါ်ထွက်လာလေသည်။ သံချေးအထက်ထက်ကိုက်ထားပြီး ဆီထည့်ခြင်းမပြုတော့သော စက်ကို နင်းနေသည့်နှယ်။ မအေးလှသည် အိမ်မက်မှ ကြောက်လန့်တကြားနိုးထလာပြီး အပြင်တွင်လည်း ထိုအသံကိုကြားလိုက်ရသောအခါ ကတုန်ကယင်ကြီးဖြစ်လာလေသည်။ အိပ်ယာထက်တွင်လည်း မနေရဲ ထ၍လည်း မကြည့်ရဲဖြစ်နေပေပြီ။ ထိုအချိန်တွင် '' ဘုရားဂုဏ်တော်ပွား အေးလှ'' ဟု သတိပေးသံ ခပ်တိုးတိုးကို ကြားလိုက်ရလေသည်။ မအေးလှလည်း ကြောက်စိတ်ကို ထိန်းကာ ထို အသံကို ဆက်၍ အာရုံမထားတော့ဘဲ ဘုရားဂုဏ်တော်များကို တစ်ခုပြီးတစ်ခု ရွတ်ဖတ်နေလေသည်။ စိတ်အနည်းငယ် တည်ငြိမ်မှုရလာသောအခါ ဂုဏ်တော်ကွန်ချာကို ပတ်ကာ ပတ်ကာ ထပ်တလည်းလည်း ရွတ်နေလေသည်။

ဇာတ်သိမ်းပိုင်းမျှော်...

@suhlaing
msc 175

Sort:  

အဘိုးအိုက​သေပြီး၊သူအပ်​ချုပ်​စက်​မှာစွဲ​နေတာ​နေမယ်​....ဇာတ်​သိမ်းပိုင်း​မျှော်​​နေပါ့မယ်​...

ဟုတ်ပါတယ် ညီမရေ အစွဲမကျွတ်တာပေါ့

ဇာတ်သိမ်းပိုင်းမျှော်မယ်

ဇတ်ဖြေပြီးပြီမို့ ဇာတ်သိမ်းလေးက ထူးထူးခြားခြားတော့ မပါတော့ပါဘူး ညီမရေ

ဇာတ်လမ်းအထွတ်အထိပ်ရောက်နေပြီ ကြမ်းနေပြီဗျ😬

ဇာတ်သိမ်းလေး လာပါတော့မယ်

နမောတဿ ကြောက်လို့ဘာအေ ☺☺☺

နားလည်ဘူး သူက

ကြောက်ဆရာကြီးပါလား စက်ခေါင်းကြီး ပြန်ရောင်းတော့မယ် ထင်တယ်နော်

ဦးဇင်း ဝယ်မို့လား😊😊😊

အမျှ‌ဝေဘို့ပဲ ကျန်‌‌တော့တာ‌ပေါ့‌နော်‌။

ဟုတ်ကဲ့ အကျိုးအကြောင်းလေး ချပြပြီးရင် ဇာတ်သိမ်းပါပြီ

မစုရေ အမြဲတမ်းအားပေးနေတယ်နော်။ဆက်လက်ပြီးကြိုးစားပါ

ကျေးဇူးပါ ကိုအေးရေ

စက်ခေါင်းလေးပြန်ရောင်းရင် ပြောနော်

လျော့ဈေးလေးနဲ့ ရောင်းပါရစေ

ကုလားအဖိုးကြီး ကျွတ်တော့လေမလား...

ဘာသာမတူတော့ နားလည်မယ် ထင်ဘူး

Powerနည်းနေလို့50%နဲ့ပဲVoteခဲ့တယ်
တရဲကြောက်လို့ဇာတ်သိမ်းပိုင်းကျရင် ကုလားဖိုးဖိုးကိုမချောက်ခိုင်းပါနဲ့ဗျာနော့😁😁😁

သိပ်ကြောက်သွားသလား ကိုမိုးဇော်

Coin Marketplace

STEEM 0.33
TRX 0.11
JST 0.034
BTC 66438.74
ETH 3268.32
USDT 1.00
SBD 4.39