မှော်ဆန်သော အပ်ချုပ်စက်လေး ( ၆ )

in #myanmar6 years ago (edited)

၁၅ မိနစ်ခန့် အာရုံခံပြီးနောက် ကိုသက်ခိုင်သည် မျက်လုံးကို ဖြည်းညှင်းစွာဖွင့်လာကာ

'' အေးလှ''

'' ရှင် အဘ''

မအေးလှသည် သူငယ်ချင်းဖြစ်သူ ကိုသက်ခိုင်ကို တခြားအချိန်တွင်သာ သက်ခိုင်ဟု ခေါ်ဆိုပြီး ယခုကဲ့သို့ အလုပ်ချိန်တွင် အဘ ဟုသာ ရိုသေစွာခေါ်လေသည်။

'' အိမ်မှာ ဧည့်သည် ရောက်နေတာဘဲ အေးလှ''

'' ဧည့်သည်ရယ်တော့ မဟုတ်ပါဘူး အဘ စက်ချုပ်သင်တဲ့ ကောင်မလေး အိမ်ခေါ်အိပ်ထားတာပါ''

ကိုသက်ခိုင်သည် ခေါင်းကို တွင်တွင် ခါရမ်းရင်း

'' မဟုတ်သေးဘူး အေးလှ လူမျိုးကြား ဘာသာခြား ယောက်ျား ဧသည့်''

မအေးလှလည်း မျက်လုံး ပြူးသွားကာ

'' ကျမ ယောက်ျားဆုံးပါးသွားပြီးထဲက ဘယ်ယောက်ျားမှ ညအိပ် ညနေ လက်မခံပါဘူး အဘ''

'' အထက် အဘတွေက ပြောနေတယ် အေးလှ နင် ကိုယ်တိုင် ကြည်ကြည်ဖြူ ဖြူ နဲ့ အိမ်ထဲ ခေါ်လာတာတဲ့ နင် အဲ့ဒီကိစ္စနဲ့ ငါ့ ဆီလာတာဘဲ အေးလှ''

မအေးလှသည် တချက်မျှတွေဝေသွားပြီ ဦးခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်ပြီး

'' မှန်ပါတယ် အဘ ကျမ အဲ့ကိစ္စနဲ့ လာတာပါ'' ဟု အစချီကာ ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်လေသည်။

'' အိမ်းးး ဟုတ်ပြီ ဘယ်လိုလုပ်ရမယ်ဆိုတာ မနက်ဖြန်ပြန်လာခဲ့ပါ ဒီည မနောဆက်ပြီး တွယ်ကပ်နေတဲ့ ဝိညဋ်ဟာ ဘာဖြစ်ချင်တယ် ဘာလုပ်ပေးရမယ်ဆိုတာ ငါ မေးထားလိုက်ပါ့မယ် နင် ပြန်လို့ရပြီအေးလှ''

IMG_20180909_164439.png
source

မအေးလှလည်း ဘုရားစင် ဦးချကန်တော့ကာ ကိုသက်ခိုင်ကို နှုတ်ဆက်၍ ပြန်ခဲ့လေသည်။ ထူးဆန်းသော ထို အပ်ချုပ်စက်နှင့် ကပ်ညှိနေဟန်တူသော ထိုဝိညဋ်အကြောင်းကိုလည်း သိလိုလှပေသည်။ မအေးလှသည် အိမ်သို့ရောက်သည်နှင့် အပ်ချုပ်စက်ထားရာ အခန်းသို့ တန်းဝင်သွားပြီး ခြေရာလက်ရာ ပျက်မပျက်ကြည့်လေသည်။ သို့သော် ထူးခြားမှုကိုကား မတွေ့ရပေ။ မအေးလှလည်း တပည့်ဖြစ်သူများအား သင်ခန်းစာများ ပြသပြီးနောက် ညစောင့်အိပ်ပေးသော တပည့်မလေးကို အိမ်ပြန်လွှတ်လိုက်လေတော့သည်။ မအေးလှသည် ထိုအပ်ချုပ်စက်နှင့်ပတ်သက်၍ သိချင်စိတ်ပြင်းပြလျှက်ရှိပြီး လူစိမ်းရှိနေလျှင် မထူးခြားသည်ကို သတိပြုမိသောကြောင့် ထိုသို့ စီစဉ်လိုက်ခြင်း ဖြစ်ပေသည်။

မအေးလှသည် မြင်နေရသော မြင်ကွင်းကို သဲကွဲစေရန် သေချာစွာ စူးစိုက်ကြည့်လိုက်လေသည်။ အဘိုးအို၏ မျက်နှာ ဟန်ပန်များသည် ယခင် အိမ်မက်ထဲက ကဲ့သို့ပင်။ သို့သော် ပို၍ ထူးခြားသည်က အဘိုးအိုသည် ပို၍ မကျန်းမာလာဟန်ပေါ်နေလေသည်။အမဲရောင်အသားအရည်သည် ပြာနှမ်းနှမ်းဖြစ်ကာ မျက်တွင်းများပို၍ ချိုင့်ဝင်လျှက် ရှိသည်။ ထို မြင်ကွင်းသည် တဖြည်းဖြည်းဝါးသွားကာ အမှောင်ထုလုံးလုံး ဖြစ်သွားလေသည်။ ထို့နောက်ဟထိုအမှောင်ထု အတွင်းမှ အသံတစ်သံထွက်ပေါ်လာလေသည်။

'' အေးလှ လာ''

IMG_20180909_164949.png
source image

ထိုအသံသည် လှိုဏ်သံပေါက်နေကာ သြဇာအပြည့်ပါဝင်သည်ဟု မအေးလှ ခံစားလိုက်ရသည်။ ထို့နောက် နာခံစွာပင် အသံလာရာဆီသို့ လိုက်သွားမိတော့သည်။ ထိုအခါ ဈေးတန်းတစ်ခု အတွင်း ရောက်သွားလေသည်။ အမြင်အာရုံသည်လည်း ပို၍ ကြည်လင်လာကာ မြင်ကွင်းများသည် ပြတ်ပြတ်သားသားမြင်လာရလေသည်။ ဈေးဆိုင်တန်းများနှင့် ဈေးဝယ်သူများကို မြင်တွေ့ရပြီး ကားလမ်းမထက် မော်တော်ယာဉ်များ ဆိုက်ကားများ စက်ဘီးများ ခြေလျှင်လျှောက်သူများနှင့် စည်ကားလှပေသည်။ မအေးလှလည်း မိမိဘယ်နေရာရောက်နေသနည်းဟု သိလိုလှစွာဖြင့် လှည့်ပတ်ကြည့်ရှုမိလေသည်။ ဆိုင်တန်းများမှာလည်း စုံလင်လှသည်။ ကုန်မာဆိုင် တာယာ အဟောင်းဆိုင် စက်ဘီးဆိုင် တိုင်းရင်းဆေးဆိုင် အပ်ချုပ်ဆိုင်စသည်ဖြင့် အမျိုးမျိုးတွေ့ရလေသည်။ မအေးလှသည် စက်ချုပ်သမ ပီပီ အပ်ချုပ်ဆိုင်များကို အထူးဂရုစိုက် ကြည့်မိလေသည်။ ထိုသို့ကြည့်နေစဉ် မအေးလှသည် ရင်းနှီးနေသောမြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရလေသည်။ ထပ်၍ ကြည့်လိုက်တော့မှ ပို၍ သေချာသွားလေသည်။ ထိုအရာမှာ မိမိ အိမ်မက်ထဲတွင် မြင်ခဲ့ဘူးသော ကုလား အဘိုးအိုပင် ဖြစ်လေသည်။

ဆက်ရန်...
@suhlaing
msc 175

Sort:  

အဘိုးကြီးနဲ့ တွေ့ပြီဆိုမှတော့ သတင်းထောက်တွေလို အင်တာဗျူးခဲ့ပေးပါတော့

ဇာတ်လမ်းက ရိုးရိုးဆင်းဆင်းမသွားဘူး ဦးဇင်းရေ

ဝိုး စိတ်ဝင်စားအောင် ရေးတတ်သူကြီရယ်
ထပ်ပြီးမျှော်ရအုံးမယ်

ဇာတ်သိမ်းတော့မှာပါ စာဖတ်သူကြီးရယ်

ဆက်၍မျှော်ရအုးံမည်

ကျေးဇူးပါ ညီမရေ

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

မစုက ဝိညာဉ်‌ လိုင်းကို အာသန်‌တယ်‌ထင်‌တယ်‌။

အဲ့လိုတော့လည်း မဟုတ်ပါဘူး ဦးမဟော်ရေ ငယ်ငယ်က သရဲကားတစ္ဆေကားတွေဆို အရမ်းကြိုက်တာ အဲ့ကနေ စခဲ့တယ်ထင်တယ် ဇာတ်လမ်းရေးတော့ သည်းထိတ်ရင်ဖိုလေးတွေ ပိုသဘောကျတာနဲ့

ဟိဟိ😂😂😂

အပိုင်း၆​​တောင်​ ​ရောက်​လာပီ😊

ဇာတ်သိမ်းတော့မယ်နော့

ရော... ဆန်းပေစွတကား...
ကိုယ်ဆို ကြောက်နေမှာပဲ။

အာဂ မိန်းမ မအေးလှ

ဇတ်​ရှိန်​တတ်​​နေပီဘဲ့ ဇတ်​သိမ်​​တော့မယ်​ထင်​​ဒေ😁😁😁

သိမ်းတော့မယ် ဇာတ်က

ဇာတ်လမ်းက မင်းသားကလည်း ရုပ်ဆိုးလှပါလား မတ်မတ်စုရယ် လှတပတလေးတော့ မင်းသားမတင်ဘူး ခုတော့ ☺☺☺

သူ့ ဇာတ်နဲ့သူပေါ့ ကစိုးရယ်

အယ့် အပြင်မှာလဲ မြင်ရတယ်ပေါ့ မယ်စု😁

အိမ်မက်ထဲမှာပါ မယ်ကြည်ရယ်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63665.23
ETH 2621.19
USDT 1.00
SBD 2.77