မှော်ဆန်သော အပ်ချုပ်စက်လေး ( ၄ )
မအေးလှတစ်ယောက် မနက်အိပ်ယာထတော့ ခေါင်းက သိပ်ပြီးကြည်ကြည်လင်လင်မရှိသလို လူကလည်း မလန်းဆန်းသလို ဖြစ်နေသည်။ ညက ဖြစ်စဉ်ကို သေချာပြန်စဉ်းစားရင်း ခေါင်းတွေ မူးနောက်လာလေသည်။ အမှန်တကယ် ကြားခဲ့ရခြင်းလော။ ဒါမှ မဟုတ် ထင်ယောင်ထင်မှားလေ။ ဘာဖြစ်ဖြစ် ဒီညတော့ တပည့်မလေးတစ်ယောက်ကို အဖော်ခေါ်အိပ်ရန် စဉ်းစားထားလေသည်။ မကြောက်တက်ပေမဲ့ အသက်အရွယ် ရလာတော့ ကျန်းမာရေးအရ တစ်ယောက်တည်း မသင့်တော်ဘူးပေါ့။ သို့နှင့် စက်သင်တန်းမှ တပည့်မလေး တစ်ယောက်ကို မိမိ သိပ်နေမကောင်းသောကြောင့် ညလာ စောင့်အိပ်ပေးပါရန် အကူအညီ တောင်းရလေတော့သည်။
ညသည် တိတ်ဆိတ်ငြိမ်သက်သည်က ပိုနေသည် မအေးလှ ခံစားနေရသည်။ အတူလာအိပ်ပေးသော တပည့်မလေးကို ကြည့်လိုက်တော့ လူငယ်ပီပီ အပူအပင်မရှိ အိပ်မောကျနေလေပြီ။
'' လူငယ်တွေများကောင်းလိုက်တာ အိပ်တာနဲ့ တုံးကနဲဘဲ အသက်ကြီးလာတော့ အအိပ်အနေက နည်းပါဘိနော်''
တစ်ယောက်တည်းရေရွတ်ရင်း အိပ်ပျော်အောင် ကြိုးစားနေမိသည်။ ထို့နောက် မကြာမီပင် အိပ်ပျော်ခြင်းသို့ရောက်လေသည်။
[source] (https://www.deviantart.com/dvemor/art/The-Illusion-26903572)
မအေးလှသည် ညက အိမ်မက် အကြောင်းကို နံနက်စာစားရင်း ပြန်တွေးကြည့်မိလေသည်။ အိမ်မက်သည် ထင်ရှားသည်ဆိုခြင်းထက် ရုပ်ရှင်အနှေးပြကွက်လို မြင်နေရသည်။ အိမ်မက်ထဲတွင် ကုလား အဖိုးအိုတစ်ဦးသည် မိမိ၏ စက်ကလေးနှင့် စက်ထိုင်ချုပ်နေလေသည်။ စက်ခုံနှင့် နေရာထိုင်ခင်းကတော့ မတူပေ။ အဖိုးအို စက်ထိုင်ချုပ်နေသော နေရာသည် အခန်းကျဉ်းကလေးတွင် ဖြစ်သည်။ အခန်းသည် ကျဉ်းမြောင်းသည် ဆိုခြင်းထက် အဖိုးအို၏ ပစ္စည်းများနှင့် ပြည့်နှက်နေလေသည်။ သားရေဖြတ်စများ ချုပ်လက်စ အထည်များ ညှပ်ပြီးသား သားရေထည်များ အပ်ချည်လုံးများ နှင့် အခန်းထဲတွင် ပြည့်သိပ်နေပါသည်။ အဖိုးအိုသည် ကြေးကပ်ကြီးကြီးကို ကိုင်ဆောင်ကာ စားပွဲသို့ ထကာ အစများ ညှပ်လိုက် စက်ခုံသို့ ပြန်လာကာ ချုပ်လိုက် မီးသွေးထည့်ထားသော ကြေးမီးပူကြီးနှင့် အထည်တွေကို တိုက်လိုက်လုပ်နေလေသည်။
ထို အချိန်တွင် ၁၂နှစ်သားခန့်ရှိသော ကုလားကလေးတစ်ယောက်သည် ကြွေမက်ခွက်ကြီးကို ကိုင်ဆောင်ကာ ကုလားအဘိုးအိုအား လှမ်းပေးလေသည်။ ပါးစပ်လှုပ်ပြီး တစ်စုံတစ်ရာ ပြောဆိုသော်လည်း မအေးလှ နားမလည်ပေ။ အဘိုးအိုမှ ထိုခွက်ကို ထိုင်ခုံပေါ်တွင်တင်ထားရန် လက်ညိုးထိုး ပြောကြားပြီး စက်ပြန်ချုပ်နေလေသည်။ ခဏကြာမှ ထို မက်ခွက်ထဲမှ အရည်ကို တငုံချင်းထသောက်လေသည်။ မအေးလှ အထင် လက်ဖက်ရည် ဖြစ်ဟန်တူပါသည်။ မအေးလှသည် အဖိုးအိုကို ဘေးမှ ထိုင်ကြည့်နေသည့်နှယ်ပင်။ အဖိုးအို၏ လှုပ်ရှားမှုများကို မှတ်မိနေလေသည်။ အဘိုးအိုသည် အသက် ၆၀ကျော်ခန့်ရှိမည်ဟု ခန့်မှန်းရပြီး မိမိ ဝယ်ယူထားသော အပ်ချုပ်စက်နှင့် တနည်းတစ်ဖုံပတ်သက်နေသည်ဟု မအေးလှ သံသယဝင်စပြုလာပေပြီ။ မိမိ အနီးတွင်လည်း တပည့်များပင်ရှိရာ တိုင်ပင်စရာအဖြစ် ဘုရားကုန်းတွင်နေထိုင်သော ငယ်သူငယ်ချင်း ဖြစ်သူ ကိုသက်ခိုင်ကို ပြေး၍ သတိရမိလေသည်။ ကိုသက်ခိုင်သည် မနောမယ ဗေဒင်ဟောခန်းကိုဖွင့်ထားသည့် အပြင် ပရလောကသားများနှင့် ဆက်သွယ်ပေးသည်ဟုလည်း နာမည်ကြီးသူဖြစ်လေသည်။မအေးလှသည် အလုပ်ရှင်းသည့်ရက်တွင် ကိုသက်ခိုင်ဆီ သွားရောက် အကူအညီတောင်းရန် တေးမှတ်ထားလိုက်လေသည်။
@suhlaing
msc 175
ဗေဒင်ဆရာနဲ့ သရဲနဲ့တော့ တွေ့တော့မယ်
မနောချင်း ဆက်သွယ်ယူတော့မယ် ကစိုး
မနောက ဘယ်နှစ်ယောက်ရှိတာလဲ ငါသိတာ တစ်ယောက်တည်းပါ
မနော= စိတ်
အဲလို့လား သိပါဘူး အဆိုတော်မနောပြောထာမှတ်နာ ငါတို့က ဘုန်းကြီးကျောင်းသားတွေဆိုတော့ ☺☺☺
မနေမယဆရာကြီး မင်းသင်္ခ တပည့် သက်ခိုင် လေးဆီ သွားတော့မယ်ပေါ့😁
ဆရာနဲ့တွေ့မှ အဆင်ပြေတော့မယ်
မတ်မတ်ကြည် အတွက်ပါ ပိုမေးခက်ပါအူး😊
လမ်းကြုံတောင် ပါးနေသေး မယ်ကြည်
တဖြည်းဖြည်းနဲ့ ဆွဲဆောင့်အား အရမ်းတက်လာပြီ
အမိအရကို ဆွဲဆောင် ပစ်လိုက်ပြီ ဒိုမီ
တစထက်တစ စိတ်ဝင်စားဖို့ကောင်းလာပြီ
ဆက်ရန်ကလေးလည်း အားပေးပါအုံး ညီမရေ
အပိုင်း ၂ လောက်ထဲက ကုလားအဘိုးကြီးအကြောင်း သိရမယ်ထင်လို့  စောင့်မျှော်နေတာ အပိုင်း၎ရောက်နေပြီနော် မတ်စု ရဲ့ ဇာတ်လမ်းကတော့ မျှော်သူ မောရလောက်တဲ့ အထိ စိတ်ဝင်စားမှုပေးနိုင်တယ် ခုထိ ကုလားအဘိုးကြီး လက်ဖက်ရည်သောက်ပြီး စက်ချုပ်တုန်းပဲ မြန်မြန်သိချင်ပါပြီဆိုဗျာ
ကုလားနော် လက်ဖက်ရည်သောက်အုံးမယ်နော် ဦးဇင်း
အားပေးနေပါတယ် ညီမ။ဘာတွေထူးမလဲ စောင့်မျှော်ရင်း
ထူးခြားမှုလေးတွေ တစတစဖော်သွားပါ့မယ်ရှင့်
အဘိုးအိုနဲ့အပ်ချုပ်စက်ဘယ်လိုဆက်စပ်နေလဲသိရတော့မယ်...စိတ်ဝင်စားစရာအခန်းရောက်နေပြီ.....
ဇာတ်ရှိန်လေး မသိမသာ မြှင့်ရင်းနဲ့ တချို့တဝက်ဖော်လိုက်ပါတယ် ညီမရေ
စိတ်ဝင်စားစရာအရမ်းကောင်းလာပြီမမစုရေ။
မနက်ဖြန်ဆက်တင်မယ် မအိရေ
ဘယ်လိုတွေ ပတ်သတ်ဆက်နွယ်နေသလဲဆိုသည်မှာတော့ စတီးမစ် ပိတ်ကားထက် ဆက်လက်စောင့်ကြည့်ရဦးမည်...။
ရှု့စားကျစေကုန်