မှော်ဆန်သော အပ်ချုပ်စက်လေး ( ၂ )

in #myanmar6 years ago

အပ်ချုပ်စက်တွင် အသစ်နှင့် အဟောင်းယှဉ်လျှင် အဟောင်းသည် ဆီဝနေသောကြောင့် အသင့်တက်ချုပ်မည့်သူများ အနေဖြင့် အဆင်ပြေလှလေသည်။ စက်ကြောင်းလှသည့် အပြင် သွက်လက်စွာ ချုပ်နိုင်လေသည်။ မအေးလှသည် လက်သက်ရင့်သူပီပီ အပ်ချုပ်စက်အကြောင်းလည်း အတော်အတန် တီးမိခေါက်မိရှိကာ တပည့်များလိုအပ်လျှင် အပ်ချုပ်စက်ဝယ်ပေးရလေသည်။ မအေးလှ ဝယ်ပေးသော အပ်ချုပ်စက်များသည် ကောင်းလည်း ကောင်းသည့်အပြင် ဈေးနှုန်းလည်း ချိုသာသောကြောင့် တပည့်များက ယုံကြည်စွာဖြင့် ဝယ်ခိုင်းကျလေသည်။ ယခုစက်ကလေးသည်လည်း တပည့်လေးတစ်ယောက်အတွက် ဖြစ်လေသည်။

မအေးလှသည် အိမ်ရောက်သည်နှင့် ဆင်းဂါး စက်ခေါင်းကလေးကိုထုတ်ကာ စက်ခုံတွင် တပ်ပြီး အစမ်းနင်းကြည့်နေလေ၏။ ထူးခြားသည်က မိမိအားထည့်နင်းသည်ထက်ပို၍ စက်ကြောင်းများပြေးနေသည်ဟု ခံစားရလေသည်။ မအေးလှသည် စက်ခေါင်းလေးအား အလွန်ပင်သဘောကျသွားလေတော့သည်။ ထို့ကြောင့် သည် စက်ကလေးကို သူမ ယူရန်ဆုံးဖြတ်ပြီး တပည့်အတွက်တော့ မိမိပိုင် စက်ခေါင်းတစ်လုံးအားပေးရန် ကြံရွယ်ထားလိုက်လေသည်။ မအေးလှသည် စက်ခေါင်းကလေးအား ပြန်ဖြုတ်ကာ ဆီထိုးခြင်း ဘိသွားအတွင်းမှ အမှိုက်စများကို ဖယ်ထုတ်ခြင်းနှင့် စက်ကလေးကို ပြောင်လက်လာစေရန် တိုက်ချွတ်ပြီးနောက် မိမိ ၏ သီးသန့် စက်ချုပ်ခန်းအတွင်း ချုပ်လုပ်ရန် အဆင်သင့် ပြင်ဆင်ထားလိုက်လေတော့သည်။

IMG_20180904_075023.png
source
ထိုညက မအေးလှသည် အိမ်မက်တစ်ခုကို ထူးခြားစွာမက်လေသည်။ အိမ်မက်ထဲတွင် ကုလား အဖိုးအိုတစ်ယောက်သည် မိမိပြင်ဆင်ထားသော စက်ခုံပေါ်တွင် ထိုင်ကာ သားရည်စများကို ချုပ်လုပ်နေလေသည်။ မအေးလှသည် စက်ချုပ်သံကြောင့် တဖက်ခန်းသို့ကူးလာကာကြည့်မိလေတော့သည်။ ထို ကုလား အဖိုးအို၏ ပုံသဏ္ဍာန်ပါ ဒိုတီကို ဝတ်ဆင်ထားကာ မုတ်ဆိတ်မှာ ဆွတ်ဆွတ်ဖြူ နေလေသည်။ မဲနက်သော အသားအရောင်နှင့် ဆန့်ကျင်စွာ မုတ်ဆိတ်မွှေးရှည်ရှည်များမှာ ဖြူဆွတ်နေလေသည်။ အဖြူရောင်သန်းနေသော်လည်း ဒန်းဆိုးထားဟန်တူသည့် ဆံပင်ကြိုးတိုးကျဲတဲများကို အဝတ်စတစ်စဖြင့် စုချည်ထားလေသည်။ မအေးလှသည် မိမိ အိမ်ထဲဝင်ကာ စက်လာချုပ်နေသော ကုလားအဖိုးအိုကို စေ့စပ်သေချာစွာကြည့်ပြီးနောက်

'' ဒီမယ်ရှင့် ပိုင်ရှင် ခွင့်ပြုချက်မရဘဲ ကျမ အိမ်ထဲ ဘာလို့ ဝင်လာတာလည်း အခုချက်ချင်း ထွက်သွားပါ မဟုတ်ရင် ကျမ အော်လိုက်မှာနော်''

ကုလား အဖိုးအိုသည် မအေးလှ ပြောသည့် စကားအား နားမလည်သည်လား အာရုံမထားသည်လား မသိ။ ဂရုမစိုက်ဘဲ ချုပ်လက်စ သားရည်သားကိုသာ ဆက်လက်ချုပ်နေလေသည်။ မိမိအိမ်ယာတွင် သက်တောင့်သက်သာ ချုပ်နေသည့် ဟန်ပါ။ မအေးလှလည်း ဒေါသထွက်လာကာ ပတ်ဝန်းကျင်အား အော်ဟစ် အကူအညီတောင်းလေတော့သည်။ သို့သော် အသံကုန်ဟစ်၍ အော်ခေါ်သော်လည်း အသံသည် လည်ချောင်းဝတွင်တပင်ပျောက်ကွယ်သွားကာ အသံထွက်မလာတော့ချေ။ ထပ်၍ ထပ်၍ အော်သော်လည်း အချည်းနှီးပင်။ ထို အချိန်တွင် မအေးလှလက်ကို လူတစ်ယောက်က ဆွဲကိုင် လှုပ်ရမ်းလိုက်လေသည်။

IMG_20180904_075518.png
source

ဆက်ရန်...

@suhlaing
msc 175

Sort:  

အပ်​ချုပ်​စက်​မှာကပ်​ပါလာပြီထင်​တယ်​😨

ဟုတ်တယ် ညီမရေ

ဟယ်...မှော်အပ်ချုပ်စက်လေး အစွမ်းပြတော့လေမည်လား

အစွမ်းပြနေပြီ

အရင် ပိုင်ရှင်ဖြစ်မယ်ထင်တယ်နော် ကုလားအဖိုးကြီးက

နောက်တစ်ပိုင်းမှာ ဖော်ပါ့မယ် ဦးဇင်း

မှော်​ မီးခွက်​အ​​ကြောင်း​တော့ဖတ်​ဖူးတယ်
မှော်​အပ်​ချုပ်​စက်​အ​​ကြောင်း​တော့ ခုမှကြားဖူးတာစိတ်​ဝင်​စားတယ်
ဆက်​ဖတ်​ပါမယ်

ဝယ်မလား ရောင်းမယ်လေ

ရှိတာလား ရှိရင် ရောင်းပလိုက်ဗျာ။ လေလံပစ် ပလိုက်။

ပစ်ဘူး လိုချင် အလကားပေးမယ်

ဘီလူးစီးတဲ့ ပုံစံထင်‌တယ်‌။ ‌အော်‌မရဘူးဆို‌တော့ ။စိတ်‌ဝင်‌စား စရာ‌တော့ ‌ကောင်း‌နေပြီ။

ဟုတ်လောက်တယ် ပရလောကက ဆန်းကြယ်သား

စက်လေးက အသစ်လေးကျနာဘဲ အဲ့တံဆိပ်အတူတူချင်းကို မာမီစက်က ဟောင်းနေတာ

ဆင်းဂါးစက်က ၁၉၀၆လောက်ထဲက စထုတ်တာ ထင်တယ် နပြည့်

မယ်ကြည်လဲ စက် နဲနဲ ချုပ်တတ်တယ် စုရေ😁ဆက်ဖတ်မယ်နော်😍

စက်အဟောင်းဝယ်ရင် သတိထား မယ်ကြည်

စိတ်ဝင်စားသွားပြီဆက်ဖတ်ပါမည်။

စိတ်ဝင်စားလို့ ကျေးဇူးပါနော် ဇာတ်သိမ်းအထိ အားပေးပါအုံး

ဆိုးဘူး မတ်တယ် ကိုယ်တိုင်ချုတ်ဆရာမလိုဘဲပြီးနေရင်

မိုက်နေနဲ့အုံး ဒိုမီရေ အဆက်ကလေးဖတ်ပါအုံး

မမစုက​တော့ ဇတ်​လမ်း​ကောင်းရင်​ လုပ်​ပြီ😊😊

ကိုရီးယားကား အကြည့်များလို့ပါရှင့်

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 62996.10
ETH 3122.17
USDT 1.00
SBD 3.88