မှော်ဆန်သော အပ်ချုပ်စက်လေး ( ၃ )

in #myanmar6 years ago (edited)

'' မေမေ မေမေ မေမေ''

မအေးလှလည်း ရုတ်တရက်လန့်နိုးလာကာ ထထိုင်လိုက်လေသည်။ ထိုအခါမှ ကျောင်းပိတ်ရက် ပြန်လာသော သမီး သူဇာဖြစ်နေလေသည်။

'' မေမေ ဘာတွေ ယောင်ပြီး အော်နေတာလည်း ပလုံးပထွေးနဲ့ ဘာမှလည်း သေချာ မကြားရဘူး အိမ်ရှေ့တံခါး ကြီးလည်း ဖွင့်လို့ တစ်ညလုံး ဒီတိုင်း ဖွင့်ထားတာလား မေမေ''

သမီး မသူဇာသည် ပြောလည်း ပြော ကျမ မျက်နှာသစ်ရန်လည်း ပြင်ဆင်ပေးနေလေသည်။ ကျမသည် ဖျက်ကနဲ သတိရလိုက်ကာ စက်ခေါင်းထားသော စက်ချုပ်ခန်းသို့ ကူးလာလေသည်။ စက်ခေါင်းလေးသည် ညက ထားသည့် အတိုင်း ခြေရာလက်ရာမပျက်။ စက်ခေါင်းပေါ်တွင် လွှမ်းထားခဲ့သော အဝတ်စ အပါးလေးသာ ဘေးကို လျှောကျနေသည်။ လေတိုက်ခြင်းကြောင့် ဖြစ်ဟန်တူပါသည်။ မအေးလှသည် ညက မိမိအိပ်ယာဝင်စဉ် အိမ်ရှေ့တံခါးမကြီးကို သေချာစွာ ပိတ်ထားခဲ့သည်ဟု ထင်ပါသည်။ သို့သော် သိပ်တော့ မသေချာ။ အသက်အရွယ်ကြောင့် တခါတလေ သတိမေ့တာလည်း ဖြစ်နိုင်သည်ဟု တွေးနေမိလေသည်။

IMG_20180904_200853.png
source

သို့နှင့် မအေးလှသည် ပုံမှန်လုပ်ရိုး လုပ်စဉ်များဖြင့် တနေကုန်ခဲ့လေသည်။ ထိုနေ့ညတွင် မည်သို့မျှထူးခြားမှုမရှိဘဲ ကုန်လွန်ခဲ့လေသည်။ တနင်္လာနေ့ရောက်သောအခါ သမီးလေး မသူဇာလည်း တာဝန်ကျသည့် ရွာလေးသို့ ပြန်သွားတော့သည်။ ထိုနေ့ညတွင် မအေးလှသည် ပုံမှန်အတိုင်းပင် ည အိပ်ယာဝင်ခဲ့ပြီး တံခါးများကိုမူ စေ့စပ်သေချာစွာ ပိတ်ထားလေသည်။ မအေးလှသည် ကြောက်တက်သူတစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် အဖော်လည်း ခေါ်မအိပ်။ တစ်ဦးတည်းသာ အိပ်စက်ခဲ့လေသည်။ မအေးလှသည် တောင်တွေး မြောက်တွေးနှင့် အိပ်မပျော်နိုင်ဘဲ ညနက်ပိုင်းတွင်မှသာ အိပ်ပျော်ခြင်းသို့ညရောက်လေသည်။ မှေးကနဲ အိပ်ပျော်သွားသည်နှင့် စက်နင်းသံကို ကြားရလေသည်။

ပထမတွင် တစ်ချက် နှစ်ချက် နင်းလိုက် ရပ်သွားလိုက်နှင့် ကြားရပြီး နောက်ပိုင်းတွင်မူ အဆက်မပျက်ကြားရလေသည်။ မအေးလှသည် ဖျက်ကနဲလန့်နိုးလာကာ ကုတင်ဘေးရှိ မီးခလုပ်ကို ဖွင့်လိုက်ပြီး အမြဲဆောင်ထားလေ့ရှိသော ခေါင်းရင်းဘက်မှ ဓားမြှောင်ကို ယူလိုက်လေသည်။ ထို့နောက် ဖြေးညှင်းစွာထကာ စက်နင်းသံကြားရသော အခန်းဆီသို့ ခြေဖွကာ လျှောက်ခဲ့လေသည်။ စက်နင်းသံသည် မအေးလှ လျှောက်လာစဉ်အထိ ကြားနေရပြီး စက်ထားရာ အခန်းရှေ့ရောက်သောအခါမှ အသံရပ်တန့်သွားလေသည်။

'' ဘယ်သူလည်း ''

'' ဘယ်သူရှိလည်း''

'' ရှပ်...ရှပ်...ရှပ်''

ရှပ်တိုက်သံကို ကြားလိုက်ရပြီး ဒုန်း ဟူသော အသံပါ တဆက်တည်း ထွက်ပေါ်လာလေသည်။ မအေးလှသည် သတ္တိကောင်းသော မိန်းမပီပီ အခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး ဓားကို အသင့် ချိန်ထားလေသည်။ မီးခလုတ်ကိုလည်း ဖျက်ကနဲဖွင့်လိုက်လေသည်။ လင်းလင်းကျင်းကျင်း ဖြစ်သွားသော အခန်းတွင် စက်ကပ်ကြီးသည် ကြမ်းပြင်ပေါ်သို့ ကျနေပြီး စက်ခေါင်းပေါ်မှ အစပါးလေးသည်လည်း အောက်သို့ ပြုတ်ကျနေလေသည်။ ထို ခဏ၌ မအေးလှ၏ မွှေးညှင်းများသည် ထောင်တက်လာကာ အေးကနဲ တချက်ခံစားလိုက်ရသည်။ မအေးလှသည် အတန်ငယ် ငြိမ်သက်နေပြီးနောက် အခန်းတွင်း လှုပ်ရှားမှုကို စောင့်ကြည့်နေလေသည်။ လူသတ္တဝါတစ်စုံတစ်ယောက်၏ အရိပ်အယောင်မျှပင် မတွေ့ရသော အခါအခန်းတံခါးကို အပြင်မှ သော့ပိတ်ပြီး အိပ်ယာသို့ ဝင်လေသည်။ အိပ်၍မပျော်နိုင်တော့ဘဲ အသံများ ထပ်ကြားလေမလားနှင့် နားစွင့်နေရင်းနှင့်ပင် မိုးစင်စင်လင်းလေတော့သည်။

IMG_20180904_200549.png
source

ဆက်ရန်...

@suhlaing
msc 175

Sort:  

မအေးလှနဲ့ ဦးဇင်းနဲ့တော့ ကွာပါ့ သတ္တိပြောင်မြောက်ချက်ကတော့ ဟားဟား

သတ္တိကောင်းတာပေါ့ ဘုရား

အခန်းဆက်၃ဟုတ်တယ်မို့ လား

ဟုတ်တယ် ညီမ အခန်း ၃ပါ

သရဲများလား...

စိတ်ချောက်ခြားစေသော

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဟာဒီမှာလည်း ကုလားအဖိုးအိုစက်ချုပ်သမားတစ်ယောက်

ဇာတ်နဲ့ လိုက်အောင် ထည့်ရတာပါ

မစုရေ အရင်တစ်ခါပြောတဲ့ ဝတ္တုရှည်ရေးနည်း စာအုပ်လေး PDFရှိရင် ပေးပါဦး

PDFတော့ ရှိဘူး အချိန်ရတဲ့ နေ့မှ တရွက်ချင်း ရိုက်ပြီး ပို့ပေးမယ်

အခန်းဆက်​​တွေ​ရေးနိုင်​တာ ​ချိးကျုးမိတယ်​ဗျာ

ဇာတ်တကွက်လေး တွေးမိတာနဲ့ ချရေးထားရတာ ဦးယုရေ

ကြားဖူးတယ်ဗျ အမေ့အမျိုးတွေကမေမြို့မှာဆွယ်တာလုပ်ငန်းလုပ်တာ ဆွယ်တာစက်တွေလဲအဲ့လိုဘဲအစ်မရေ ပါလာတယ်ဝယ်ရင်ကြည့်ဝယ်ရတာဗျ

ဆွဲလမ်းစိတ်ပေါ့ မောင်တိုးတက်ရေ

ကားတွေလဲအဲ့တိုင်းဘဲ ဂျပန်ကားတွေ

ဝယ်စီးတော့ဘူး ကြောက်ပြီလေ မတော်တဆမှုဖြစ်ဘူးတဲ့ ကားဆိုရင် ပိုဆိုးမယ်ထင်တယ်

ဟုတ်မှာပဲ စွဲလန်းမိတဲ့ပြသနာက တော်ရုံမဟုတ်ဘူးလေ နော်... သံသရာပါ ပါတာ...

သေခါနီး အစွဲတွေ အင်မတန်ကြောက်ဖို့ကောင်းပါတယ်

အယ့် အိမ်ကစက်သာအာ့လို မြည်ရင် ထွက်ပြေးဘီလေ😁

ကြောက်ပါနဲ့အေ ဟိဟိ

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.027
BTC 60678.52
ETH 2339.38
USDT 1.00
SBD 2.48