တို့ ကျန်းမာရေး အလေးပေး

in #myanmar6 years ago (edited)

သီတင်းကျွတ်လ အခါရောက်ရှိလို့ လာပြန်ပါပြီ။ သီတင်းကျွတ်လမှာ ဒီနှစ်တော့ အဖိတ်နေ့ရယ် လပြည့်နေ့ရယ် လပြည့်ကျော် ၁ရက်နေ့ရယ် ၃ရက်တိတိ ရုံးတွေ ပိတ်မှာဖြစ်ပြီး စာသက်ကျောင်းတွေကတော့ ထုံးစံအတိုင်း ၁၀ရက် ဖြစ်ပါလိမ့်မယ်။ ဝါလကင်းလွတ် သီတင်းကျွတ်ရောက်ဖို့လည်း ရက်ပိုင်းမျှသာလိုပါတော့တယ်။ အခုထိတော့ မိုးသားတိမ်လိပ်တွေ ကင်းစင်ခြင်းမရှိသေးဘဲ လေတွေတိုက်လိုက် မိုးတွေရွာလိုက်နဲ့ ရာသီဥတု ပြင်းထန်ဆဲဖြစ်ပါတယ်။ မနက်ပိုင်းလေးမှာတော့ ဆောင်းရဲ့ အငွေ့အသက်လေးခံစားရပေမဲ့ နေထွက်လာတာနဲ့ အရမ်းပူလာပြီး ခဏနေတော့ လေတွေတိုက် မိုးတွေ ရွာလာပြန်တယ်။ တစ်နေ့ထဲကို ရာသီဥတု ၃မျိးလောက် တခါတည်း ခံစားကျရမှတော့ ဖျားကျ နာကျပြီပေါ့။ ရာသီကူးတဲ့ တုတ်ကွေးလေးကလည်းဝင်။ ကျန်းမာရေး အရမ်း ဂရုစိုက်နေတာတောင်မှ နှာစေးချောင်းဆိုးလေးတော့ ဖြစ်လိုက်ပါသေးတယ်။

IMG_20181002_182244.png
source

ဒီရာသီမှာ အဖြစ်များတဲ့ တုတ်ကွေးက ထူးထူးဆန်းဆန်းလို့ ဆိုရမလားဘဲ။ တစ်ကိုယ်လုံး လမ်းကြိတ်စက် တက်နင်းထားသလို ကိုယ်လက်တွေ ညောင်းညာကိုက်ခဲပြီး ခြေသလုံးတွေတောင့်နေပါတယ်။ အင်အားသုံးပြီး အလုပ်တစ်ခုကို ပြင်းပြင်းထန်ထန်လုပ်ထားပုံနဲ့ဆင်တူလှပါတယ်။ ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိဘဲ ကိုယ်လက်တွေ နာကျင်ကိုက်ခဲနေပါတယ်။ ကြွက်သားတွေလည်း တောင့်တင်းမာကျောနေပြီး ခေါင်းတွေလည်း တစ်ဆစ်ဆစ်ကိုက်လှပါတယ်။ အဖျားတက်လာတာကိုယ်ပူလာတာ မရှိဘဲ ကိုယ်လက်ဘဲနာတဲ့ ထူးထူးဆန်းဆန်း တုတ်ကွေးပါ။ ဒါပေမဲ့ ဆေးခန်းတွေဘာတွေ သွားစရာမလိုဘဲ အကိုက်အခဲပျောက်ဆေးကို ၄နာရီခြားတစ်ခါသောက်ရင်ကို သက်သာပါတယ်။ ဆေးကို ၃ရက်လောက်မှန်အောင်သောက်မှ သက်သာပါတယ်။ ၁ရက်တည်းနဲ့ သက်သာပြီဆိုပြီး ဆေးဖြတ်လိုက်လို့ကတော့ ၃ရက်လောက် အနည်းဆုံး ခံပေးတော့ဘဲ။

IMG_20181002_182534.png
source

အိပ်ယာထဲလဲရလောက်အောင် အဖျားမပြင်းထန်ပေမဲ့ အလုပ်သွားပြီဆိုရင်လည်း အလုပ်ထဲမှာ ကိုယ်လက်ညောင်းညာနေပြီး အလုပ်မလုပ်နိုင်ပြန်ပါဘူး။ အိမ်မှာနေရအောင်ကလည်း ဖျားနေတဲ့သူမဟုတ်ပြန်။ အတော့ကို ဂွတီးဂွကျနိုင်တဲ့ တုတ်ကွေးဖြစ်ပါတယ်။ လူကြီးတွေ အပြင် ကလေးတွေကိုလည်း အထူးဂရုစိုက်ရမဲ့ အချိန်အခါဖြစ်ပါတယ်။ လူကြီးတွေတောင် ခံနိုင်ရည် မရှိရင် နုနယ်သေးတဲ့ ကလေးတွေဆို ပို အဖြစ်များပါတယ်။ ကလေးတွေဆိုပေမဲ့ ခံစားရတဲ့ ဝေဒနာက လူကြီးတွေနဲ့ ထပ်တူဖြစ်ပါလိမ့်မယ်။ ငယ်ရွယ်ပေမဲ့ ညောင်းတယ် နှိပ်ပေးလို့ပြောကျပုံထောက်ရင် သူတို့လည်း အရမ်းညောင်းကိုက်နေပုံရပါတယ်။ ကလေးတွေအတွက်ကတော့ အိမ်တွင်းဆေးနဲ့ အဆင်မပြေဘဲ ဆရာဝန် ညွှန်ကြားချက်အတိုင်း ဆေးတိုက်သင့်ပါတယ်။ ဓာတ်ဆားရည်ကို ရေသန့်ဗူးနဲ့ ဖျော်ထားပြီး ဖျားလာတာနဲ့ ဝင်အောင်တိုက်သင့်ပါတယ်။ ကြက်ဥ ဆန်ပြုတ်တို့လို အာဟာရပြည့်မဲ့ အစာလေးတွေကို ကျွေးသင့်ပါတယ်။ ရာသီအကူးအပြောင်းမို့ ကျန်းမာရေးကို အထူးအလေးပေး ဂရုစိုက်သင့်ပါကြောင်း အကြံပြု ရေးသားလိုက်ရပါတော့သည်။

@suhlaing
msc 175

Posted using Partiko Android

Sort:  

ဟုတ်​တယ်​...မိုး​တွေတအားရွာပြီးခုပူ​နေပြန်​ပြီ...ရာသီဥတုအကူးအ​ပြောင်းဖျားတဲ့သူ​ပေါလို့သတိထားရမယ်​....

Posted using Partiko Android

ဆေးခန်းတွေ လူစည်နေတယ် ညီမရေ

Posted using Partiko Android

တုပ်‌‌ငွေးက ‌ဆေးထိုးမှ မြန်‌ မြန်‌‌ပျောက်‌တာ။

ဆေးထိုးတာ ကြောက်တော့ ဆေးမှန်မှန်သောက်တယ်

Posted using Partiko Android

ကိုယ်တွေလည်း မူးတူးတူး ။

ဘာသောက်ထားလို့လည်းအေ

Posted using Partiko Android

သတိထားရသောကျန်းမာရေးသတိပေးတာကျေးဇူးပါ

Posted using Partiko Android

ဂရုစိုက်နိုင်မှ အန်တီရေ အထူးသဖြင့် အသက်ကြီးသူတွေနဲ့ ကလေးသူငယ်တွေ

Posted using Partiko Android

အန်တီလဲဒီနေ့မှအနည်းငယ်သက်သာတယ်သမီးရေ

သမီးလည်း အခုမှ နေကောင်းခါစ

ဖျားပီးသွားပီ သီတင်းကျွတ်ပီဆိုတော့ လူပိုဂျီး အပိုဂျီး တွေကို ကလိစာတွေ ရေးရအုံးတော့မပေါ့ ☺☺☺

တွေးနေတာ ကျမလည်း အကြံတူပ

Posted using Partiko Android

မယ်စု ရော သက်သာလား ဂရုစိုက်နော်😊

Posted using Partiko Android

ဒီနေ့မှ ကောင်းကောင်းသက်သာတယ် မယ်ကြည်ရေ

Posted using Partiko Android

ရာသီပြောင်းချိန်မှာ အဖော်ကွာလို့
အပြင်ရော အတွင်းရော
တုတ်ကွေးသတိထာကြပါလို့😁

မောင်တစ်ယောက်တည်း ဘယ်လိုနေရှာမလဲ လူကြုံနဲ့စကားလေးပါးလာရင်

Posted using Partiko Android

သီတင်ကျွတ်ရုံးပိတ် ၃ရက် ပြီး စနေ တနင်္ဂနွေ ကြား သောကြာခံနေတာ တစ်ခုပဲ မကောင်းချင်😁😁

Posted using Partiko Android

ဟုတ်ပ မုန်းဆျာရီး

Posted using Partiko Android

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64498.18
ETH 3079.08
USDT 1.00
SBD 3.86