အမှားနဲ့ အမှန် ( ၁ )

in #myanmar6 years ago (edited)

အမှားနဲ့ အမှန်အကြောင်းဆွေးနွေးကြည့်ချင်ပါတယ်။ လူတွေဟာ အမြဲ မှန်နေသလို အမြဲလည်း မှားမနေတက်ကျပါဘူး။ လူတစ်ယောက်ဆီတိုင်းမှာ အမှန်နဲ့အမှားဟာ ရောထွေးနေပါတယ်။ ဥပမာဆိုကျပါစို့။ ၁၀၀မှာ ၇၀%လောက်အမှန်လုပ်တဲ့သူကို လူကောင်းလူတော်လို့ သတ်မှတ်နိုင်ပြီး ၁၀၀မှာ ၃၀%လောက်ဘဲ အမှန်လုပ်တဲ့လူကိုတော့ ညံ့ဖျင်းသူလို့ သတ်မှတ်နိုင်ပါတယ်။ အလုပ်အကိုင်ဘဲ ဖြစ်ဖြစ် စိတ်ဓာတ်ပိုင်းဆိုင်ရာဘဲဖြစ်ဖြစ် ဒီအတိုင်းသတ်မှတ်နိုင်တယ်လို့ ယူဆမိပါတယ်။ အလုပ်အကိုင်နဲ့ ပတ်သက်ရင် အရည်အချင်းရှိသူ အရည်အသွေးညံ့သူ စာရိတ္တပိုင်းနဲ့ ပြောမယ်ဆိုရင် စိတ်ရင်းကောင်းသူ စိတ်ဓာတ်ညံ့ဖျင်းသူ စသည်ဖြင့်ပေါ့။

ဒီအပိုင်းမှာ စာရေးသူက အမှန်နဲ့ အမှားအကြောင်းကိုဘဲ ရေးသားသွားပြီးတော့ နောက်ရက်တွေမှဘဲ အလုပ်အကိုင်နဲ့ စာရိတ္တပိုင်းကိုဆက်ပါ့မယ်။ လူတွေဟာ ပြဿ နာတစ်ခု ဒါမှ မဟုတ် လမ်းကြောင်းတစ်ခုကို ရွေးချယ်တဲ့ နေရာမှာ ဆုံးဖြတ်ချက်တွေ ချပြီး လုပ်ဆောင်တက်ပါတယ်။ တစ်ချို့လူတွေကတော့ လုပ်ဆောင်ချက်ကောင်းတစ်ခုကြောင့် တစ်ဘဝလုံး အေးအေးချမ်းချမ်းနေထိုင်သွားရတက်သလို တစ်ချို့ လူတွေကတော့ တစ်ဘဝလုံး အမှားရဲ့ နောက်ဆက်တွဲရလာဒ်ကို ခံစားကျရတက်ပါတယ်။ အမှားဆိုတဲ့နေရာမှာ တစ်ချို့ အမှားတွေက အချိန်မီပြင်ဆင်ခွင့်ရှိပေမဲ့ တစ်ချို့အမှားတွေကတော့ ပြင်ဆင်ခွင့် မရှိတော့ပါဘူး။

IMG_20180924_063357.png
source

အခြေခံပညာ အထက်တန်းမှာ ၁ မှတ်နဲ့ ဆေးကျောင်းတက်ခွင့်မရခဲ့တဲ့ ကျောင်းသားလေးက ပြောပါတယ်။ '' ကျွန်တော့ရဲ့ အနာဂတ်စိတ်ကူးက ဆေးကျောင်းတက်ပြီး ဆရာဝန်ကောင်းဖြစ်ချင်ခဲ့တာပါ။ ကျွန်ေ်ငယ်ငယ်ထဲက ကစားရင်တော့ ဆရာဝန်လုပ်တိုင်းသာ ကစားခဲ့တာပါ အခုတော့ ကျွန်တော့ ရည်ရွယ်ချက်တွေ အလကားဖြစ်ခဲ့ပြီ ကျွန်တော် ပေါ့လျော့ခဲ့မိပါတယ် နည်းနည်းလေးပိုကြိုးစားခဲ့ရမှား တစ်မှတ်ဖိုးလောက်ဖြစ်ဖြစ်ပေါ့ဗျာ'' သူ့ရဲ့ ပြင်ဆင်ခွင့်မရတော့တဲ့ အမှားအတွက် နောင်တရနေခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့ဘဝအတွက် တစ်ခြားအသက်မွေးဝမ်းကြောင်းလပ်ြငန်းတွေကိုဘဲ ရွေးချယ်ခွင့် ရတော့မှာ ဖြစ်ပါတယ်။ ဒါဟာ စာရေးသူတို့ နိုင်ငံရဲ့ ပညာရေးသတ်မှတ်ချက်စည်းကမ်းလည်း ဖြစ်ပါတယ်။

ပြင်မရတော့တဲ့ အမှားတွေထဲမှာ ရှေးလူကြီးတွေရဲ့ စကားတွေဟာ ယနေ့အထိ မှန်နေပါသေးတယ်။ '' အိမ်ထောင်မှုဘုရားတည် ဆေးမှင်ကြီးစုတ်ထိုး ဤ သုံးချက်မပိုင်ရင် နောင်ပြင်ရန် ခက်သည့်အမျိုး''လို့ ဆုံးမခဲ့ကျပါတယ်။ယနေ့ခေတ် အိမ်ထောင်ရေးတွေဟာ စလယ်ဝင်ဖင်မမဲခင်က ကွဲကျ ပြဲကျပါတယ်။ အိမ်ထောင်မပြုခင်သေချာလေ့လာစမ်းစစ်ခြင်းမရှိဘူး ခုမြင် ခုကြိုက် ခုလိုက် ခုပြေးတော့ အမှားများနဲ့ ဇာတ်သိမ်းကျရတဲ့ အိမ်ထောင်ရေးတွေဟာ ရင်နာစရာ ကောင်းလှပါတယ်။ ဒါအပြင် ကြားထဲက လူမမယ်လေးတွေဟာ အိမ်ထောင်ကွဲခြင်းဒဏ်ကို အလူးအလဲခံကျရပါတယ်။ မိစုံဖစုံနဲ့ ကြီးပျင်းလာရသူတွေ မဟုတ်တဲ့အတွက် မိခင်သော်လည်းကောင်း ဖခင်သော်လည်းကောင်း ထိန်းကျောင်းမှု ကောင်းစေကာမူ စိတ်ဒဏ်ရာလေးတွေနဲ့ ကြီးပြင်းလာရပါတော့တယ်။

IMG_20180924_063550.png
source

ဆက်ရန်...

@suhlaing
msc 175

Sort:  

အမှားဆိုတာက ရှိစမြဲပါမစုခမျပြန်လှည့်လို့မရတဲ့အမှားဘဲမမှားဖို့လိုပါတယ်

တစ်ချို့အမှားတွေက ကံကြမ္မာက ဖန်တီးတယ် တစ်ချို့ အမှားတွေက ကိုယ်တိုင်ဖန်တီးတယ် ဘယ်လိုအမှားဘဲ ဖြစ်ဖြစ် သိတာနဲ့ ပြင်ဆင်နိုင်သူဟာ လူတော်ပါဘဲ

အမ​ရေ နဲတာများတာပဲကွာတာပါ လူ​တွေမှာအမှားနဲ့အမှန်​ဒွန်​တွဲ​နေ ကြတာပါ

Posted using Partiko Android

လူတိုင်း အမှားနဲ့မကင်းပါဘူး မောင်လေးရေ

၁ မှတ်​​လောက်​ လိုတာနဲ့ ဘဝက ​ပြောင်းလည်းသွားတာ စိတ်​မ​ကောင်းစရာပါပဲ မမစုရာ 😌

အမှတ်နဲ့ ဖြတ်တဲ့ ပညာရေးစနစ်ဆိုတော့လည်း

ဟုတ်​ပဗျာ ကိုယ်​​တွေက မ​တော်​​တော့ အ​ရေးမကြီးပါဘူး 😁😁 ​တော်​တဲ့ က​လေး​တွေက​တော့ နစ်​နာတယ်​ဗျာ

Posted using Partiko Android

သူ့ဖက်ကကြည့်တော့ လက်ဖမိုး ကိုယ့်ဖက်ကကြည့်တော့ လက်ဖဝါး အမှားနဲ့ အမှန်😁

မှန်ပါ့ မယ်ကြည်ရေ အမြင်မတူနိုင်ဘူးလေ

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

မမှားတတ်တဲ့သူ မရှိပါဘူးလေ

အမှားနည်းတာနဲ့ များတာသာကွာပါတယ်

တချို​သောကိစ္စ​တွေကျ တဖက်​ကကြည့်​​တော့အမှားတဖက်​ကကြည့်​​တော့အမှန်​ဖြစ်​​နေတ်​ကြတယ်​ အမှားအမှန်​ကိုအတိအကျမခွဲ ခြားတပ်​သူ​တွေမို့ပါ တကယ်​​တော့ အမှန်​တရာက တခုထဲပါဘဲ

အမှားနဲ့ အမှန်ဟာ တစ်ခါတလေ အယူအဆနဲ့လည်း သက်ဆိုင်ပါတာယ် ဦးယုရေ လူမျိုးတစ်စုက ဒီလိုလက်ခံထားပေမဲ့ နောက်လူမျိုးတစ်စုက ပြောင်းပြန်လက်ခံထားရင် ဘယ်ဟာအမှန်ဆိုတာ အငြင်းပွားစရာ ဖြစ်လာပြီပေါ့ ဆွေးနွေးချက်လေးတကယ်ကောင်းပါတယ် ကျေးဇူးပါရှင့်

ကိစ္စရပ်‌တစ်‌ခုမှာ မည်‌သူမှားသည်‌ မှန်‌သည်‌ဆိုတာ ဆုံး ဖြတ်‌ဖို့ မလွယ်‌ပါဘူး။ ဆုံး ဖြတ်‌သူ မသိတာ‌တွေ ရှိနိုင်‌တယ်‌‌လေ။

ထင်သာမြင်သာမရှိတဲ့ အမှားနဲ့အမှန်မျိုးပေါ့ ဥပမာ သူများပစ္စည်းခိုးယူတဲ့အမှားမျိုးကျတော့ မှားတယ်လို့ အားလုံးက လက်ခံပါတယ်

မိဘတွေကအမှားတွေ မဆုံးဖြတ်မိအောင် သူတို့ဘဝနဲ့ရင်းပြီးရထားတဲ့ အသိတွေပေးတတ်ပေမယ့်။သားသမီးတွေက အမှားတွေထပ်ဆုံးဖြတ်မိပြီးမှပဲ။ အမေတို့ပြောတာဟုတ်ပါလားဆိုတဲ့အသိဝင်လာတတ်ပါတယ်။

ကိုယ်တိုင်ကြုံလိုက်ရမှ လက်ခံတက်ကျတဲ့ လူငယ်တွေပါ

လက်ခံလို့ရတဲ့အမှားလည်းရှိသလို လက်မခံနိုင်လောက်တဲ့ အမှားတွေလည်း ရှိနေပြန်တာပဲနော်... အထူးသဖြင့် လူတွေရဲ့ စာရိတ္တပိုင်းမှာပေါ့။

စာရိတ္တပိုင်းနဲ့ ပတ်သက်တဲ့ အမှားတွေကိုတော့ လူတော်တော်များများ လက်မခံနိုင်ကျတာများတယ် ညီမရေ

Posted using Partiko Android

Coin Marketplace

STEEM 0.32
TRX 0.11
JST 0.034
BTC 66791.24
ETH 3239.69
USDT 1.00
SBD 4.22