SPG1 Supporting Plan - Contest #5

in #myanmar6 years ago

မင်္ဂလာပါ...
Screenshot_2018_0531_032854.png

@steempowergroup1 ၏ Contest #4 တွင်
ပြိုင်ပွဲဝင် သုံးဦး ရှိခဲ့ပါသည်။ ပြိုင်ပွဲတစ်ခုတွင် Winner
သုံးဦး ရွေးချယ်ပေးဖို့ စည်းကမ်းသတ်မှတ်ထားသည်နှင့်အညီ
ထိုသူတို့၏ Post များကို ဖတ်ရှုစစ်ဆေးကြည့်သောအခါ
Myanmar Newbies များ အနေဖြင့် Winner အဖြစ်
ထိုက်တန်သည်ဟု ယူဆကာ သုံးဦးစလုံးအား ရွေးချယ်ပေး
လိုက်ရပါတော့သည်။ ပြိုင်ပွဲဝင် သုံးဦး အနေဖြင့်လည်း
ဤPost များထက် ပိုကောင်းသော စာ၊ ပုံနှင့် အပြင်အဆင်
များ ထပ်မံ ရေးတင်နိုင်ကြပါစေကြောင်း တိုက်တွန်းအပ်ပါသည်။

@nweoomon ၏ post သည် ခေါင်းစဉ်နှင့်စာသား
လိုက်ဖတ်ညီပါသည်။" ရေလယ်ခေါင် ရွှေတစ်ဆိုင်း "၏
ဆိုလိုရင်း ဖွင့်ဆိုထားသည်မှာလည်း ကောင်းပါသည်။
စာတစ်ပုဒ်လုံးတွင် ဆိုလိုချင်သော၊ ပေးချင်သော အကြောင်း
အရာမှာ ပေါ်လွင်လှပါသည်။ တစ်ခုတော့ လိုမည် ထင်ပါသည်။
ပုံနှင့်စာမှာ အံဝင်ခွင်ကျ မဖြစ်လှပေ။ သူများပုံ ယူသုံးလျှင်
Credit ပေးရမည် မမှန်မှာစိုး၍ ကိုယ်ပိုင်ရိုက်ယူထားသော
ပုံများကို သုံးထားသည်ဟု ယူဆမိပါသည်။ သို့သော်လည်း
Myanmar user တစ်ဦး အနေဖြင့် ဤမျှလောက်ဆိုလျှင်ပင်
ကျွန်တော်တို့၏ ပြိုင်ပွဲဝင် Winner ဟု ရွေးချယ်လိုက်ပါသည်။

@moewaikamawet ၏ post မှာ အရွယ်သုံးပါးလုံး
ဖြတ်သန်းရောက်ရှိပြီး သကာလ ကျောင်းသားဘဝ အမှတ်တရ
နှင့် လက်ရှိအနေအထားကို ရေးပြထားပါသည်။ အရွယ်သုံးပါး
ဆင်ခြင်တုံတရားရှိဖို့ သတိပေးချင်သော ကောင်းသည့်အချက်
ကလေးကလွဲ၍ ဗဟုသုတ ရစေသော စာများများတော့ မပါဝင်
ပေ။ စကားလုံးများနှင့် စာပိုဒ်များကို မှန်မှန်ကန်ကန် ခွဲခြား
ရေးပေးစေလိုပါသည်။ ထို့ပြင် tag များ တွဲထားရာတွင်လည်း
friends သည် tag explore ထဲတွင် မပါဝင်သေးသလို
minnowsupport သည်လည်း ထည့်စရာမလိုသော tag
ဖြစ်ပါ၍ ဂရုစိုက်သင့်ပါသည်။ သို့သော်လည်း myanmar
newbie တစ်ယောက် အနေဖြင့် ကိုယ်ပိုင်စာကို ကြိုးစား
ရေးထားသည်ဟု မှတ်ယူ၍ Winner ပေးလိုက်ပါသည်။

@thithisan ၏ post သည် ပြိုင်ပွဲဝင် Winner သုံးဦး
ထဲတွင် အကောင်းဆုံးဟု သုံးသပ်မိပါသည်။ ဘဝ အောင်မြင်
ရေးကို အပြောင်းအလဲဖြင့် လျှောက်လှမ်းရာမှာ မိမိကိုယ်သာ
ကိုးကွယ်ရာ၊ မိမိစိတ်သည်သာ ပဓာနကျလှကြောင်းနှင့်
ဇွဲလုံ့လဝီရိယတို့ ပူးပေါင်းကြိုးစားရယူဖို့ကို ရှင်းလင်းစွာ ရေးပြ
နိုင်ခဲ့ပါသည်။ စကားလုံးများကို ကြည့်၍ စာရေးသူသည်
စာဖတ်နာသူတစ်ယောက် ဖြစ်မည်ဟုလည်း ထင်မြင်မိပါသည်။
Post တင်ရာတွင် Note ထဲတွင် အရင် ရေးပြီးမှ ကူးတင်
သည်ပဲလား။ စာကြောင်းအဆုံးသတ်လေးနှင့် စာပိုဒ်လေးများကို
ဒီထက်ပို၍ လှပအောင် ပြင်ဆင်ပေးပါက ဖတ်သူတွေ အတွက်
ပိုကောင်းပါမည်ဟု အကြံပေးလိုက်ပါသည်။
Screenshot_2018_0531_032956.png

contest #5 အတွက် ပြိုင်ပွဲဝင် post များကို ယနေ့ည
၈နာရီ မတိုင်ခင်အတွင်း ယခု post အောက်တွင် comment ပေးနိုင်ပါပြီ။ ထပ်မံဆုရရှိသူများကို 2.06.2018 တွင် ကြေညာပေးမည် ဖြစ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ရှိပါတယ်။
@steempowergroup1

Sort:  

မိုက်တယ်ဟ....မသိလိုက်ဘူး

မိုက်မှကြိုက်မယ် ထင်လို့ပါ😁😁😁

You got a 2.66% upvote from @upme thanks to @steempowergroup1! Send at least 3 SBD or 3 STEEM to get upvote for next round. Delegate STEEM POWER and start earning 100% daily payouts ( no commission ).

မရေးဖြစ်တာအရမ်းကြာသွားတယ်ရှင် https://steemit.com/myanmar/@suhtetaung/aesaangthubaw-94cee5ff7e422

စာတွေကွဲနေတာက အန်တီရဲ့ဖုန်း အခြေအနေကြောင့်ပါ
နားလည်ပေးပါလို့

နားလည်ပေးပါတယ်ဗျ...ပိုမိုကောင်းမွန်စေချင်တဲ့ စေတနာ
ဖြင့်သာ ဝေဖန်ပေးပါတယ်။

ဟုတ်ပါတယ်ရှင် တင်ချင်စိတ်တွေများနေလို့လဲ ပါပါတယ်

တင်ချင်စိတ်နှင့် အခြားသူတွေကို အသိတစ်ခုခု တိုးပွားစေလိုတဲ့စိတ်
ပေါင်းလိုက်ရင် ပိုကောင်းလာမှာပါ။ ခုလို ရေးသား တင်တာကိုပဲ
ဝမ်းသာလှပါပြီဗျာ...

Pro တင်‌ချင်‌‌ပေမယ့်‌ ဘာသာ‌ရေးpostဖြစ်‌လို့ ‌ရှောင်‌လိုက်‌ပါတယ်‌ဆရာတို့‌ရေ။ ဖြစ်‌နိုင်‌ရင်‌ ဘာသာ‌ရေးpostကို တရားဝင်‌ ခွင့်‌ ပြု‌စေချင်‌ပါတယ်‌ ။ဘယ်‌သူ့ကိုမှ မထိခိုက်‌‌အောင်‌ ‌ရေးပါ့မယ်‌။ဆရာ‌တွေရဲ့အကြံ‌ပေးချက်‌အတိုင်း အမြဲလိုက်‌နာ‌နေမှာပါ။

ပြိုင်သာ ပြိုင်ပါဗျာ ရေးသားတဲ့အပေါ် ကိုးကားတဲ့အပေါ် မူတည်ပြီး ဆုံးဖြတ်တာပါ ... လိုအပ်ချက်ကို သိတာက အမြတ်ပါ

နောက်ကိုလည်း ပိုပြီးတိုးတက်ကောင်းမွန်အောင် ဆောင်ရွှက်နိုင်ပါစေ ပိုပြီးလဲ တိုးတက်ပါစေ ။

ဆုတောင်းပေးတာ ကျေးဇူးတင်ပါတယ်ဗျာ

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.033
BTC 64550.89
ETH 3156.32
USDT 1.00
SBD 4.30