တီကောင်တွေ၏ သက်ရှိဘ၀နှင့် နေထိုင်မှု့အကြောင်း အပိုင်း-၁ ( life and Habitat of Earthworms Part - 1 )

in #myanmar7 years ago

တီကောင်တွေ၏ သက်ရှိဘ၀နှင့် နေထိုင်မှု့အကြောင်း အပိုင်း-၁ ( life and Habitat of Earthworms Part - 1 )

Earthworm (တီကောင်) တွေ၏ ခန္ဓာကိုယ်သည် ပြွန် ပုံစံ ကိုယ်ထည်ဖြစ်ပါတယ်။နောက်ပြီး တီကောင်တွေ၏ ကိုယ်ထည် အတွင်းကော အပြင်ကော နှစ်ခုစလုံးမှာ အဆစ်များ ပါရှိတဲ့ ၀မ်းကောင် (segemented worms ) များဖြစ်ကြပါတယ်။၎င်းတို့ကို Annelida မျိုးပေါင်းစုထဲတွင် ပါဝင်ပါတယ်။Earthworms အများစုသည် စိုစွတ်သော မြေဆီလွှာတွေ ၊ ပွ သော မြေဆီလွှာ (သို့မဟုတ် ) ကျစ်ကျစ်လစ်လစ်ရှိသော မြေဆီလွှာများမှာ ယေဘုံယျအားဖြင့် နေထိုင်တတ်ကြပါတယ်။မြေဆီလွှာ တစ်ဧက မှာ တီကောင်ပေါင်း ၁၀၀၀ ကျော် ရှိနေတတ်ပါတယ်။

earthworm.jpg

သို့ပေမဲ့ တီကောင်များကို အက်ဆစ်ဓာတ်ရှိသော မြေဆီလွှာနှင့် ရွှံစေးမြေများတွင် တီကောင်များကို မတွေ့ရပေ။တီကောင်အများစုသည် ညအချိန် (သို့မဟုတ် ) ရေကြီးရေလျှံဖြစ်သောအခါ (သို့မဟုတ်) မိုးသည်းထန်စွာ ရွာသွန်းသောအခါ ၄င်းတို့တွင်းထဲကနေထွက်လာပြီး ကမ္ဘာမြေပြင်ပေါ်တွင်ရှိနေတတ်ပါတယ်။တီကောင်တွေရဲ့ ခန္ဓာကိုယ်၏ အပေါ်ယံအလွှာကို နှုးညံသော ဖယောင်းလွှာနှင့်ဖုံးအုပ်ထားပါတယ်။၎င်း ဖယောင်းလွှာ၏ အောက်ခြေတွင် ဂလင်းဆဲလ် ( gland cells ) နှင့် အာရုံခံဆဲလ် ( sensory gland ) များပါဝင်တဲ့ အပေါ်ယံအလွှာ ( epidermis ) ရှိပါတယ်။တီကောင်တွေ၏ အသက်ရူခြင်းသည် ၄င်းတို့၏ အရေပြား နှင့်သာ အသက်ရှုကြခြင်းဖြစ်ပါတယ်။သို့ပေမဲ့ အချို့သော တီကောင်မျိုးစိတ်တွေသည် ပါးဟက်ဖြင့် အသက်ရှုနိုင်ကြပါတယ်။

earthworm3.gif

တီကောင်တွေမှာ ဗဟိုနာဗ်ကြော အင်္ဂါ အဖွဲ့အစည်းနှင့် အတက်အလက် နာဗ်ကြောအင်္ဂါအဖွဲ့အစည်းတွေ ပါဝင်ပါတယ်။ဗဟိုနာဗ်ကြောအင်္ဂါအဖွဲ့အစည်း ထဲမှာ ဆိုရင် အဖုလုံး (ganglia) လေး နှစ်ခု ပါဝင်ပါတယ်။၎င်းအဖုလုံးလေး နှစ်ခုဟာ ဆိုရင် တီကောင်တွေ၏ ပါးစပ် အထက်မှာ ရှိပါတယ်။အခြားတစ်ဖက်တွင်လည်း နာဗ်ကြောမကြီး ( nerve cord ) နှင့် ချိတ်ဆက်ထားပြီး ၄င်းနာဗ်ကြောမကြီး ကနေ နောက်ဘက်ပြန်လာလျှင် လှုပ်ရှားစေတဲ့နာဗ်ကြော ( motor neurone ) နှင့် အာရုံခံဆဲလ် ( sensory cells ) များဟာဆိုရင် တီကောင်၏ အဆစ်တိုင်းမှာ တည်ရှိပါတယ်။တီကောင်တွေ၏ သွေးလှည့် အင်္ဂါအဖွဲ့အစည်းသည် ပိတ်နေသော အဖွဲ့ဖြစ်သည်။အဆစ်တစ်ခုခြင်းဆီ၏ ဘေးဘက် အခွဲများတွင် အလျားလိုက်တည်ရှိသော သွေးကြောများ တည်ရှိပါတယ်။

earthworm2.jpg

အလျားလိုက်ရှိနေသော ကြွက်သားများနှင့် ဘေးဘက်တွင် ရှိနေသော အဆစ်များက တီကောင်တွေ၏ ရွေ့လျားသွားလာမှုကို များစွာ အကူအညီပေးပါတယ်။တီကောင်တွေရဲ့ အူဟာ ဆိုရင်လည်း ကြွက်သားများသကဲ့သို့ အလျားလိုက်တိုင်းတည်ရှိပြီးတော့ ၄င်းတို့ လှုပ်ရှားမှု့ကို ပြုလုပ်ဖို့ ဆောင်ရွက်တိုင်းမှာ အူအတွင်းထဲမှာရှိနေတဲ့ မချေဖျက်နိုင်တဲ့ အစားအစာများ အညစ်ကြေးများအဖြစ် စအို (anus) ဆီသို့ တွန်းပို့ပေးပါတယ်။တီကောင်များတွင် ကိုယ်တွင်းအရိုးငြမ်းအင်္ဂါအဖွဲ့အစည်း ( internal skeleton ) နှင့် ပြင်ပအရိုးငြမ်းအင်္ဂါအဖွဲ့အစည်း ( exoskeleton ) များမပါရှိပါဘူး။ဒါပေမဲ့ ၄င်းတီကောင်များသည် ၄င်းတို့၏ ဖွဲစည်းတည်ဆောက်မှု့တစ်ခုကို ထိန်းသိမ်းထားတတ်သည်။

earthworm1.jpg

ထိုဖွဲ့စည်းတည်ဆောက်မှု့မှာ အရည်များဖြင့် ပြည့်နေတဲ့ ကိုယ်တွင်းခေါင်း အခန်းတစ်ခုဖြစ်ပြီး အရည်တွေပါဝင်တဲ့ အရိုးငြမ်းတစ်ခု( hydrostatic skeleton ) ဖြစ်ပါတယ်။တီကောင်တွေ၏ ကိုယ်တွင်းခေါင်းဟာဆိုရင် ကောင်းစွာဖွံဖြိုးပြီးတော့ အကန့်များဖြင့် ပိုင်းခြားထားပါတယ်။လိင်အင်္ဂါဟာဆိုရင် နှစ်ခုတွဲပါဝင် ဒွိလိင် စနစ်ဖြစ်ပြီးတော့ တိုက်ရိုက်မွေးဖွားကြပါတယ်။ဒါမဟုတ် လိင်သီးခြားစီဖြစ်ရင်လည်း သားလောင်းအဆင့်ဖြင့် မွေးဖွားကြပါတယ်။အချို့သည် နှစ်ခုကွဲထွက်ခြင်းဖြစ်တဲ့ လိင်မဲ့နည်း ဖြင့် မွေးဖွားကြပါတယ်။

ဒုတိယပိုင်း ဆက်ရန်

ကျွန်တော်သည် အင်္ဂလိပ်စာ အားနည်းသောကြောင့် အမှားတစ်စုံတစ်ခု ပါရှိခဲ့ပါက ကျွန်တော်၏ အင်္ဂလိပ်စာ ညံ့ဖျင်းမှု့ဟုသာ တွေးရင်း နားလည်ခွင့်လွှတ်ပေးကြပါရန် တောင်းပန်အပ်ပါသည်။ကိုယ်ပိုင်ရေးသားမှု့များကို ကြိုးစားပြီး တင်ဆက်သွားပါ့မည်။အားလုံးကို ကျေးဇူးတင်ပါတယ်။

Original Writer By steemloverr
Photo Credit Google image

Sort:  

ငယ်ငယ်ကငါးမျှားရင် အဲ့လိုနီနီရဲရဲလေးတွေဆို ငါးသိပ်ကြိုက်တာ လိုက်ရှာရတာအမောဘဲ...
နောက်တစ်ခါကြုံရင် Warm ကြော်ကျွေးမယ် ဟုတ်ပါဘူး ငါးကြော်ကျွေးမယ်လို့ ငါးမျှားချင်စိတ်တောင်ပေါက်သွားတယ် Fighting

worm ကြောတော့ စာူးး ငါးကြော်ကတော့ အကြိုက်ဆုံးဘဲ ဟီးး

အမှန်ပဲ... တီကောင်မြင်တာနဲ့ ငါးမျှားတဲ့ နေရာ စိတ်ရောက်သွားတယ်... ငယ်တုန်းတော့ တကူးတက တူးယူပြီး ငါးမျှာခဲ့တာ... ရေကြီးချိန် ဧရာဝတီ မြစ်ထဲ ရေငုပ်ပြီး ရွှံ့နွံ တွေကို လက်နဲ့ ကော်ပြီး ရေတီ ရှာရတာ အမောပဲ။ ရေ တီက ငါးပိုရတယ်

Sad about the text moment @steemloverr . I LOVE earth worms. We have a worm farm in a big old bath here and the compost worms show me how much worms live in families. Thanks for highlighting these awesome, hardworking critters.
Soon I'll have my worm color in story ready to share - then you can copy it for any kids. :)

thanks bro for your support and comment.I can't write to english because I am very difficult for english thanks bro

ဗဟုသုတရပါတယ် translate or own research?

ကျနော် bio နဲ့ သင်္ချာ သင်တဲ့ ဆရပါ ကျနော်လေ့လာထားတာ ပြန် ရေးထားတာပါ

Congratulations @steemloverr! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

နောက်တစ်ခါ @mamamyanmar ရဲ့ဟင်းချက်နည်းတွေမှာ တီကောင်ချက်နည်းထည့်ပေးဖို့ပြောရအုံးမယ်

အရမ်းကောင်းတဲ့ ဟင်းလျာ တစ်ခွက်ဖြစ်မှာပါ ဟားးဟား

တီကောင်ဆိုလို့ ပုံမကြည့်ဘူး

ဘာလို့

Congratulations @steemloverr! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

thank for sharing

thanks for supporting

Nice post. နိုင်ငံခြားသားကတောင် I LOVE earth worms.တဲ့ .

ဟုတ် အကို

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64678.67
ETH 3086.68
USDT 1.00
SBD 3.87