မျက်ရည်များနှင့်ရေးသောစာတစ်ချို့

in #myanmar6 years ago

ဟိုးငယ်စဉ်အခါ အရွယ်တည်းကမိဘရင်ခွင်မှာမနေရဘဲ အဖွားနဲ့အဒေါ်ဆီမှာနေပြီး မိဘရင်ခွင်ဆိုတာဘာမှန်းမသိခဲ့ရပါဘူး။အရွယ်ရောက်လာတော့ဘဝနာပြီးကြိုးစားခဲ့တယ်။ အဒေါ်ကလေးမွေးတော့ ငါလည်းလူငယ်တစ်ယောက်ဖြစ်နေပါပြီ။လူငယ်တစ်ယောက်ရဲ့ဘဝကဘာလဲလုံးဝမသိခဲ့ရှာဘူး။ငါကလူငယ်တစ်ယောက်လား အိမ်မှာမွေးထားတဲ့တရိစ္ဆာန်တစ်ကောင်လား ငါကပြောတဲ့အတိုင်းလိုက်လုပ်နေရတယ်။လွတ်လပ်မှုဆိုတာမရှိဘူး။ပျော်ရွှင်မှုဆိုတာတွေလဲလိုက်ံပိတ်ပင်ခံရတယ်။ပြောလိုက်ရင်အဖွား အဒေါ်ကမေတ္တာထားတယ်။ငါငိုရင်ပွေ့ဖက်ဖူးလို့လား။ငါ့မျက်ရည်က ငါအုံးတဲ့ခေါင်းအုံးပဲ ခံစားဖူးတာပါ။ငါကလူငယ်တစ်ယောက်ပါ ပျော်ရွှင်မှုကိုလိုလားတဲ့သူပါ။အရာအားလုံးကကြီးတဲ့သူတွေမှန်တာလား။ငယ်တဲ့သူတွေစကားကအမြဲအမှားတွေပဲလား။ငါဝေခွဲရခက်တယ်။ ငါလဲငါ့မိဘနဲ့အတူနေချင်တာပေါ့ကွာ။ ငါ့မိဘနဲ့ပြန်နေရင် သူတို့ကလေးမထိန်းပေးလို့ အပစ်ပြောခံရတာပဲ။ငါ့လို မိဘနဲ့အတူမနေရတဲ့သူတိုင်းအဲ့လိုပဲလား။ဆုံးမတယ်ဆိုတဲ့စကားကဘာလဲဆိုတာ ငါကောင်းကောင်းသိပါတယ်။ငါအဖွားနဲ့အဒေါ်ကဆုံးမတာမှမဟုတာ။ငါအပစ်တစ်ခုလောက်လုပ်မိတိုင်းအဲ့အပစ်ကိုပုံကြီးချဲ့ပြီးပြောဆိုနေတာလေ။ငါမှန်လို့ပြန်ပြောရင် ဘယ်လောက်ပဲမှန်နေပါစေ ငါ့ဘက်ကအမှားဖြစ်သွားပြန်ရော။ငါ့အဖွားအိမ်မှာ ငါနေတာပဲ ငါ့မိဘတွေမှအဆင်မပြေတာလေလို့ငါခံယူထားပါတယ်။ငါတက္ကသိုလ်တတ်နေတာပါ ငါကျောင်းမှာဘာတွေစားခဲ့လို့လဲ ပေးတဲ့မုန့်ဖိုးက လိုင်းကားစရိတ်နဲ့လိုတဲ့အရာဝယ်ဖို့ပဲသိမ်းထားခဲ့တာပါ။အိမ်ကလက်ဖြန့်တောင်းတာနည်းပါတယ်။ငါ့သူငယ်ချင်းတွေနားမှာငါဘယ်လိုနေရလဲမသိပါဘူး။တက္ကသိုလ်တတ်နေတဲ့သူကတစ်လဘယ်လောက်ကုန်လဲမသိရှာပါဘူး။တက္ကသိုလ်တတ်နေလို့တစ်နေ့နစ်ထောင်ပေးတာတဲ့။တစ်နေ့နစ်ထောင်က ဘယ်လောက်မှအသုံးမဝင်ပါဘူး။လိုင်းကားခတင်ရှစ်ရာကုန်နေပါပြီ။ ဒါတောင် နစ်ထောင်တောင်ပေးထားတဲ့ လောက်အောင်သုံးပေါ့။ ငါကအလုပ်လုပ်ချင်နေတဲ့သူတစ်ယောက်ပါ။ အိမ်မှာအလားကားနေရင်းထိုင်မစားချင်ပါဘူး။ငါ့ကျောင်းတတ်ကမှာနဲ့ ရှာရတဲ့အလုပ်ရှားလို့ မလုပ်နိုင်တာပါ။ငါ့ညီမအထက်တန်းအောင်ပါစေလို့ငါဆုတောင်းရတော့မယ်။ငါ ငါ့အဖွားအိမ်မှာမနေချင်တော့ဘူး။ ငါ့ပညာရေးရှိသေးတယ်ဆိုပြီးသည်းခံနေလာခဲ့တာပါ။ဘယ်လောက်ပဲပြောပြောငြိမ်ခံနေပြီးသည်းခံနေလာခဲ့တာများပါတယ်ဗျာ။ လူတကာလူငယ်ဘဝလွတ်လွတ်လပ်လပ်ပျောရွှင်စွာနေနေရတဲ့အချိန် ငါကလေးထိန်းနေကတယ်။ငါသူငယ်ချင်းတွေအပြင်သွားဖို့ခေါ်တဲ့အချိန် ပိုက်ဆံမရှိလို့မျက်နှာငယ်နဲ့လိုက်ခဲ့ရပါတယ်။ပိုက်ဆံရှာရတာတကယ်ခက်ပါတယ်။ဒါကြောင့်ကျွန်တော်လဲ ပိုပြီးမတောင်းပါဘူး။ပေးတဲ့မုန့်ဖိုးပဲသုံးတာပါ။ဒါပင်မဲ့ ငါအကြီးငါဘာလုပ်လုပ်မှန်တာကြီးတော့မသုံးပါနဲ့။ငါစိတ်ဆင်းရဲမှုတွေနဲ့နေလာခဲ့ရတာပါ။တစ်ခါတစ်လေအားပေးစကားပြောပေးပါ။ပတ်ဝန်းကျင်ကကောင်းတာပဲကြားချင်လို့ ကောင်းအောင်နေတဲ့။လိမ္မာအောင်နေတဲ့။အဲ့လိုကြားချင်တဲ့ငါအဖွားက ငါမြေးလေးတော်လိုက်တာဆိုပြီးပြောခဲ့လား။ငါကလိမ္မာအောင်နေပါတယ်။ငါအေးအေးလူလူပဲနေတာပါ။ဘယ်သူမှလဲပြသနာမရှာပါဘူး။ငါမှန်လိုငါပြန်ပြောရင်တော့လက်ခံပေးစေချင်တယ်။ငါမှန်လို့ပြန်ပြော နင်ကလူကြီးကိုပြန်ခံပြောတာလားတဲ့။ဘာလဲခြေရာတူလို့ပြန်ခံပက်ချင်တာလားတဲ့။ငါသည်းခံပြီးနေလာခဲ့တာ ငါ့ဘဝငါ့ပညာရေးကြောင့်ပါ။ငါ့မိဘတွေငါ့ကိုမထောက်ပံ့ပေးနိုင်လို့ပါ။ ငါဖျားလို့ဆေးဝယ်ပေးမဲ့သူမရှိပါဘူး။ ငါနေမကောင်းဖြစ်ချင်ဖြစ်ပစေ သူတို့သားသမီးနေရင်ပြီးရော ဦးထုပ်မရှိပဲနေပူထဲစက်ဘီးနဲ့ထိန်းခဲရပါတယ်။သင်တို့လုပ်တဲ့အရာတွေကအကုန်မှန်ပါတယ်။ဟုတယ်လေ ငါမှဝင်ငွေမရှိသေးတာ။ခုဆိုငါ online မှာငွေရှာတဲ့ app တစ်ခုဖြစ်တဲ့ steemitကိုသုံးနေပါတယ်။နောက်ဆိုလက်ဖြန့်မတောင်းရအောင်ငါကြိုးစားပါ့မယ်။နောက်သုံးနစ်လောက်ပဲစောင့်ပါ။ငါငယ်ငယ်လေးတည်းကကျွေးမွေးလာတာလာတာခုလောက်ဆိုဘယ်လောက်လောက်ရှိပြီဆိုတဲ့အကျွေးတွေကိုပြန်ဆပ်ပါ့မယ်။
@smileking
MSC 255

Sort:  

မျက်ရည်တွေနဲ့ရေးတာဆိုတော့ငံမှာပဲ။စိုလဲစိုနေမှာ။စာတွေမင်တွေစို စာတွေကပျက်။ဖတ်လို့မရဘူးပေါ့။ဒါကမျက်ရည်နဲ့ရေးတာမဟုတ်ဘူးဖတ်လို့ရနေတယ်။တိန်

အိပ်​မက်​​တွေ ဆက်​မက်​ကြတာ​ပေါ့ဗျာ .. တစ်​ချိန်​မှာ steemit နဲ့ သက်​​သေပြနိုင်​ဖို့​ပေါ့ .. ဒါ​ပေမယ့်​ ခုချိန်​ကြုံ​နေတာ​တွေကို ဒုက္ခလို့မမြင်​ဘဲ ​လှေကားထစ်​​တွေလို့ မြင်​​ပေးပါ ညီ​ရေ ..

အားငယ်စရာမလိုပါဘူးဗျာ

စာပိုဒ်လေးတွေ ခွဲရေးရင် စာဖတ်သူကို ပို့ပီးဆွဲဆောင်နိုင်ပါတယ် မောင်လေးရေ အပိုဒ်လေးတွေ ခွဲရေးပါလို့ အကြံပေးချင်ပါတယ်

လူဆိုတာခံစားရတာ​တေများ​နေရင်​စိတ်​ထွက်ေ​ပါက်​ရှာတက်​ပါတယ်​။ကောင်း​သောနည်းဖြင့်​ထွက်​ပေါက်​ရှာပါလို့တိုက်​တွန်းချင်​ပါတယ်​။steemitမှာ​အောင်​မြင်​ပါ​စေဗျာ။

အားမငယ်​ပါနဲ့ညီ

ခံစားရတဲ့ အပေါ်မှာ အားမွေးရင်း ရှင်သန်ပါ ကွယ် တနေ့အောင်မြင်လာမှာပါ
အညှိုးတေ အမုန်းတေကိုတော့ ဖယ်ထုတ်ပလိုက်ပါ အဲ့ဒါတေက အရင်ဆုံး
ကိုယ့်ကိုကိုယ် ပူလောင်မှု့ ပေးနိုင်ပါတယ်

ကြိုးစားပါ.bro

ဇွဲပဲဗျ ဇွဲရှိရင်အရာရာကိုကျော်ဖြတ်နိုင်မှာပါ

အပိုဒ်​ခွဲ​ရေး ​ညေး​ရေ ဖတ်​ရပို​ကောင်း​အောင်​လို့

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.039
BTC 69796.92
ETH 3521.66
USDT 1.00
SBD 4.70