ဝေး

in #myanmar6 years ago

ပြန်လည်ဆုံလေမလား စိတ်နဲ့
သတိရခြင်းအတိတ်တွေကို အိပ်ကပ်ထဲထည့်ရင်း
ရေသပ္ပါယ်တဲ့အခါ
ကြာသာပတေးဂြိုလ်ခုံမှာ နင့်နာမည်ကိုဖွဖွလေးရွတ်မိတယ် ။

ရင်ပြင်ပေါ် လက်ယာရစ်ပတ်ရင်း
နံဘေးမှာ နင်မပါတော့တဲ့ခြေလှမ်းတွေ
ငြိုးငယ်စိတ်ဟာ
ခေါင်းလောင်းထိုးသံနဲ့အတူ လွင့်မြောသွားလေရော့သလား။

ဦးသုံးကြိမ်ချတယ် ။
သံသရာမှာထပ်တိုက်မိမယ့် ခလုတ်လေးဟာ
နင်ဖြစ်ပါစေ ဆုတောင်းတယ် ။

အနောက်ဘက်မုခ်က ဆင်းတော့
ငါ့ဖိနပ်ကိုကိုင်ဖူးတဲ့
လက်သေးသေးလေးကို လွမ်းရင်း
ခြင်္သေ့ကြီးကို လှည့်မကြည့်ရဲတော့ပါဘူးလေ ။ ။
#MSU-025
Photo crd- google
stock-photo-135791599.jpg

Sort:  

ရိုးရိုးလေးနဲ့ ဆန်းပါတယ် ဗျာ
ကြိုက်၏

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.031
BTC 60936.15
ETH 2921.43
USDT 1.00
SBD 3.70