ဘဝဒသန စိတ်အားဖြည့် ဘာသာပြန် ပုံပြင်များ - 4

in #myanmar7 years ago

အမှန်တရား တစ်ဝက်ရဲ့ သတိပြုဖွယ် (သို့ ) အမှန်တရားကို မှားယွင်းစွာ တင်ပြခြင်း

speaking-in-tongues1.jpeg

ဟိုးရှေးရှေးက သင်္ဘောတစ်ခုမှာ သုံးနှစ်ကြာအောင် အလုပ် လုပ်ခဲ့တဲ့ သင်္ဘောသား တစ်ဦး ရှိခဲ့ပါ တယ်။တစ်ညမှာတော့သူအရက်သောက်ခဲ့ပါတယ်။ပထမဦးဆုံး ဖြစ်ပျက်ခဲ့တာဖြစ်ပါ တယ်။ အကြီးအကဲ က `` ယနေ့ညမှာ သင်္ဘောသားဟာ အရက် သောက်ခဲ့တယ် ´´ လို့ ဖိုင်တွဲမှာ မှတ်တမ်း တင်ခဲ့ပါတယ်။

သင်္ဘော သားဟာ ၎င်းကို ဖတ်ရှုပြီး ထိုမှတ်ချက်ဟာ သူ့ရဲ့ အသက် မွေးဝမ်းကြောင်းကို ထိခိုက်စေနိုင်ကြောင်း သိလိုက်ပါ တယ်။ဒါ ကြောင့် သူဟာ အကြီးအကဲဆီသွားရောက်ပြီး အပြည့်အဝမှန် ကန်မှုရှိတဲ့ သုံးနှစ်အတွင်းမှာ တစ်ကြိမ် သာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ် အပျက် ဖြစ်ကြောင်း ဖြည့်စွက်ရေးသားဖို့ အသနားခံ တင်ပြ ခဲ့ပါတယ်။

၎င်းကို အကြီးအကဲ ငြင်းပယ်လိုက်ပြီး ဖိုင်တွဲမှာ ရေးမှတ် ခဲ့တဲ့ အကြောင်းအရာဟာ အမှန်တရား ဖြစ်ကြောင်း ပြောလိုက်ပါ တယ်။နောက်တစ်နေ့ကတော့ ဖိုင်တွဲရေးမှတ်ဖို့ရာ သင်္ဘောသား ရဲ့ အလှည့် ကျ ရောက်လာပါတယ်။သူက `` အကြီးအကဲဟာ ယနေ့ည မူးယစ်နေခြင်း မရှိပါ ´´ ရေးမှတ်ခဲ့ပါတယ်။

အကြီးအကဲ က ၎င်းမှတ်ချက်ကို ဖတ်ရှုပြီး ၎င်းကို ပြင်ဆင်ဖို့နဲ့ အပြည့်အဝ မှန်ကန်အောင် ဖြည့်စွက်ရေးသားဖို့ သင်္ဘော သားကို ပြောခဲ့ပါ တယ်။ ၎င်းမှတ်ချက်က အကြီးအကဲဟာ အခြားညစဉ်တိုင်း သောက် စား နေကြောင်း စောင်း ပါးရိပ်ချည် ပြောနေသကဲ့သို့ ဖြစ်နေတာ ကြောင့် ဖြစ်ပါတယ်။ သင်္ဘောသားက ဖိုင်တွဲမှာ ရေးခဲ့တဲ့ အ ကြောင်း အရာဟာ အမှန်တရားဖြစ်ကြောင်း အကြီးအကဲကို ပြော လိုက်ပါတယ်။

photo >> google
source >> https://goo.gl/ETzph8
Translator >> @shweyaungmyanmar

FB_IMG_1501712948251.jpg

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.031
BTC 59077.53
ETH 2518.13
USDT 1.00
SBD 2.48