ဘဝဒသန စိတ်အားဖြည့် ဘာသာပြန် ပုံပြင်များ - 3

in #myanmar7 years ago (edited)

ဂုဏ်သိက္ခာ

images.jpg

သူတောင်းစားတစ်ဦးဟာ ဘူတာရုံတစ်ခုအတွင်းမှာ ဖောင်တိန် တွေနဲ့ အပြည့် ဖြစ်နေတဲ့ ခွက်တစ်လုံး နဲ့အတူထိုင်နေပါတယ်။ ငယ်ရွယ်တဲ့ အမှုဆောင်တစ်ဦးဟာ ဖြတ်လျှောက်သွားစဉ်မှာ သူ့ရဲ့ ခွက်ထဲကို ၁ ဒေါ် လာ ထည့်ပေးခဲ့ပါတယ်။ပြီးတော့ သူဟာ ရထားအတွင်းကို ဝင်ရောက်သွားခဲ့ပါတယ်။တံခါးမမပိတ်ခင် အချိန် အတွင်း သူ့ရဲ့ စိတ်ထဲမှာ တစ်မျိုးတစ်မည် ဖြစ်လာခဲ့တဲ့အတွက် သူတောင်းစား ဆီသို့ ပြန်သွားခဲ့ပြီး ဖောင် တိန်များကို ဆတ်ကနဲ ဆွဲယူကြည့်ရှုကာ `` ဒါတွေက ဈေးကြီးတဲ့ အရာတွေပဲ ။ မင်းဟာ ရင်းနှီးမြုပ်နှံသူ တစ် ယောက် ဖြစ်ပြီးတော့ ငါ့လို လူတစ်ယောက် ပါပဲ ´´ လို့ ပြောလိုက်ပြီး ထွက်လာခဲ့လိုက်ပါတယ်။

ခြောက်လအကြာမှာ လူငယ်အမှုဆောင်ဟာ ပါတီပွဲ တစ်ခု ကို တက်ရောက်ခဲ့ပါတယ်။ သူတောင်းစား က လည်း သန့်ရှင်း သပ်ရပ်စွာနဲ့ အဲဒီမှာရှိနေခဲ့ပါတယ်။သူတောင်းစား ဖြစ်သူက အမှုဆောင် ကို မှတ်မိခဲ့ပြီး သွားရောက်တွေ့ဆုံခဲ့ကာ သင်က ကျွန်ုပ်ကို မမှတ်မိတာ ဖြစ်နိုင်ပါတယ်။ ကျွန်ုပ်ကတော့ သင့်ကို မှတ်မိ နေပါတယ်´´ လို့ပြောလိုက်ပါတယ်။ပြီးတော့သူက လွန်ခဲ့ တဲ့ ၆ လအကြာက ဖြစ်ကြောင်းစုံကို ပြန်ပြောပြ လိုက်ပါတယ်။ အမှုဆောင်က သင် ကျွန်ုပ်ကို အမှတ်ရစေလိုက်တဲ့ အတွက် အရင်က သင် တောင်းရမ်းနေခဲ့ တာကို ပြန်လည် တွေးမြင်ယောင် မိပါတယ်။ယခုတော့ သန့်သန့်ပြန့်ပြန့် နဲ့ ဘာလာလုပ်တာပါလဲ ´´ လို့ မေး လိုက်ပါတယ်။

သူတောင်းစားက `` အဲဒီနေ့မှာ သင်ဟာ ကျွန်ုပ်အတွက် ဘာပြု လုပ်ပေးခဲ့တယ် ဆိုတာကို မသိခဲ့တာ ဖြစ် နိုင်ပါတယ်။သင်ဟာ ကျွန်ုပ်ရဲ့ ဘဝမှာ ကျွန်ုပ်ရဲ့ ဂုဏ်သိက္ခာတွေကို ပထမဦးဆုံး ပြန် ပေးခဲ့တဲ့ သူ တစ်ယောက် ပဲ ဖြစ်ပါတယ်။သင်ဟာ ကျွန်ုပ်ရဲ့ ဖောင် တိန်များကို ဆတ်ကနဲ ဆွဲယူကြည့်ရှုခဲ့ပြီး ` ဒါတွေက ဈေးကြီးတဲ့ အရာတွေပဲ ။ မင်းဟာ ရင်းနှီးမြုပ်နှံသူ တစ် ယောက် ဖြစ်ပြီးတော့ ငါ့လို လူတစ်ယောက် ပါပဲ ´ လို့ပြောခဲ့ပါ တယ်။သင်ထွက်ခွာ သွားတဲ့ အခါမှာ ကျွန်ုပ်ဟာ မိမိကိုယ်ကိုယ် ငါဒီမှာ ဘာလုပ် နေခဲ့တာ လဲ။ ဘာ့ကြောင့်ငါ ဟာတောင်းရမ်းနေတာလဲ စသည် ဖြင့် ပြန်တွေးခဲ့ပါတယ်။ကျွန်ုပ် ဘဝကို အထောက်အကူ ဖြစ်စေမဲ့ တစ်စုံ တစ်ခုကို ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်ုပ်ရဲ့ လွယ် အိတ်ကို ကောက်ယူလိုက်ပြီး အလုပ်လုပ်ဖို့ စတင် လိုက်ပါတယ်။ အခုတော့ ဒီမှာရောက်နေခဲ့ပါပြီ။ ကျွန်ုပ်ရဲ့ ဂုဏ်သိက္ခာတွေ ပြန် ပေးခဲ့တဲ့ သင့်ကို ကျေးဇူးတင် ပါတယ်။အဲဒီအဖြစ်အပျက်က ကျွန်ုပ် ဘဝကို ပြောင်းလဲစေခဲ့ပါတယ် ´´ လို့ ပြောပြလိုက်ပါတယ်။

(၁) ဂုဏ်သိက္ခာဟာ တောင်းရမ်းသူတစ်ဦးအတွက် အရေးကြီးပါ သလား။
……………………………………………………………………………………………………

(၂) ဂုဏ်သိက္ခာရဲ့ တန်ကြေးကို ဘယ်လိုတိုင်းတာ နိုင်မလဲ။
……………………………………………………………………………………………………

FB_IMG_1501712948251.jpg

photo >> google
Translator >> @shweyaungmyanmar

ဘဝဒသန စိတ်အားဖြည့် ဘာသာပြန် ပုံပြင်များ - 4 >>
https://steemit.com/myanmar/@shweyaungmyanmar/bawdthn-sitaayapany-baathayapn-pundefinedyapngundefined-4

Sort:  

good post bro.

ကျေးဇူးပါဗျာ

ဖတ်ရှုပေးတာ ကျေးဇူးပါ

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.031
BTC 58861.70
ETH 2499.51
USDT 1.00
SBD 2.48