Wars of The Three World

in #myanmar6 years ago

Wars of the three world
Season (1)
အပိုင်း(၁)
တိုက်​ခိုက်​ခံရခြင်းသို့မဟုတ်​ အစ၏နိဂူံး

ကျွန်​​တော်​တို့​နေစကြ၀ဋ္ဌာကြီးဟာတခုထဲမဟုတ်​ပါဘူး။ စကြ၀​ဋ္ဌာတခုမှာတကမ္ဘာစီရှိပါတယ်​။ တစ်​ခုနဲ့တစ်​ခု အလွန်​​ဝေးကွာလွန်းတဲ့အတွက်​ တကမ္ဘာနဲ့တကမ္ဘာ သမားရိုးကျနည်းလမ်းနဲ့သွားဖို့မလွယ်​ကူခဲ့ပါဘူး။ အလင်းရဲ့အလျင်​နီးနီးနဲ့သွားရင်​​တောင်​မျိုးဆက်​​ပေါင်းများစွာ​ကျော်​ဖြတ်​ပီးမှ တခြားကမ္ဘာကို​ရောက်​နိုင်​မယ်​ဖြစ်​တယ်​။
ဒါ​ကြောင့်​ သိပ္ပံပညာကိုအစွမ်းကုန်​တိုးတတ်​​​အောင်​လုပ်​​နေကြပါတယ်​။ portal လိုမျိုး ဖန်​တီး​နိုင်​ဖို့​ပေါ့။ ဒါ​ပေမယ့်​ portal​တွေလိုသူံးနိုင်​တဲ့ ​မှော်​​တွေက​တော့သိပ္ပံပညာမထွန်းကားခင်​ကာလကတည်းရှိခဲ့တာပါ။ သူ့အလိုလိုဖြစ်​​နေတဲ့ ​မှော်​စွမ်းအားပိုင်​ရှင်​​တွေရှိသလို​လေ့ကျင့်​ပြီးမှရလာတဲ့​မှော်​ပိုင်​ရှင်​​တွေလည်းရှိပါတယ်​။ သူတို့ဟာအလွန်​လျှို့ဝှက်​တဲ့ အဖွဲ့အစည်း​တွေဖြစ်​ပါတယ်​။ ​လူ​တွေကြားထဲမှာ​ရော​နှော​နေထိုင်​ကြ​ပေမယ့်​ အချင်းချင်းကလွဲရင်​ တခြားလူ​တွေမသိကြပါဘူး။

"ဒီ​နေ့လည်း​နောက်​ကျပြန်​ပီ"ဟု ​ကို​ဇော်​တ​ယောက်​ညီးတွားရင်း ကတိုက်​ကရိုက်​ ​ရေကူးကန်​ကိုသွားပါတယ်​။ ကို​ဇော်​က ၁၀တန်း​​​ဖြေပီးတဲ့ကျောင်းသားဖြစ်​ပါတယ်​။ သူအိပ်​ရာထ​နောက်​ကျတာဟာ အခုမှမဟုတ်​ပါဘူး..သူ၃တန်းကတည်းကပါ​။ သူ့အသက်​၉နှစ်​က​နေစပြီး.အိပ်​ရင်​နှိုးမရတဲ့​ရောဂါတမျိုးကိုခံစားခဲ့တာဖြစ်​ပါတယ်​။ ပိုပြီးထူးဆန်းတာက နိုးလာရင်​ခန္ဓာကိုယ်​တခုလုံး ကိုင်​ရိုက်​ထားသလိုခံစားရတာပါ။ အမြဲတန်း ည၉နာရီဆိုအိပ်​​ပျော်​ပြီးမနက်​၉နာရီဆိုနိုးတဲ့​ရောဂါဆန်းတမျိုးပါဘဲ့။

ကျွန်​​တော်​နာမည်​ရင်းက​တော့ ​ဇော်​မင်းဖြစ်​​ပေမယ့်​ ကို​ဇော်​လို့သာအသိများပါတယ်
ကျွန်​​တော့်​အဖြစ်​အပျက်​ဟာစိတိကူးယဉ်​ဆန်​လွန်းသည်​။ သိပ္ပံပညာကို​လေ့လာလိုက်​စားသူဖြစ်​လင့်​ကစား.​နောင်​တချိန်​တွင်​ ​မှော်​စွမ်းအားဘက်​​ရောက်​မည်​မထင်​။ ကျွန်​​တော်​အကျွမ်းအကျင်​ဆူံးက ​ရေကူးတာဖြစ်​သည်​​။ bus ကား​ပေါ်တွင်​ ကိုယ့်​အ​ကြောင်းကိုယ်​စိတ်​ကူးယဉ်​​နေခြင်းဖြစ်​သည်။.ကျွန်​​တော်​ထိုင်​တာက ကား​ခေါင်းရင်း​ရှေ့ထိုင်​ခူံမှာ​ထိုင်​​နေတာပါ။ ကျွန်​​တော့်​ကိုတ​ယောက်​​ယောက်​က​စိုက်​ကြည့်​​နေသလိုခံစားရ​ပေမယ့်​ ​​နောက်​လှည့်​ကြည့်​​တော့ မ​တွေ့ရ​ပေ။ ဒါနဲ့ကျွန်​​တော်​လည်း စိတ်​မကြည်​မလင်​ဖြစ်​သွားတယ်​။ အခုက​​တော့ကျွန်​​တော်​​ရေကူးသွားဖို့ပါ။ သူငယ်​ချင်း​တွေက​တော့ ကျွန်​​တော့်​အ​ကြောင်းသိလို့၁၀နာရီခွဲမှာ တက္ကသိုလ်​​ရိပ်​သာလမ်းနားကလှည်းတန်းနားက​ရေကူးကိုချိန်းခဲ့ပါတယ်​။ ကျွန်​​တော်​က ကျိုက်​က္ကစံဘုရားနား​နေတာမို့ အနည်းဆုံးတနာရီခန့်​သွားရသည်​။ ​ကျွန်​​တော်​ရဲ့ထူးခြားချက်​က​တော့​ရေနဲ့ထိရင်​အ​မောပန်း​ပြေ.စိတ်​ပင်​ပန်းကိုယ်​ပင်​ပန်း​တွေ​ဖြေကုန်​တာဖြစ်​ပါတယ်​​။ကျွန်​​တော့်​အတွက်​​ရေက​ဆေးတမျိုးဆိုလည်းမမှားပါဘူး။ 

ကျွန်​​တော့်​သူငယ်​ချင်း​တွေနဲ့ ကျွန်​​တော်​စုစု​ပေါင်း၅​ယောက်​ရှိပါတယ်​။ မနက်​ပိုင်းမို့ လူလည်းရှင်း​တော့ကျွန်​​တော်​တို့ချည်းသာဖြစ်​ပါတယ်​။ ကျွန်​​တော့်​အမြင်​​တော့ ရှင်​လိင်​ပြန်​တဲ့သူ၊​ထောင်​ကထွက်​တဲ့သူနဲ့ အိမ်​​ထောင်​ကျတဲ့သူအပြင်​ ဆယ်​တန်း​ဖြေပီးတဲ့သူလည်း..​ပျော်​ဆုံးဖြစ်​မယ်​လို့ကျွန်​​တော်​ထင်​ပါတယ်​။ အခုသူငယ်​ချင်း​လေး​ယောက်​ကို​တော့ ဆယ်​တန်းပြီးမှ သိတာပါ။ သူတို့ကအရင်​လာ​ရောပြီး​တော့​ပေါ့။ အစက​တော့ ဘာလားထင်​​ပေမယ့်​ ​နောက်​​တော့သ​ဘော​ကောင်းမှန်းသိသွားပါတယ်​။

ကျွန်​​တော်​တို့ငါး​ယောက်​ ​ရေကူးပြိုင်​ရင်း ၅​ယောက်​မဟုတ်​ဘဲ့ ၆​ယောက်​ဖြစ်​​နေတာကို အမှတ်​မထင်​​ရေတွက်​မိတယ်​။ ထင်​တာ​တော့ ​နောက်​ထပ်​​ရေလာကူးတဲ့သူလို့ထင်​ခဲ့တယ်​။ဒါ​ပေမယ့်​......
.
.
.

Hell of worldမှာ​​တော့ စစ်​ပွဲ​တွေဖြစ်​​နေပါတယ်​။ ဒီကမ္ဘာမှာ​တော့ လူတိုင်းဟာ စစ်​ပွဲဝင်​​နေရပါတယ်​။ ငရဲတံခါးမပွင့်​ခင်​တုန်းက​တော့ ​အေးချမ်း​ပေမယ့်​ ပွင့်​ပီးတဲ့အချိန်​မှာ​တော့​က​ပြောင်းကဆန်​ဖြစ်​ကုန်​တာပါ။ သူတို့ကမ္ဘာမှာ​တော့နိုင်​ငံကတခုတည်း၊ဘာသာစကားကတမျိုးတည်းပါဘဲ့။ အာ့လိုအ​ခြေအ​နေက​နေ..ငရဲတံခါးပွင့်​ပြီး.ငရဲက​နေလွတ်​လာတဲ့သတ္တ၀ါ​တွေ၊ငရဲထိန်း​တွေနဲ့ငရဲသားငရဲသူ​တွေ​ကြောင့်​ ကမ္ဘာတ၀က်​ဟာပျက်​စီးလုနီးပါးဖြစ်​ခဲ့ပါတယ်​။.လူ​တွေစုပြီး​တော့ ​မြေ​အောက်​စခန်းလုပ်​ပြီး စားနပ်​ရိက္ခာအတွက်​ စွမ်းအားမြင့်​ဘီစကွတ်​​တွေသာစားသုံးကြတယ်​။(ဘင်္ဂလီ​မောင်​​တောမှာ​တွေ့တဲ့ စွမ်းအားမြင့်​ဘီစကွတ်​ကိုမြင်​​ယောင်​ကြည့်​ပါ) ။ထိုအတူ ​မှော်​ပညာ​တွေဟာလည်းလူတိုင်းလိုလိုမှာရရှိလာ​ပေမယ့်​ ယှဉ်​နိုင်​မယ့်​အ​နေအထားမရှိဘဲ့ ခုခံရုံ​လောက်​သာဖြစ်​ပါတယ်​။ဒီအ​ခြေအ​နေမျိုးမှာ ကမ္ဘာ့ဘုရင်​ဖြစ်​တဲ့ ​စောမြတ်​ထွန်းဟာကြံရာမရဖြစ်​​နေပါတယ်​။ ဘယ်​သူကငရဲတံခါးကိုဖွင့်​လိုက်​တာလဲ၊ ဘာရည်​ရွယ်​ချက်​​နဲ့ဖွင့်​တာလဲ။ သူတို့ကိုဘယ်​လိုတားမလဲစဉ်းစား​နေတာဖြစ်​တယ်​၊ ငရဲ​ကောင်​​တွေကို​ခေါင်းဖြတ်​သတ်​မှသာ​သေပါတယ်​။ လက်​ရှိမှာ​တော့ ငရဲတံခါးထဲကအ​ကောင်​​တွေထပ်​မထွက်​လာတာဟာ နှစ်​​ပေါင်းငါးဆယ်​ရှိပီလို့​ငရဲတံခါးနားမှာ​စောင့်​ကြပ်​​နေတဲ့စစ်​သည်​​တွေဆီကတယ်​လီပသီနည်းနဲ့သတင်းရရှိခဲ့ပါတယ်​။ ဒါ​ပေမယ့်​ ငရဲတံခါးကိုဘယ်သူမှမပိတ်​နိုင်​ဘဲ့ဖြစ်​​နေပါတယ်​။ ဒါ့အပြင်​ တ​ဘောင်​လိုလို ​ရှေ့​ပြေးနမိတ်​လိုလို..စကားတခုထွက်​​ပေါ်ခခဲ့ပါတယ်​။ ဒါက​တော့ "ပထမကမ္ဘာကလူသား..စွမ်းအားမြှင့်​လို့ထား.ငရဲတံခါး.​ပေါ်ပြီး နစ်​တရာ ကြာတဲ့အခါ.သွားလို့​ခေါ်ပါ ​ပေါ်တယ်​ပါ..ကြားမှာအန္တရာယ်​ရှိတာအမှုမထား..ငရဲတံခါးပိတ်​လို့သွား" ဆိုတဲ့စကားမျိုးပါ။ ဒါ့အပြင်​ဘ​နောက်​ထပ်​စကားသုံးမျိုးလည်းရှိခဲ့ပါတယ်​။ ​​ဒုတိယကမ္ဘာသို့မဟုတ်​.hell of worldမှာ​တော့ လူတိုင်းဟာ နစ်​တ​ထောင်အသက်​ရှည်​ကြပါတယ်​။ ​ဘုရင်​ဖြစ်​တဲ့​စောမြတ်​ထွန်းဟာ.​ပေါ်တယ်​ဆိုတဲ့အဓိပ္ပါယ်​ကိုသိရှိပြီး​နောက်​မှာ တ​နေရာနဲ့တ​နေရာသွားနိုင်​တဲ့ ​​မှော်​စက်​၀န်းတခုကိုတီထွင်​ခဲ့ပါတယ်​။ ​စောမြတ်​ထွန်းက ​မှော်​တန်​ခိုးအ​တော်​အသင့်​နဲ့လူ​လေး​ယောက်​ကို​စေလွှတ်​ခဲ့ပါတယ်​။ ဒါ​ပေမယ့်​ နစ်​ငါးဆယ်​ကြာမှတခါ အ​ခေါ်အထုတ်​လုပ်​နိုင်​တာပါ။ ဘာလို့လဲဆို​တော့ ​မှော်​စွမ်းအား​လျော့သွားကြလို့ဖြစ်​ပါတယ်​။ ဒါ​ပေမယ့်​နစ်​ငါးဆယ်​ဆိုတာကသူတို့အတွက်​သိပ်​မကြာတဲ့အချိန်​ဘဲ့မလား။

ကို​ဇော်​သည်​..​ထို၆​ယောက်​မြောက်​လူကသူ့စီကိုတန်းတန်းမတ်​မတ်​လာ​နေသည်​ကို​တွေ့ရသည်​။ ကို​ဇော်​၏သူငယ်​ချင်းများက​တော့ ထိုအဖြစ်​အပျက်​ကိုမသိရှိ​ပေ။ ထိုလူသည်​ ​ကို​ဇော့်​အနားသို့​ရောက်​​သောအခါ ရုတ်​တရက်​​ကို​ဇော့်​ကိုဖမ်းချုပ်​ကာ "ငါတို့လုပ်​ရပ်​ကိုတားနိုင်​မယ့်​လူဆိုတာမရှိ​စေရဘူးကွ "ဟုခပ်​တိုးတိုး​ရေရွတ်​ကာ ​ကို​ဇော့်​ကို ​​ရေနစ်​သတ်​​လေသည်​​။ ကို့​ဇော်​သူငယ်​ချင်းဖြစ်​သူ ​ကိုလင်းထက်​က ချက်​ချင်းကို​ဇော်​နဲ့ထိုလူအနီးသို့သွားကာ "#@#**"(​မှော်​ဂါထာ)ရွတ်​ပြီး လက်​၀ါးနှင့်​တွန်းလိုက်​​ရေထဲမှ ထိုလူသည်​ လွင့်​ထွက်​သွား​လေသည်​။ ကို​ဇော်​က​တော့ ဘာမှမ​တွေးအားဘဲ့..​ရေကူးကန်​​ဘောင်​သို့တတ်​ရန်​ပြင်​​လေသည်​။ ကိုလင်းထက်​က ​ရေ​ပေါ်မတ်​တပ်​ရပ်​လိုက်​​သောအခါ ကို​ဇော်​နှင့်​.ကိုထွန်း၊ ကိုထွဍ်​နှင့်​ ကိုထက်​မြတ်​ တို့ ​သူံး​ယောက်​စလုံး ။မျက်​စိအ​ကြောင်​သား​ငေး​နေမိသည်​။ ကိုလင်းထက်​က "ငါမင်းတို့ကိုကာကွယ်​မှာပါစိတ်​မပူပါနဲ့"ဟု ​​နောက်​လှည့်​မကြည့်​ဘဲ့လက်​မနဲ့လက်​ညိုးဝိုင်းပြကာ ပြလိုက်​​လေသည်​။ ထိုလူလည်ျးရ​ပေါ်တွင်​မတ်​တပ်​ရပ်​ကာ ကြည့်​ပြီး​နောက်​..မီးခဲ​ပေါ်တွင်​မီးခိုးများ​ဖူံးလွမ်း​နေတဲ့လူပုံစံအ​ဖြစ်ေ​ပြာင်းကာ​ပျောက်​ကွယ်​သွား​လေသည်​။ ကိုလင်းထက်​က ကို​ဇော်​တို့ဘက်​ကိုလှည့်​ကြည့်​ကာ..ကို​ဇော်​ကလွဲလို့ကျန်​တဲ့သူ​တွေကို​မေ့​အောင်​လုပ်​ပြီး ကို​ဇော်​ကိုကြည့်​ကာ "ငါမင်းကိုစခန်း​ရောက်​မှ​အကုန်​ရှင်းပြမယ်​"

အပိုင်း(၂)...
စောမြတ်​ထွန်​တို့ကမ္ဘာမှာဘာ​တွေဆက်​ဖြစ်​မလဲ။
ကို​ဇော်​က​ရော နားလည်​လက်​ခံမှာလား။
စောမြတ်​ထွန်း​ပေးပို့လိုက်​တဲ့သတင်းကဘာလဲ၊
ကိုလင်းထက်​ကဘယ်​သူလဲ။
ကို​ဇော့်​က်ုတိုက်​ခိုက်​ခဲ့သူက​ရော....ဘာရည်​ရွယ်​ချက်​ရှိလဲ..။
အပိုင်း(၂)မှာဖတ်​ရှူနိုင်​ပါပြီ။

image

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 65139.82
ETH 3206.69
USDT 1.00
SBD 4.16