ဖမ်းယူထုတ်​လွင့်​နိုင်​​သောစွမ်းအင်​လိုင်းများ

in #myanmar6 years ago

ကျွန်​​တော်​တို့ပတ်​ဝန်းကျင်​မှာ မမြင်​ရတဲ့စိတ်​စွမ်းအားလှိုင်း​တွေအများကြီးရှိတယ်​။ ကိုယ်​တိုင်​ကလည်းထုတ်​လွင့်​​နေတယ်​။
image
ဥပမာ​ဒေါသဖြစ်​​နေတဲ့လူရဲ့အနားမှာ​နေရင်​စိတ်​မကြည်​မလင်​ဖြစ်​တာ ​ကြောက်​ရွံ့​နေတာ​တွေစတဲ့ ထို​ဒေါသထွက်​​နေသူရဲ့လှိုင်း​တွေကိုခံစားရတယ်​။ ထို့အတူ​မေတ္တာလှိုင်း​တွေလည်း​နေရာအနှံ့ရှိတယ်​။ ဘုရား​စေတီ​တွေမှာ ​မေတ္တာဓာတ်​လှိုင်း​တွေပိုများတယ်​။ ကျွန်​​တော်​တို့ဘုရားကိုသွားရင်​စိတ်​ကြည်​လင်​တာ၊​အေးချမ်းတာစတဲ့ခံစားချက်​​တွေအများအားဖြင့်​ရတာဟာထို​မေတ္တာလှိုင်း​တွေကိုခံစားမိလို့ပါ။

ကျွန်​​တော်​တို့ရဲ့စိတ်​ရဲ့wave လှိုင်း​တွေဟာ ထုတ်​လွင့်​သလိုဖမ်းယူတယ်​။ နစ်​ခုလုံးတပြိုင်​တည်းထုတ်​လွင့်​ဖမ်းယူကြတယ်​။ အ​တွေ့အကြုံအရ​ပြောရရင်​ ​မေတ္တာလှိုင်းဒါမှမဟုတ်​ကြိုးဟာ ရင်​ညွန့်​တည့်​တည့်​က​နေ အကြည်​​ရောင်​လဲ​နေတဲ့အဖြူ​ရောင်​ကြိုးအ​နေနဲ့ရည်​စူးသူဆီကို​ရောက်​တယ်​။ အာ့ရည်​စူးသူရဲ့​မေတ္တာဓာတ်​ကိုလည်းဖမ်းယူနိုင်​တယ်​။

ကျွန်​​တော်​တို့စိတ်​ရဲ့အ​ခြေခံဟာ ​ဒေါသလှိုင်းကိုဖမ်းယူနိုင်​သူလား​လောဘလှိုင်းကိုဖမ်းယူနိုင်​သူလား၊ ​မေတ္တာဓာတ်​လှိုင်းကိုဖမ်းယူနိုင်​သူလား၊တန်​ခိုး​တွေကိုဖမ်းယူနိုင်​သူလားအစားစားရှိတယ်​။ ဒါမှမဟုတ်​ထုတ်​လွင့်​နိုင်​သူ​တွေလား​ပေါ့။

အများအားဖြင့်​ ​ဒေါသစိတ်​ကြီးသူက ​ဒေါသစိတ်​ကိုထုတ်​လွင့်​သလိုသူတပါးရဲ့​ဒေါသစိတ်​ကိုဖမ်းယူနိုင်​တယ်​။ ဒါ​ကြောင့်​ရန်​ဖြစ်​ကြရင်​ ​ဒေါသစိတ်​ဟာနစ်​ဖက်​စလုံးထုတ်​လွင့်​ဖမ်းယူမှုအ​ကောင်းဆုံးဖြစ်​လာပြီး ချကြသတ်​ကြ​ရောဘဲ့။ သူတို့ရန်​ဖြစ်​ကြချကြသတ်​ကြမှုရဲ့ လိုင်းစွမ်းအင်​​တွေဟာ ​နေရာအနှံ့ကိုရုတ်​ချည်းပြန့်​နှံ့သွားကြတယ်​။ လူတိုင်းကိုယ်​စီ ထုတ်​လွင့်​ /ဖမ်းယူနိုင်​တဲ့အစွမ်းသတ္တိ​တွေ​ကြောင့်​ မသိသာကြဘူး။ ဒါ​ပေမယ့်​ ကံဆိုးတာက ​မြေကြီးကဆွဲငင်​သလိုသီးနှံဘာညာ​တွေကလည်းဖမ်းယူနိုင်​ကြတာမို့ အာဟာရဓတ်​​တွေများစွာ​လျော့နည်းသွားကြတယ်​။ ဒါ​ကြောင့်​စစ်​ဖြစ်​လာရင်​ အစားအ​သောက်​ရှားပါးမှုပြသာနာနဲ့ တန်းတူရင်​ဆိုင်​လာရတာပါဘဲ့။

မေတ္တာဓာတ်​ခံရှိတဲ့ဖမ်းယူ/ထုတ်​လွင့်​သူတ​ယောက်​ဟာ ဆန့်​ကျင်​ဘက်​​ဒေါသထုတ်​လွင့်​/ဖမ်းယူသူနဲ့ အမြဲယှဉ်​ပြိုင်​ကြတယ်​။ ​ဒေါသစိတ်​အင်​အားများရင်​ ​မေတ္တာစိတ်​ဖမ်းယူထုတ်​လွင့်​သူဟာ ရုတ်​ချည်း မူလ​ဒေါသစိတ်​ဖမ်းယူ/ထုတ်​လွင့်​သူထက်​နစ်​ဆ​လောက်​ကြီးမားသွားတတ်​တယ်​။ အချိန်​တိုင်းလိုလိုမဖြစ်​တာက ​ဒေါသစိတ်​​လောဘစိတ်​​တွေဟာ ဖမ်းယူမှုမှာအရမ်းများလာ​တော့ ထုတ်​လွင့်​မှုဘက်​ကိုအစွမ်းကုန်​ထုတ်​ကြတာဘဲ့။ ဒါ​ကြောင့်​​ဒေါသဟာအချိန်​တိုင်းလိုလိုမထွက်​​တော့တာဖြစ်​တယ်​။

မေတ္တာဓာတ်​သမား​တွေက​တော့ ဖမ်းယူနိုင်​​လေ​လေ ထုတ်​လွင့်​မှု​ကောင်း​လေ​လေ ခုတ်​လွင့်​မှု​ကောင်း​လေ​လေ.ဖမ်းယူနိုင်​မှုများ​လေ​လေမို့ စိတ်​ကြည်​လင်​ပြိး တန်​ခိုး​တွေကိုပါရရှိတတ်​တယ်​။ ​ဒေါသတို့​လောဘတို့လည်းတန်​ခိုး​တွေကိုဖမ်းယူနိုင်​​ပေမယ့်​​ပျောက်​ကွယ်​တာလည်းမြန်​တယ်​။ ​လောဘ​ဇောတတ်​​နေတဲ့သူ၊ကာမစိတ်​တတ်​​နေတဲ့သူကို​ခေါင်းရိုက်​ခွဲ ဖြုံမှာမဟုတ်​ဘူး..ရလဲရပီး​ရော အသက်​​တောင်​ထွက်​နိုင်​တယ်​။

ကျွန်​​တော်​တို့​တွေ ​ကောင်းတဲ့ဓာတ်​ကိုဘယ်​လိုဖမ်းမလဲမ​ပြောခင်​ ကျွန်​​တော်​တို့မှာ ​မေတ္တာဓာတ်​၊စိတ်​​ကောင်း​စေတနာရှိတာ​တွေအားနည်း​နေရင်​ balanceဖြစ်​​အောင်​အရင်​လုပ်​ရတယ်​။ အ​ကြော​လျော့တာ၊​လေ့ကျင့်​ခန်းလူပ်​တာအပြင်​ မြက်​ခင်း​ပေါ်မှာည​နေ​ဇောင်း​လောက်​မှာ ဖိနပ်​မကာဘဲ့ငါးမိနစ်​​လောက်​ရပ်​တာ အိပ်​တာ​တွေ၊ အပင်​​တွေ​အောက်​သွားတာ​တွေလုပ်​သင့်​တယ်​။ အပင်​​တွေ​မြေကြီး​တွေက စုပ်​ယူမှုစွမ်းအရမ်း​ကောင်းတယ်​။ ​မြေကြီးက+ - ညီမျှတာမို့ပါ။ အမြဲ​တော့မဟုတ်​ဘူး။

အာ့လိုလုပ်​ရင်​ 0balanceဖြစ်​တဲ့အတွက်​ဘာမဆိုဖမ်းယူနိုင်​လာပီ။ ဒါ​ကြောင့်​ပတ်​ဝန်းကျင်​မှာရှိတဲ့​မေတ္တာဓာတ်​ဟာငါ့ရဲ့​သွေးသားထဲစီးဆင်းလား​နေပီ၊ငါရဲ့​မေတ္တာဓာတ်​​တွေဟာလည်း ထုတ်​လွင့်​​နေတယ်​လို့အာရုံပြုရတယ်​။ ​ပြောစရာတခုရှိတာက ​မေတ္တာဓာတ်​ကိုသ​ဘော​ပေါက်​ဖို့လိုတယ်​။.စာ​ရေးသူကဗုဒ္ဓဘာသာမို့ ဂင်္ဂါဝါစုမကပွင့်​တဲ့ မြတ်​စွာဘုရား​တွေရဲ့​မေတ္တာဓာတ်​၊ဘဒ§္ဒကမ္ဘာမှာပွင့်​ပီးတဲ့ဘုရား​လေးဆူရဲ့​မေတ္တာဓာတ်​ကိုခံယူတယ်​။
အာ့လို​လေ့ကျင့်​တဲ့အခါ ကို့ဟာကို​မေတ္တာဓာတ်​ပို့ဖို့၊ အသက်​ရှင်​​နေရတဲ့ခန္ဓာကိုယ်​ကြီးကို​ကျေးဇူးတင်​ဖို့၊ အဓိကလိုတယ်​။ထုတ်​လွင့်​တဲအခါကို့ဟာကိုအရင်​ထုတ်​လွင့်​ရတယ်​။ ပြီးမှကို့မှာ​မေတ္တာဓာတ်​ခံအား​ကောင်းလာရင်​ ကို့အ​ပေါ်​ကောင်းတဲ့သူ​တွေ ပို့ရတယ်​။ သတိထားရမှာက ရည်းစား၊မယား သ​ဘောကျသူအရင်​မပို့ရဘူး၊တဏှာစိတ်​ဖြစ်​ပီး​လောဘဝဓာတ်​လိုင်းဖြစ်​သွားလိမ့်​မယ်​။ အပြန်​အလှန်​ယူရမယ်​ ။သူတို့ကိုကျ​တော့ ကို့မှာ​မေတ္တာဓာတ်​ခိုင်​မာပြီ။ကိုယ်​ပို့တဲ့​မေတ္တာဓာတ်​ကိုသူတို့ကလွဲလို့တခြားသူရရင်​ရပီ။ ဘယ်​လိုသိနိုင်​လဲဆိုတာ​တော့ ကိုပို့တဲ့သူက ​နေထိုင်​လို့​ကောင်းလာတာ ချမ်းသာလာတာ၊ စိတ်​ကြည်​လင်​​နေတာစတာ​တွေဖြစ်​ရင်​​အောင်​ပြီသာမှတ်​။

ဒါ​ပေမယ့်​ဝမ်းနည်းစရာတခု​ကောင်းတာက ​မေတ္တာဓာတိဖမ်းရင်​ဖြစ်​ဖြစ်​ထုတ်​ရင်​ဖြစ်​ဖြစ်​ ဒီတိုငိး​နေရင်​ပိုဆိုး..တခြား​သောလိုင်းဓာတ်​​တွေကအမြဲ​နှောင့်​ယှက်​​နေလိမ့်​မယ်​။ ဒါကိုကြပ်​ကြပ်​ခံနိုင်​ဖို့လိုတယ်​။

ဒါဟာကျွန်​​တော့်​အ​တွေ့အကြုံကိုအ​ခြေခံပီး​ရေးတာပါ။ ဒါဟာမပြည့်​စုံ​သေးပါဘူး။ တခါတ​လေ ရုတ်​တရက်​​ဒေါသအမြဲဖြစ်​တာစိတ်​ကြည်​လင်​တာ၊​လောဘတတ်​တယ၊ကာမဂုဏ်​ခံစားလိုတာ.ဒါ​တွေ့ဖစ်​ရင်​ သတိကပ်​​ပေးဖို့ပါ။ မ​ကောင်းတဲ့မ​နောရိုက်​တာခံရရင်​ အခံဖြစ်​လာမှာပါ။ အများကြီး​ပြောပြချင်​​ပေမယ့်​အ​ခြေခံအဆငိ့ရရင်​​ကျေနပ်​ပါတယ်​။
Smt
Saw myat tun
Msc088
From myanmar
Photo me
image

Sort:  

အသိနဲ့သတိက မလွတ်လေကောင်းလေပါပဲအစ်ကိုရေ။

ကောင်းချက်

တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုးပေါ့ဗျာ

စိတ်ဝင်စားတယ်။
များများရေးပေးပါ။

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64107.21
ETH 3073.84
USDT 1.00
SBD 3.88