ဘုရယးရုပ်​ထုနှင့်​တူ​သော

in #myanmar6 years ago

ဘုရားရုပ်​ထုနှင့်​တူ​သော...

ကျွန်​​တော်​ဒီစာကို​ရေးဖို့ အတန်​တန်​စဉ်းစားခဲ့ပါတယ်​။ ပညာ​တွေရတာမကြာခင်​ကဆို​တော့ လွန်​ခဲ့တဲ့နှစ်​နှစ်​ဝန်းကျင်​ကဖြစ်​ခဲ့တဲ့ကိုယ်​​တွေ့အဖြစ်​အပျက်​ပါဘဲ့...။ ကျွန်​​တော်​တို့အိမ်​မှာဖြစ်​တာမဟုတ်​ဘဲ့..မန္တ​လေးက ကျွန်​​တော့်​အ​ဒေါ်​တော်​စပ်​သူ ဆရာ​လေးထံမှာဖြစ်​တာပါ။ ဆရာ​လေးက သီလရှင်​ဝတ်​တာနှစ်​​တော်​​တော်​ကြာပါပြီ။ ဆရာ​လေးက သ​ဘော​ကောင်း​ပေမယ့်​ စကားပွင့်​လင်းဒဲ့ထိုး​ပြောတတ်​လို့ သူ့ကို​ကြောက်​တဲ့သူ​ရောမုန်းတဲ့သူ​ရောရှိတာ​ပေါ့ဗျာ။ ဆရာ​လေးက သိ​ပေမယ့်​ဇွတ်​..​ပေ​တေ​နေနိုင်​တဲ့လူမျိုးဖြစ်​တယ်​။ ဆရာ​လေးက အ​ကြောင်းမယ်​မယ်​ရရမရှိဘဲ့..​သွေးစစ်​​တော့လည်းအ​ကောင်း.​ကောင်း​နေ​ပေမယ့်​ အ​ကြော​တွေ..ဒူးဆစ်​​တွေ​ရောင်​ပြီး​နေ​နေတာ။ ဆရာ​လေးကအဲ့ဒါ​တွေသည်းခံပြီး​နေ​နေတာ နစ်​နစ်​ရှိပီတဲ့၊။မန်းတ​လေးကဆရာဝန်​နဲ့စပြ​တော့ ၆လဘဲ့ခံ​တော့မယ်​လို့​ပြောလို့..ဆရာ​လေးက ရန်​ကုန်​ကကျွန်​​တော့်​တို့ဆီကိုဆင်းလာတယ်​။ အဲက​နေဆရာ​လေး​ပြောပြလို့ဇတ်​လမ်းစုံသိတာ​ပေါ့..။(ဒါကအကို့ကို​ပြောပြတာ..ကျွန်​​တော်​ကအကိုက​နေတဆင့်​ပြန်​သိတာ။)

ဆရာ​လေး​ပြောတာက သူဆီကို တရက်​ ဘုရားဆင်းတု​တော်​သုံ်း​ဆူလာပြီး လှူတယ်​။ အာ့လိုလှူတဲ့အချိန်​ဆရာ​လေးက ဘာ​ကြောင့်​လှူတယ်​ဆိုတာသိတယ်​။ လှူတဲ့သူ​ပြောပုံက(အတိအကျ​တော့စာ​ရေးသူမမှတ်​မိပါ) သတ္တိရှိရင်​ မစွန့်​ဘဲ့နဲ့ ဆရာ​လေးအနားထားရဲလား က​နေဇာမတင်​ဘဲ့နဲ့​ပေါ့ဆိုတဲ့သ​ဘေယမျိုးဗျ။
ဆရာ​လေးက လက်​ခံလိုက်​တယ်​။ က​နေဇာလည်းမတင်​ဘူး၊အာ့ဘုရား​တွေကို ဆရာ​လေးက အ​ကြောင်းသိလို့မရှိခိုးဘူး။ဒါ​ပေမယ့်​ဘုရားရုပ်​ထုမို့ ​ကောင်းတဲ့​နေရာထားတယ်​။ အာ့က​နေ့စပြီး အ​ကြောနာလိုက်​​ရောဂါမယ်​မယ်​ရရမရှိဘဲ့ ဖျားလိုက်​နဲ့ လုံးချာလည်​​နေ​တော့တာဘဲ့။

အာ့တာစမ​ပြောခင်​..ကြားဖူးကြလားမသိဘူး..တချို့လူ​တွေ ဘယ်​ကမှနိးမသိတဲ့ဆင်းတု​တော်​ကိုကိုးကွယ်​တာ..ဒုက္ခ​ရောက်​ကုန်​တယ်​။ တချို့ကျ​တော့ စီးပွားတတ်​ပြီး အဆင်​​ပြေကြကုန်​တယ်​။ တချို့က​တော့ဘာမှမဖြစ်​ပါဘူး။

တိုတိုတုတ်​တုတ်​​ပြောရရင်​ ရန်​ကုန်​ကလည်းသိပ်​အဆင်​မ​ပြေဘူး.​ရောဂါမယ်​မယ်​ရရရှာမ​တွေ့ဖူး..​တွေ့တဲ့​ရောဂါကလည်းဖြစ်​တဲ့​ရောဂါလက္ခာဏာနဲ့မဆိုင်​ဘူး.။ ဒါနဲ့ဆရာ​လေးက မန်းတ​လေးပြန်​ချင်​တယ်​ဆိုလို့ ကျွန်​​တော်​တို့မိသားစုလိုက်​ ကားနဲ့လိုက်​ပို့တာ​ပေါ့ဗျာ။

မန်းတ​လေး​ရောက်​​တော့ ဆရာ​လေး​နေတဲ့ ​ကျောင်းက်ုလ်ုက်​ပို့တယ်​။ ကျွန်​​တော့်​အကိုပါသလို ကျွန်​​တော်​လည်းပါတယ်​။ ဆရာ​လေးအခန်း​ရောက်​​တော့ဘုရားစင်​ကို​တွေ့ရတယ်​ဗျ။ ဒါ​ပေမယ့်​ထူးဆန်းတာက ကျွန်​​တော်​အရင်​ကဘုရား​တွေ့တိုင်းဦးချ​နေကြစို့​ပေမယ့်​ စိတ်​ကမသိုးမသန့်​ခံစားရပြီးအ​ကြောင်းတခုခု​ကြောင့်​ဦးမချဖြစ်​ဘူး။ အကိုကအာ့တာကိုအရင်​ဓာတ်​ပုံရိုက်​လိုက်​တယ်​ဗျ။ ပီး​တော့ဘုရားစင်​​ရှေ့မှာ ဘုရားစာ​တွေရွတ်​​တော့တာဘဲ့..၊ ကျွန်​​တော်​က​တော့ ဟိုလုပ်​ဒီလုပ်​​ပေါ့ဗျာ။ ည​ရောက်​​တော့အကိုကကျွန်​​တော့်​ကိုသူရိုက်​လာတဲ့ဘုရား​တွေကိုအာရုံခံခိုင်းတယ်​။ ကျွန်​​တော်​အာရုံခံကြည့်​​တော့ ဘုရားအများကြီးရှိတဲ့အနက်​ ၃ဆူ​လောက်​ဟာပုံမှန်​မဟုတ်​တာကို​တွေ့ရတယ်​။ လုပ်​ပုံလုပ်​နည်းကို​ရောအသက်​သွင်းနည်း​ရော.လုပ်​​ပေးတဲ့သူ​ရော..လာ​ပေးတဲ့သူ​ရောကို​တွေ့ရတယ်​။ ထပ်​ပြီးအာရုံခံကြည့်​​တော့ အာ့ဓာတ်​​တွေ ပျက်​ကုန်​ပြီဆိုတာပါသိရတယ်​။
ကျွန်​​တော်​ကအံသြပြီး အကို့ကို​ပြောပြတာ​ပေါ့။ အကိုက သူပရိတ်​​တွေ ငါထာ​တွေအများကြီးရွတ်​ပြီး စိတ်​နဲ့လက်​နဲ့​ချေဖျက်​လိုက်​တာဖြစိ​ကြောင်း​ပြောပြတယ်​။ သူဖျက်​တာပျက်​မပျက်​သိချင်​လို့​ပြောတယ်​။ အံသြဖို့​ကောင်းတာက ကျွန်​​တော်​ပြတဲ့သုံးဆူက ဆရာ​လေးကို လှူတဲ့ဘုရား​တွေချည်းဖြစ်​​နေတာ။ (သူသိတာကဆရာ​လေး​ပြောပြထားတာ​လေ)

ဒါကကိုယ်​​တွေ့ဇတ်​လမ်း​လေးကဒီ​လောက်​ပါဘဲ့။ ဒါ​ပေမယ့်​​တွေး​တောစရာ​တွေ​ပေါ်လာတယ်​။

ဘုရားရုပ်​ထုဆို​သော်​လည်းဘုရားကိုယ်​ပွား​တော်​တကယ်​ဖြစ်​လား။ ကျွန်​​တော့်​အမြင်​​တော့မဖြစ်​ပါဘူး။ ဘုရားရုပ်​ထု ထုတဲ့သူ​တွေကအ​ခြေအ​နေအ​ကြောင်း​ကြောင့်​ဘုရားရုပ်​ထုကိုတတ်​စီးပြီးထုရတာ​တွေရှိတယ်​ဗျ၊ ၊ က​နေဇာတင်​ပြီးမှသာဘုရားကိုယ်​ပွား​တော်​ဖြစ်​တယိလို့ယူဆတယ်​။ မဟုတ်​ရင်​ ဘုရားရုပ်​ထု ထုတဲ့သူ​တွေ ငရဲအိုးမှာတန်းစီ​နေမှာ​ပေါ့​လေ။.

ကျောက်​နဲ့လုပ်​တဲ့ဘုရားကို ​ကျောက်​ဘုရား၊ မြနဲ့လုပ်​ထားတဲ့ဘုရားက်ု မြဘုရား၊ သစ်​နဲ့လုပ်​ထားတဲ့ဘုရား​တွေကို ပရိ​ဘောဂ​စေတီ၊ ​ကျောက်​စိမ်းနဲ့လုပ်​ထားတဲ့ဘုရားကို ​ကျောက်​စိမ်းဘုရား...အုတ်​ခွက်​ဘုရားဆိုပြီး..ဘုရားရုပ်​ပွား​တော်​ချင်းတူ​ပေမယ့်​ ထုတဲ့အသား..မူလက​တော်​​တော်​ကွာခြားတယ်​။ယုတ်​စွအဆုံး.ဘုရားဆင်းတု​တော်​​တွေကိုဝယ်​ရင်​​ဈေးချင်းကွာခြားတယ်​ဗျ။ တချို့ဆရာ​တော်​​တွေက​တော့ အင်း​တွေဘာ​တွေနဲ့လုပ်​တဲ့ဘုရားကျ​တော့မကြိုက်​ဘူးဗျ။ ကျွန်​​တော်​က​တော့ အင်းနဲ့လုပ်​ထားတဲ့ဘုရားကိုအင်းဘုရား၊စမဘုရားလို့ယူဆတယ်​။ အင်းနဲ့ဆွဲသူက ဘုရားရုပ်​ထု​တွေကိုထုတဲ့သူနဲ့တူတာ​ပေါ့ဗျာ။ အင်းကလည်းအတတ်​ပညာတခုထက်​ဘာမှမပိုပါဘူး..။
မ​ကောင်းတဲ့အင်းကို ဒုက္ခ​ရောက်​​အောင်​ဆွဲလဲ.ဆွဲတဲ့သူရဲ့စိတိ​စေတနာဖြစ်​သလို.စီးပွားလာဘ်​လာဘ​တွေတိုးတတ်​​စေတဲ့အင်းနဲ့ဆွဲလည်း ဆွဲတဲ့သူရဲ့ စိတ်​​စေတနာပါဘဲ့။ ​မေးလာစရာရှိတာက အင်းနဲ့ဆွဲတဲ့ဘုရားကို ငါတို့ကရှိခိုး​တော့အင်းကိုရှိခိုးတာမဟုတ်​ဘူးလား​မေးလာရင်​...​ကျောက်​စိမ်းနဲ့လုပ်​တဲ့ဘုရားကို ​ကျောက်​စိမ်းတုံးကြီးကိုရှိခိုး​နေတာလား၊အုတ်​ပုံကြီးကိုရှိခိုး​နေတာလား၊သစ်​သားစကိုရှိခိုး​နေတာလားပြန်​​မေးရပါလိမ့်​မယ်​။ ဒါဖြင့်​ခုနက ​ပြော​တော့ မူလဓာတ်​မ​ကောင်းရင်​ ဒုက္ခ​ရောက်​တယ်​ဘာညာဆိုရင်​​ရော..ဟုတ်​ပါတယ်​..နွား​ချေးကို​ရွှေချသလိုမျိုး​ပေါ့ဗျာ..အပြင်​ပိုင်းကဘယ်​​လောက်​လှလှအတွင်းပိုင်းမှမ​ကောင်းတာ..ဘယ်​လိုလုပ်​.​ကောင်းပါ​တော့မလဲ။ဒီလိုဘဲ့အပြင်​ပိုင်းကဘုရားရုပ်​ထု​တော်​ပုံစံဆို​ပေမယ့်​အတွင်းပိုင်းမူလဓာတ်​ကမှမ​ကောင်းတာ။.မ​ကောင်းတာလုပ်​တဲ့သူက​တော့မ​ကောင်းတာဖြစ်​မှာပါဘဲ့​လေ။ အများအားဖြင့်​ဘုရားတခုလုံးကို​အင်းစာမပုံစံမဟုတ်​ဘဲ့ပုလ္လင်​​အောက်​​ခြေ​လောက်​သာအင်းပါတာမျိုးကများပါတယ်​။ ဘုရားကိုးကွယ်​တာ စီးပွားလာဒ်​လာဘတိုး​စေတာနဲ့ဘာမှမဆိုင်​ဘူးလို့​ပြောရင်​​တော့ ​လောကီ​ရော​လောကုတ္တ​ရောအကျိုးနစ်​ဖြာပြီးစီးတာကို မကြိုက်​တဲ့သူလို့​ပြောရမှာ​ပေါ့။
ဘုရားသား​တော်​ကလွဲရင်​ ကိုးကွယ်​သူအများစုက စီးပွား​ရေးလူမှု​ရေးနဲ့ ဒွန်​တွဲ​နေတဲ့သူ​တွေပါဘဲ။ တချို့စွမ်းတဲ့ပညာရှင်​​တွေက ဘုရားဆင်းတု​တော်​ထဲမှာ မ​ကောင်းတာကိုဖြစ်​​စေတာကိုဝှက်​ပြီး တိုက်​ခိုက်​တတ်​ကြပါတယ်​။ နိဂုံးချုပ်​ချင်​တာက​တော့ ပညာရှိသူတိုင်းကိုသတိထားဆင်​ခြင်​နိုင်​ဖို့ပါဘဲ့။.မ​ကောင်းတာလုပ်​တဲ့သူ​တွေက​တော့ငရဲမ​ကြောက်​လို့လုပ်​​ပေမယ့်​..​လောကီ​လောကုတ္တာအကျိုးပြီးစီးချင်​တဲ့လူ​ကောင်းသူ​ကောင်းပညာရှင်​​တွေကို​တော့ အပြစ်​မမြင်​​စေချင်​ပါဘူး..
image
@sawmyat
Msc088

Sort:  

Congratulations @sawmyat! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

Click here to view your Board

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @sawmyat! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Do not miss the last post from @steemitboard:

SteemitBoard Ranking update - A better rich list comparator
Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.032
BTC 62482.14
ETH 3044.68
USDT 1.00
SBD 3.76