Tips for Discord [Myanmar]

in #myanmar5 years ago

lq7xahvsc2.png

Source


မင်္ဂလာပါ

discord ကို သုံးနည်း တချို့အကြောင်း မျှဝေပါရစေ ...

Tip-1

discord မှာ category နဲ့ channel ဆိုပြီး ခွဲထားပါတယ် ... အောက်ပါ ပုံကို ကြည့်ပါ ...



TEXT CHANNELS ဆိုတာက category ဖြစ်ပြီး သူ့အောက်ကတော့ သူ့မှာ ပါဝင်တဲ့ channel တွေ ဖြစ်ပါတယ် ... အုပ်စုတစ်ခုအောက်မှာ ခေါင်းစဉ်ခွဲလေးတွေ ထားတယ်ပဲ ဆိုကြပါတော့ ... အုပ်စုရဲ့ ခေါင်းစဉ်ကို ကြည့်ပြီး ဘာအတွက် ဝင်ကြည့်ရမလဲဆိုတာသိသလို ခေါင်းစဉ်ခွဲလေးတွေအလိုက်လည်း သက်ဆိုင်ရာအကြောင်းအရာကို ဝင်ကြည့်ရပါမယ် ...


Tip-2

Discord မှာ နာက်ထပ်သိသင့်တာကတော့ အောက်ပါသင်္ကေတများပါ ...



  • ပထမဆုံးတစ်ခုကတော့ မိမိကို memtion ခေါ်တဲ့ message ကလွဲပြီး ကျန်တာတွေကို မဝင်လာအောင် ပိတ်တာပါ ... အဲဒါကို နှိပ်ထားမယ်ဆိုရင် noti off ဖြစ်သွားပါမယ် ... mute လုပ်တယ်လို့ ဆိုရတာပေါ့ ...
  • ဒုတိယတစ်ခုက channel ထဲမှာ pin message ရှိမရှိကြည့်တာပါ ... pin message ဆိုတာက အဲဒီ channel မှာ သိသင့်တဲ့ အကြောင်းကြားချက်ကို အပေါ်ပြန်တက်မရှာရအောင် မှတ်ပေးထားတာပါ ... အဲဒီနေရာမှာ အနီစက်လေး ရှိရင် pin message ရှိပါတယ် ... နှိပ်ပြီး ဖတ်ကြည့်ပါ ... channel ရဲ့ရည်ရွယ်ချက် အသုံးပြုပုံတွေကို ပိုသိလာပါမယ် ... pin message က Jump ဆိုတာလေးကို နှိပ်လိုက်ရင် အဲဒီ message မူလရေးထားတဲ့နေရာကို ခုန်ကျော်ပြီး ပြပေးပါတယ် ... ဥပမာ ဒီနေ့မှာ စာတွေ ရေးထားတယ် ... pin message က လွန်ခဲ့တဲ့ ၁၀ ရက်က မှတ်ထားတာဖြစ်ပေမယ့် အဲဒီ message နေရာကို ကျော်ပြီး ပြပေးပါတယ် ...
  • တတိယတစ်ခုကတော့ အဲဒီ discord မှာ ရှိနေတဲ့ member တွေရဲ့ စာရင်းပါ ..
  • စတုတ္ထကတော့ search box ပါ ... ကိုယ် ရှာချင်နေတဲ့အရာတွေကို ရိုက်ထည့်ပြီး ရှာကြည့်နိုင်ပါတယ် ...

Tip-3

member တွေကို ကြည့်တဲ့အခါ မီးစိမ်းတာ မီးမှိတ်နေတာတွေ တွေ့ပါတယ် ...



မီးစိမ်းနေတာက active ဖြစ်တာပါ ... မီးမှိတ်နေတာက discord မှာ မရှိတာပါ .. ကိုယ်လိုင်းပေါ်မှာ ရှိတာ လူမသိစေချင်လည်း မီးပိတ်ထားလို့ ရပါတယ် ...

  • ဘယ်ဘက် အောက်ဆုံးက ကိုယ့်နာမည်ဘေးနားလိုဂိုကို တစ်ချက်နှိပ်ပေးပါ ...


  • အောက်ပါအတိုင်းပေါ်လာပါလိမ့်မယ် ..


  • Online က ကိုယ် လိုင်းပေါ်မှာ ရှိနေတာကို ပြတာပါ

  • Idle က active မဖြစ်ဘူးဆိုတာပါ

  • Do Not Distrub ကတော့ မိမိ အလုပ်များနေတယ် noti တွေ ဝင်မလာနဲ့ဆိုပြီး တားထားတာပါ

  • Invisible ကတော့ မိမိလိုင်းပေါ်မှာ ရှိတာကို မမြင်ရအောင် ထားတာပါ

  • မိမိပြောင်းချင်တဲ့ မီးပေါ်မှာ ထောက်ပြီး နှိပ်တာနဲ့ ပြောင်းသွားပါမယ် ...


Tip-4

Discord မှာ အားသာချက်တစ်ခုက ရေးပြီးတဲ့ စာတွေကို ပို့လိုက်ပြီးမှ ပြန်ဖျက်တာ ပြန်ပြင်တာ emoji တွေထည့်တာ အစရှိသဖြင့် လုပ်နိုင်တာပါ ... ဒါက messenger ထက် ပိုပြီးအားသာပါတယ် ...

  • မိမိရေးထားတဲ့စာရဲ့ ညာဘက်အပေါ်ထောင့်ကို ထောက်ကြည့်ပါ .. အောက်ပါအတိုင်း ပေါ်လာပါမယ် ...


  • pin က pin message ထားချင်ရင် နှိပ်ရတာပါ
  • Delete က ရေးထားတာကို ဖျက်တာပါ
  • Reaction က မိမိရေးတဲ့ message ကို ဘယ်သူတွေက ဘာ emoji ပေးထားလဲ ကြည့်တာပါ

ဒါက သူများ ရေးတဲ့စာကို ကြည့်ရင် ပေါ်တာပါ ... မိမိရေးတဲ့စာကို ကြည့်ရင်တော့ အောက်ပါအတိုင်း ပေါ်လာပါမယ် ...



Edit ဆိုတာ တစ်ခုက ပါလာပြီး မိမိစာကို ပြင်ချင်ရင် အဲဒါကို နှိပ်ပေးရပါတယ် ... နှိပ်ကြည့်လိုက်ပါ ... အောက်ပါအတိုင်း ပေါ်လာပါမယ် ...



  • စာကို မပြင်ချင်တော့ရင် Cancel ကို နှိပ်ပါ
  • ပြင်မယ်ဆိုရင် ဝင်ပြင်ပါ ... ပြီးတဲ့အခါ Save ကို နှိပ်ပေးပါ ...
  • ပြင်ထားတဲ့စာဆိုရင် ဘေးနားမှာ edited လို့ အောက်ပါအတိုင်း ပေါ်နေပါမယ် ...


Tip-5

emoji ထည့်ချင်ရင်လည်း အဲဒီညာဘက် အပေါ်ထောင့်နားက emoji icon ကို နှိပ်ပေးပြီး အောက်ပါအတိုင်း box ပေါ်လာရင် ကိုယ်ပေးချင်တဲ့ emoji ကို ပေးလိုက်ရုံပါပဲ ...



တကယ်လို့ ရှေ့မှာ တစ်ယောက်က emoji ပေးထားပြီး ကိုယ်က အဲဒီ emoji အတိုင်းပဲ ပြန်ပေးချင်ရင်တော့ သူ့ရဲ့ emoji ပေါ်မှာ နှိပ်လိုက်ရုံပါပဲ ... သပ်သပ်ရှာပြီး ပေးစရာ မလိုပါဘူး ... emoji အသစ်ပေးမှ box ထဲမှာ လိုက်ရှာရတာပါ ... မူလက 1 လို့ emoji ဘေးမှာ ပြပေမယ့် ကိုယ်က ထပ်နှိပ်လိုက်ရင် ကိုယ်ပေးတာပါ တွက်ပြီး 2 ဖြစ်သွားပါမယ် ...


Tip-6

Discord က channel မှာ ကိုယ်ပြောချင်တဲ့သူက ကိုယ့်စာကို မြင်အောင် ပြချင်ရင် mention ခေါ်ရပါမယ် ... @ သင်္ကေတကို စာမရိုက်ခင် အရင်ရိုက်လိုက်ပါ ... အောက်ပါအတိုင်း အဲဒီ channel မှာ ရှိတဲ့လူတွေ ပေါ်လာပါမယ် ...



ကိုယ် mention ပေးချင်တဲ့သူကို နှိပ်လိုက်ပါ ... အောက်ပါအတိုင်း ဖြစ်သွားပါမယ် ...



ပြီးတော့ စာရေးလိုက်ပါ ... ပို့ပြီးတဲ့အခါ စာက ဒီလိုပေါ်နေပါမယ် ...



ဒါဆိုရင်တော့ discord ကို အတော်အတန် ကျွမ်းကျင်စွာအသုံးပြုနိုင်ပါပြီ ...


@sawlwin

MSC 176

Sort:  

Discord က သုံးတတ်ရင် ရှယ်ပါပဲ

Posted using Partiko Android

ဟုတ်ပါ့ဗျာ

Posted using Partiko Android

သေချာရှင်း ပြပေးလို့ ကျေးဇူးပါကိုစော။ဒီနေ့တော့ စော မကျန်တော့ပါဘူးဗျာ။မနေ့က ကိုရေ ဖြစ်သွားတယ်။ဟားး! ကိုစော ပြောမှသိ။

😁😁 ဖတ်ပြီး တစ်မျိုးကြီးပဲညော်

Posted using Partiko Android

Hello! I find your post valuable for the wafrica community! Thanks for the great post! We encourage and support quality contents and projects from the West African region.
Do you have a suggestion, concern or want to appear as a guest author on WAfrica, join our discord server and discuss with a member of our curation team.
Don't forget to join us every Sunday by 20:30GMT for our Sunday WAFRO party on our discord channel. Thank you.

Thanks a lot for precious upvote!

Posted using Partiko Android

ဒီလိုလေးရေးပြတော့ သဘောပါတယ် ကျေးဇူးပါကိုစော

ဟုတ် ဦးထွေး

Posted using Partiko Android

ကျေးဇူးပါကိုစောရေ

ဟုတ် ဦးမင်း

Posted using Partiko Android

အသုံးပြုနည်းကိုခုလို​အသေအချာ​ပြောပြ​ပေးလို့​ကျေးဇူးပါ....

Posted using Partiko Android

ဟုတ်ကဲ့

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks very much!

Posted using Partiko Android

အခုလိုရေးပြပေးတော့ တော်တော်များများ သိသွားတာပေါ့ဗျာ

ဟုတ်ပါတယ်ဗျာ

Posted using Partiko Android

ပညာ​တွေ ဖြန့်​​ဝေ​ပေးလို့ ​ကျေးဇူးပါခင်​ဗျာ

ဟုတ် ဦးယု

Posted using Partiko Android

ကောင်းတယ်ဗျို့ ကိုစောရေ ဆက်ပြီးတော့ ဒါမျိုးလေးတွေ ရေးနိုင်ရင် ရေးတင်စေချင်ပါသေးတယ်ဗျာ ☺

လေ့လာဖြစ်ရင်တော့ တင်ပေးပါ့မယ်

Posted using Partiko Android

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.033
BTC 64275.02
ETH 3139.81
USDT 1.00
SBD 4.14