I want a cane stick !

in #myanmar6 years ago

ကြိမ်လုံးကလေး လိုချင်မိသည် ...


flame-1363003__480.jpg

Source


ဆရာဆိုတာ ...
အများတကာထက်
ခေါင်းပိုမြင့်သည့်အလား
လေးစားသမှု ဂုဏ်ပုဒ်ထူးဖြင့်
ပတ်ဝန်းကျင်က အပ်နှင်းသည့်အရာ
မဟုတ်ပါဘဲ ရှေးက ကြိုးကုတ်အားထုတ်မှုနဲ့
ကိုယ့်ဝန်းကျင်ထက် ပိုမိုများသည့် ပညာဥာဏ်ဖြင့်
မိမိအလင်းကို မီးကူးပေးရင်း လောင်ကျွမ်းသွားသော
ထွန်းတောက်လင်းသည့် ဖယောင်းမီး၏ ဆင်းသက်လာရာ
မီးဇာကုန်ဆီခမ်း ပီတိကိုသာ စားနေရသည့် မှိန်ပျပျအလင်းရှင်ပါ ...


သာထူးတစ်ယောက် ဒီကနေ့ ကျောင်းပြေးပြန်ပြီ။ ဒီအချိန်မှ မလာမှတော့ သူ လာတော့မှာ မဟုတ်ပါ။ ကျောင်းသားတွေကို စာသင်နေရပေမယ့် ဆရာလေး အောင်သာ စိတ်ထဲမှာတော့ ဒေါသတဖွားဖွားဖြစ်နေသည်။ ကရုဏာဒေါသလို့ လူကြားကောင်းအောင် တပ်ချင်လည်း တပ်တော့ ... စိတ်ထဲမှာတော့ " ငါ ဒီလောက်တောင်မှ အလျှော့ပေးထားရဲ့သားနဲ့ ... ငါ့စကား လိုက်မနာဘူး " ဆိုတဲ့ စိတ်က ကြီးစိုးနေသည်။ သာထူးကို ဒေါသစိတ်နဲ့ စာသင်နေတုန်း စာမရတဲ့ ကျောင်းသားတစ်ယောက်ခေါင်းပေါ် လက်ဆစ်က ရွယ်မိသည်။ " မဖြစ်သေးပါဘူးလေ ... ငါ အခု သင်နေတာ သာထူးမှ မဟုတ်တာ " ဆိုပြီး စိတ်ကို မနည်း ပြန်လျှော့နေရတာ ကသိကအောက်နိုင်စရာပါ။

ဆရာဆိုတာ စာသင်နေတာတင်မကဘူး ... စိတ်ဓာတ်နည်းနာလည်း သင်ကြားရသူပါ။ အဓိကတော့ မိမိကိုယ်ကို သင်ကြားနေရပါသည်။ တစ်ခါတစ်လေ ကျောင်းသားစာမရရင် ရိုက်ချင်ပေမယ့် ပြန်လည်ဆန်းစစ်ရသေးသည်။ " ငါ သူ့ကို ရိုက်ချင်တာက စာရအောင်လား ... ငါ သင်ပေးလိုက်တဲ့ စာကို မရတာကြောင့် ဒေါသဖြစ်မိလို့လား " စသဖြင့် လားပေါင်းများစွာအပြင် " ငါ ရိုက်လိုက်ရင်ရော သူ စာရသွားမလား ... ဘယ်လို ဒဏ်ပေးလိုက်ရင် ငါ ပေးချင်တာကို သူ ရမလဲ " ဆိုတာက တွေးရပြန်သေးသည်။ " သြော် ... ဆရာဆိုတာ လုပ်ရတာ မလွယ်ပါလား " လို့လည်း တစ်ခါတစ်ခါ တွေးမိသည်။

သာထူးကို အမှတ်ရနေသည်က သူ့အမေ အပ်ပုံအပ်နည်းကြောင့် ဖြစ်သည်။ " ဆရာရယ် ... မျက်စိနှစ်လုံးသာ အကောင်းအတိုင်း ကျန်ရင် ကျန်ပါစေ ... ကျန်တာ ကျိုးပဲ့လည်း ဘာမှ မဖြစ်ဘူး ... စာမရရင် ရိုက်သာရိုက် " ဆိုသည့် စကားက ရှေ့နေကို ဂျန်နရယ်ပါဝါ အပ်နှင်းလိုက်သည့်အလားပင်။ ကိုယ့်ခံယူချက်က တပည့်တွေကို စကားနဲ့သာ ဆုံးမမည်။ ဘယ်တော့မှ လက်မပါချင်ပါ။ တစ်ခါတစ်လေ စဉ်းစားမိသည်။ ဒါကြောင့်ပဲ ဆရာတွေ လေများသည့် အကျင့် ရလာသလားပေါ့။ အားမလို အားမရဖြစ်မိတဲ့ အခါများမှာလည်း ဒါကြောင့်ပဲ ဆရာတွေ သွေးတိုး နှလုံး ရတာကြောင့်လားပေါ့။ တော်ပါသေးသည်။ မာကာဘောပင်တွေ ပေါ်လာမှု သင်ပုန်းဖြူတွေ ပေါ်လာမှုကြောင့် မြေဖြူတောင့်တွေကို ထာဝရ နှုတ်ဆက်ခွဲခွာခွင့် ရရှိပြီး အဆုတ်ရောဂါ ပန်းနာရင်ကြပ်ရောဂါနဲ့ မိတ်မဆက်ရတာပါ။ ရှေးတုန်းက ဆရာ ဆရာမတွေက နာသုံးနာအပြင် ကံမကောင်းပါက အဆုတ်နာပါ ရကြတာ သာဓကအများကြီးပါ။

စာသင်နှစ် အစမှာတော့ အလကားထုတ်တဲ့ လေကို ဖောဖောသီသီ အသုံးပြုသည်။ တဖြည်းဖြည်းနဲ့ ဘယ်ဟာမှ အလကား မရပါလားဆိုတဲ့ အသိနဲ့အတူ လေသာကုန်ပြီး စကားမပေါက်သည့် အဖြစ် ကြုံလာရတော့ နားမလည်လည်အောင် နားရွက်ဆွဲတဲ့ အကျင့်က ပါလာသည်။ အနားမှာရှိသည့် စာအုပ်ကို ဆရာပီပီ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုပြီး ထိပ်ခေါက် နားရင်းရိုက်တဲ့ အကျင့်ကလည်း ထပ်ရလာပြန်သည်။ ထစ်ခနဲဆို လက်က ရွယ်ပြီးသား ဖြစ်နေတာကြောင့် ကျောင်းသားတွေကလည်း ဆရာမေးသည့်စာမရရင် ဆရာ့ကို မျက်ခြေမပြတ်ကြည့်တတ်နေပြီ။ နည်းနည်းကလေး ဆရာလှုပ်တာနဲ့ ဆရာနဲ့ ဝေးရာ ခေါင်းကို တိမ်းရတာနဲ့ လက်နဲ့ ခေါင်းကို ကာရတာနဲ့ ရှောင်လင်ကျောင်းကို သွားစရာ မလိုဘဲ ရှောင်တိမ်းကွက်တွေ ကျွမ်းလာသည်။ သိုင်းသင်စရာ မလိုဘဲ ကာကွက်တွေ အတော်စုံလာသည်။ သူတို့ကို သနားတာနဲ့ ကိုယ့်မှာ လှုပ်တောင် မလှုပ်ဝံ့ဘူး။


businessman-607831_1280.png

Source


( ဆက်လက်ဖော်ပြပါမည် )


@sawlwin

MSC 176

Sort:  

ဆရာတစ်‌‌ယောက်‌ရဲ့ ခံစားချက်‌ကို ‌ဖော်‌ကျူးနိုင်‌တာ ‌လေးစားမိပါတယ်‌ကို‌စော။

အားပေးတာ ကျေးဇူးပါ

ဒီဘက်ခေတ်ထဲ ဆရာကောင်းတွေ များလေ ကောင်းလေပါ

စိတ်ပညာနားလည်တဲ့ ဆရာတွေ လိုတာပါ

ခုခေတ် ဆရာတွေ မရိုက်ရဘူးဆိုပဲ မယ်ကြည်တို့ ငယ်ငယ်က အရိုက်ကြမ်းတဲ့ဆရာဆို မော့တောင် မကြည့်ဝံ့ဘူး ရိုက်မာကြောက်တော့ စာကျက်ဖြစ်တယ်😁

ဒါကြောင့် စာရတယ် 😁

ဒီခေတ်ထဲ ဆရာကိုရိုက်ဖို့အပ်တဲ့မိဘက ရှာမှရှားပဲ

ဆင်ခြေဖုံးမှာ ရှိနေဆဲပါ

ဟုတ်တယ်အစ်ကို အရင်တုန်းကဆို နာသုံးနာအပြင် အဆုတ်နာပါဖြစ်ကြတာ သေချာပါတယ်ခင်ဗျာ။နောက်အပိုင်းစောင့်မျှော်အားပေးမယ်အစ်ကို။

ကျေးဇူးတင်ပါတယ်ဗျာ

ဒီခေတ်မှာ ကျောင်းသားရိုက်တဲ့ဆရာတော့
ဖိုက်တာကြီးပ

ဖိုက်တာ လုပ်ချင်နေသူပါ

မိဘပြီးရင် ကလေးတွေအတွက် ဆရာဆိုတာ ဒုတိယ မိဘတွေပါဘဲ ကိုယ့်ရင်သွေးတွေလို စာနာစိတ်လေးနဲ့ သင်ကြားပြသပေးသင့်ပါတယ်

မှတ်ချက်ပေးတာ ကျေးဇူးတင်ပါတယ် ဒုတိယအပိုင်း ဆက်အားပေးပါဦးနော်

နိဒါန်းစဖတ်မိကတည်းက စွဲဆောင်မှုရှိတယ်
ဆရာနဲ့တပည့် ဘယ်လိုဆက်ဖြစ်မယ်မသိ

အဆုံးထိ ရေးထားပါတယ် ရှည်နေလို့ အပိုင်းခွဲတာပါ

ကျွန်တော့်ဆရာမတွေထဲမှာ စာသင်ရင် ရှေ့ဆုံး ကျောင်းသားရဲ့ စာရေးခုံပေါ်တက်ထိုင်ပြီးသင်တယ် အနောက်က ကျောင်းသားကို စာမေးလို့ ကျောင်းသားမဖြေနိုင်ရင် အနားမှာ ရှိတဲ့ ကျောင်းသားခေါင်းအခေါက်ခံရတတ်တယ် ဒီတော့ ရှေ့ဆုံးထိုင်တဲ့ ကျောင်းသားတွေက ဆရာမ ကိုယ့်ခုံပေါ်တက်ထိုင်ပြီး စာသင်မှာ ကြောက်နေရတယ် ခေါင်းက တစ်ဒေါက်ဒေါက်အခေါက်ခံနေရတာကိုး ☺☺☺

မဆိုင်ဘဲ အခေါက်ခံရတယ်ပေါ့

ဆရာရိုက်​တာကခနဘဲနာတာပါ...ဆရာ မရိုက်​မဆုံးမရင်​ဘ၀ပါနာဦးမှာ....

နားလည်အောင် ပြောဆိုရတော့ စကားတွေလည်း တစ်ခါတစ်လေ ထပ်ထပ်လာတယ်

Coin Marketplace

STEEM 0.33
TRX 0.11
JST 0.034
BTC 66598.01
ETH 3236.65
USDT 1.00
SBD 4.66