Happy Thingyan Festival

in #myanmar5 years ago

Source


"ကြည်နူးဖွယ်သင်္ကြန်ဖြစ်ဖို့ ပြုပြင်ဖေါ်ဆောင်ကြပါစို့"


သင်္ကြန်ပွဲတော်သည် မြန်မာ့ဆယ့်နှစ်လရာသီ ပွဲတော်များတွင် ပါဝင်သော ပွဲတော်တစ်ခု ဖြစ်ပါသည်။ သင်္ကြန်ဟူသော ဝေါဟာရသည် သင်္ကန္တခေါ် ပါဠိဘာသာ၊ သင်္ကြန္တခေါ် သက္ကတဘာသာမှ သက်ဆင်းလာသော ဝေါဟာရဖြစ်ပြီး ကူးပြောင်းခြင်းဟု အနက်အဓိပ္ပါယ်ရပါသည်။ တပေါင်းလတွင် မြန်မာနှစ်တစ်နှစ်ကုန်ဆုံး၍ တန်ခူးလဖြင့် နောက်ထပ်နှစ်သစ်ကို စတင်ပါသည်။ ထိုအခါ နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးစ တန်ခူးလတွင် ဆီးကြိုနေသည့် အပူဒဏ်ကို သင်္ကြန်ရေဖြင့် အေးမြစေအောင် နှစ်ဟောင်းမှ အညစ်အကြေးများကို သင်္ကြန်ရေဖြင့် ဆေးကြောပေးပြီး နှစ်သစ်ကို လူသစ်စိတ်သစ်ဖြင့် စတင်နိုင်အောင် စိတ်နှလုံးကြည်နူးမှုပေးစွမ်းနိုင်သော အတာသင်္ကြန်ပွဲတော်ကို ကျင်းပကြပါသည်။


Source


သင်္ကြန်နီးပြီဆိုလျှင် လူတိုင်း ပျော်ရွှင်ကြပါသည်။ ရုံးများ၊ ကျောင်းများ ကြာရှည်ပိတ်သောကြောင့် တစ်နှစ်တာ ပင်ပန်းသမျှကို အပန်းဖြေပြီး နောက်နှစ်အတွက် အားမွေးကြသော အချိန်ကာလဖြစ်ပါသည်။ ရပ်ဝေးတွင် သွားရောက်အလုပ်လုပ်သူများကလည်း မိမိဇာတိကို ပြန်ပြီး မိဘဆွေမျိုးများနှင့် တွေ့ဆုံနိုင်ရန် ကြိုတင်စီစဉ်ကြပါသည်။ သင်္ကြန်ကာလအတွင်း ရေပက်ခံထွက်မည့်သူများကလည်း အစီအစဉ်များဆွဲကြပါသည်။ အကျွေးအမွေးနှင့် ကောင်းမှုကုသိုလ်လုပ်မည့်သူများ၊ တရားစခန်းဝင်မည့်သူများကလည်း ပြင်ဆင်နေကြပါပြီ။ သင်္ကြန်ဟူသော စကားလုံးကလည်း လူတိုင်းပါးစပ်ဖျားမှာ မချတမ်းရှိနေသလို တီဗွီနှင့် ရေဒီယိုများမှာလည်း သင်္ကြန်အကများ၊ သင်္ကြန်သီချင်းများ ထုတ်လွှင့်နေပါပြီ။ သင်္ကြန်မတိုင်မီကပင် လူတိုင်း၏စိတ်ထဲတွင် သင်္ကြန်ကျနေပြီ ဖြစ်ပါသည်။ သင်္ကြန်မိုးပြေးရွာအပြီး ပိတောက်ပန်းများ ပွင့်လန်းလာသည့်အခါမှာတော့ သင်္ကြန်သရုပ်က ပို၍ ပီပြင်လာပါသည်။ ပျိုမေတိုင်း၏ ဆံနွယ်စတွင် တွဲလောင်းခိုနေသော ပိတောက်ခက်များက သင်္ကြန်ပွဲတော်နီးပြီဆိုသည်ကို ကြေညာနေသည့်အလားပင်။


Source


သင်္ကြန်နေ့ရောက်သည့်အခါ သင်္ကြန်ရုပ်လုံးက ပိုမိုပေါ်လာပါပြီ။ လူတိုင်း ပျော်ပျော်ရွှင်ရွှင်ဖြင့် သင်္ကြန်ရေကစားကြပါသည်။ တချို့က မြန်မာ့အစဉ်အလာအတိုင်း သပြေခက်ဖြင့် ရေပက်ဖြန်းပြီး သင်္ကြန်ရေကစားပါသည်။ မြန်မာ့ဟန်အတိုင်း ခွင့်တောင်းပြီး လုလင်ပျိုနှင့် လုံမပျိုတို့ အပြန်အလှန် ရေပက်ဖြန်းနေသည်များက ရှိပြီး ရှုမြင်ရသူများ၏စိတ်ဘဝင်တွင် ကြည်နူးစိတ် ဖြစ်ပေါ်စေပါသည်။ ယခုအခါတွင်တော့ ခေတ်နှင့်လျော်ညီစွာ ရေပိုက်များ၊ ရေပြွတ်သေနတ်များဖြင့် ရေပက်နေသည်များလည်း ရှိပါသည်။ လူကြီးများက ဥပုသ်သီလဆောက်တည်ပြီး တရားရေအေးဖြင့် မိမိကိုယ်ကို ဖျန်းပက်သလို လူငယ်လူရွယ်များက ရေပက်ခံထွက်ပြီး အေးမြမှုကို ရှာပါသည်။ ကလေးများက မိမိအိမ်နှင့်အနီးတစ်ဝိုက်တွင် ရေဇလုံများ၊ ရေဇလားများဖြင့် အုပ်စုဖွဲ့ကာ လမ်းသွားလမ်းလာမှန်သမျှကို မလွတ်အောင် ရေပက်ပြီး ရေကစားကြပါသည်။ အိုးမည်းသုတ်ပြီး ချစ်စဖွယ် စနောက်သည်မှာလည်း ပျော်ရွှင်ဖွယ် အလေ့အထတစ်ခုဖြစ်ပါသည်။ မဏ္ဍပ်များရှိ လှပျိုဖြူများ၏ ယိမ်းအက ပြိုင်ပွဲများကတော့ သင်္ကြန်၏အလှကို ပိုတင့်တယ်သွားစေပါသည်။


Source


သင်္ကြန်တွင် တရားစခန်းဝင်ကာ ဥပုဉ်သီလဆောက်တည်မှုများရှိသလို မိမိတို့ တတ်နိုင်သည့်ဘက်က ကုသိုလ်ယူကြသည်များလည်း တွေ့ရပါသည်။ မိမိအိမ်ရှိ ဘုရားဆင်းတုတော်များကို ရေသပ္ပာယ်ခြင်း၊ ဘုရားဖူးမျှော်ခြင်း၊ စတုဒီသာမဏ္ဍပ်များ ဆောက်ကာ အယုတ်အလတ်အမြတ်မရွေး ကျွေးမွေးခြင်း၊ ဇီဝိတဒါန ငါးလွှတ်ပွဲများ ကျင်းပပြုလုပ်ပေးခြင်း၊ ဘိုးဘွားမိဘများကို ခေါင်းလျှော် လက်သည်းညှပ်ပေးခြင်း၊ သက်ကြီးပူဇော်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် သင်္ကြန်ပွဲတော်၏ ကြည်နူးဖွယ်အလှတရားကို အလှမှာ အယဉ်ဆင့် တင့်တယ်သွားစေပါသည်။ စတုဒီသာ မုန့်လုံးရေပေါ် ကျွေးနိုင်အောင် ဝိုင်းဝန်းလုပ်ဆောင်ခြင်းဖြင့်လည်း လူငယ်များကို အဖွဲ့ဖြင့် လုပ်ကိုင်တတ်သွားစေပါသည်။ မုန့်လုံးရေပေါ် လုံးသည့်အခါ ထန်းညက်ခဲအစား ငရုတ်သီးတောင့်ကို ကြားညှပ်ထည့် ကျီစယ်ခြင်းဖြင့်လည်း ရယ်မောကြည်နူးစရာများ ဖြစ်သွားစေပါသည်။


Source


မည်သို့ပင်ဖြစ်စေကာမူ နှစ်ကူးသည့် အတာသင်္ကြန်တွင် သူတစ်ပါးကို အေးမြမှုပေးစေလိုသော စေတနာဖြင့်သာ ဆင်နွှဲသင့်ပါသည်။ ခေတ်၏တိုးတက်လာမှုနှင့်အတူ ပေါ်ပေါက်လာသော ရေပက်ခံကားများ၊ ရေကစားမဏ္ဍပ်များ၊ မီးသတ်ပိုက်ကဲ့သို့ ရေအားပြင်းသော ပိုက်လုံးများသုံးခြင်း၊ အပျော်ကျူးပြီး သူရာအရက်သောက်စား မူးရူးခြင်းဖြင့် မြန်မာ့ရိုးရာအစဉ်အလာကို ပျက်စီးစေသည်များ ရှိလာပါသည်။ အပျော်လွန်ပြီး အရှိန်လွန်ကားမောင်းခြင်း၊ ဆောင်းဘောက်များကို အသံကုန်ဖွင့်ကာ မလွတ်မလပ် ကခုန်ခြင်း၊ လူမှန်းသူမှန်းမသိအောင် မူးရူးပြီး ရေကူးကာ၊ ရန်ဖြစ်ကာ မတော်တဆထိခိုက်မှုဖြစ်ပွားခြင်းများ ကြုံတွေ့ကြပါသည်။ အပျော်မှ အပျက်ဖြစ်ကာ ရဲစခန်းရောက် ဆေးရုံရောက်ရသည်များကလည်း မနည်းမနောပင်။ ဆွမ်းဆန်ထဲ ကြွက်ချေးရောသလို မြန်မာ့ယဉ်ကျေးမှုကို ပျက်စီးသွားစေပါသည်။ မြန်မာ့ယဉ်ကျေးမှု၏ အဆင့်အတန်းမြင့်မားမှုကို ကျဆင်းသွားစေပါသည်။


Source


ထို့ကြောင့် ကြည်နူးဖွယ်သင်္ကြန်ကာလဖြစ်အောင် လုပ်ဆောင်ရမည်မှာ အားလုံးနှင့်သက်ဆိုင်ပါသည်။ မြန်မာ့ဓလေ့ထုံးတမ်းများကို အစဉ်အလာမပျက်စေရန် ဆက်လက်ထိန်းသိမ်းရမည်ဖြစ်သလို ပျောက်ကွယ်နေသည့် ဓလေ့ထုံးတမ်းများကို ပြန်လည်ဖော်ထုတ်ရပါမည်။ သရုပ်ပျက်မှုများကို လုံးဝ လက်မခံဘဲ ထိရောက်သည့် ပြစ်ဒဏ်ချမှတ်နိုင်ရန် ဥပဒေများ ထုတ်ပြန်ခြင်း၊ လူကြီးမိဘများက မိမိတူသားနောင်မယ်များကို ကြပ်မတ်ကွပ်ကဲခြင်းဖြင့် ထိန်းကွပ်ရပါမည်။ မိမိတို့၏ မူပိုင်ယဉ်ကျေးမှုများကို ကမ္ဘာက စိတ်ဝင်စားအောင် ပြသရပါမည်။ အားလုံးချစ်မြတ်နိုးသဘောကျသည့် ပွဲတော်ဖြစ်အောင် မိမိတို့ကိုယ်တိုင် အလေးအနက်ထား ကျင်းပပေးရပါမည်။ သို့မှသာ အတာသင်္ကြန်ပွဲတော်မှတစ်ဆင့် မိမိတို့၏ မြန်မာ့အစဉ်အလာကို နိုင်ငံတကာသို့ ချပြနိုင်ကာ နိုင်ငံခြားဧည့်သည်များ လာရောက်ရန် ဖိတ်ခေါ်နိုင်ပါမည်။ မြန်မာတို့၏ ကြည်နူးဖွယ်ရာများကို အခြားသူများထံသို့ ဝေငှနိုင်မမည်။ အားလုံးလက်တွဲညီညီဖြင့် ကြည်နူးဖွယ်ရာ သင်္ကြန်ပွဲတော်ကို ဖော်ဆောင်နိုင်မည် ဖြစ်ပါသည်။


Source


@sawlwin

MSC - 176

Sort:  

Assignment အတွက် essay ရေးထားတာလေး တင်လိုက်တာပါ

ခုမှ သီတင်းကျွတ်ပဲရှိသေး
သင်္ကြန်ကျနေပါရောလား ဘစောရယ်

ကြိုတင်ပြင်ဆင်ထားတာပါဗျာ

Posted using Partiko Android

ဒီချိန် သင်္ကြန်အကြောင်းတွေးရတာ ချမ်းတယ် ကိုစောရေ နှင်းတောထဲ ရေပတ်ခံလိုက်ရသလိုဘဲ

Posted using Partiko Android

အေးစေလိုလို့ ရေလောင်းတယ် နှင်းကျနေတာက တရားခံ 😁

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Many thanks for your upvote!

Posted using Partiko Android

ကို‌စောတစ်‌‌ယောက်‌ ကဲ ချင်‌‌နေပြီတူတယ်‌။

ဒါလေးပဲ အဆင်သင့်ရေးထားတာ ရှိလို့ တင်လိုက်တာပါဗျာ

Posted using Partiko Android

ငှယ့် သူများတွေချမ်းပါတယ်ဆို သူက သင်္ကြန်ကျသွားတယ် ။

အဲဒီလို လုပ်လိုက်ရမှလေ

Posted using Partiko Android

ချမ်းလာဘာဘီဆို ရေပက်ခိုင်းနေရသလား ကိုစောရယ် ☺

အေးချမ်းသွားအောင်ပါ

Posted using Partiko Android

မြန်မာရိုးရာဓလေ့တစ်ခုပါကိုစောရေ။ဒီနှစ်သင်္ကြန်ကို ဟင်္သာတဘဲ ပြန်ပြီးပျော်တော့မယ်

Posted using Partiko Android

လိုက်လည်ဦးမှပဲ ကိုအေးရေ

မြန်​မာ့ရိုးရာသင်္ကြန်​ကိုသရုပ်​မပျက်​သိမ်​​မွေ့စွာ​ပျော်​ကြတာပဲ​ကောင်းပါတယ်​...

Posted using Partiko Android

အဲဒါက ကောင်းပါတယ်

Posted using Partiko Android

ပျော်ရွှင်ဖွယ်ရာ မြန်မာရိုးရာ သင်္ကြန်ပွဲတော်အတွက် အားလုံးမှာ တာဝန်ရှိပါတယ်။ပြည့်စုံကောင်းမွန်ပါတယ်အစ်ကို။

ကျေးဇူးတင်ပါတယ်ဗျာ

Posted using Partiko Android

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63855.79
ETH 3113.00
USDT 1.00
SBD 4.04