Experiecene

in #myanmar6 years ago (edited)

အတွေ့အကြုံ


Source


အချိန်တွေ ကုန်လွန်သွားတယ်
သိရှိလာတာတွေ အများကြီးပဲ
ပြောင်းလဲမှုကတော့
ပါးပြင်ကို စမ်းတဲ့အခါ
အတွန့်တွေ ပိုများလာတာပါ။

ငွေတွေသုံးခဲ့တယ်
အချိန်တွေ ဖြုန်းခဲ့တယ်
နောက်ဆုံးတော့
ချိနဲ့ပင်ပန်းမှုသာ
ငါနဲ့အတူ ကျန်ခဲ့တယ်။

တန်ဖိုးကြီးတာတွေနောက်
တကောက်ကောက်နဲ့
မလွတ်ရအောင်
နောက်က လိုက်ခဲ့တယ်
အဆုံးသတ်မှာ
ကျန်ခဲ့တာဆိုလို့
update မဖြစ်တော့တဲ့
ပစ္စည်းပုံကြီးပါပဲ။

အသိလေးဝင်တော့
ဘေးဘယ်ညာကို
လှည့်ကြည့်မိတယ်
ဘာတွေများ တွေ့လဲဆိုတော့
ဘာကိုမှ မတွေ့တော့ပါ။

အရင်လို အပြုံးနဲ့
အမေ့ကိုလည်း မမြင်တော့
လက်ဆန့်ကြိုနေမယ့်
အဖေကလည်း ဘယ်မှာလဲ
တီတီတာတာပြောတဲ့
ညီ ညီမတွေက
တစ်စိမ်းအလား
မေးမှ ထူးတော့တယ်
သားသမီးတွေကလည်း
ဟိုးအဝေးမှာ
အိမ်ရှင်မကလည်း
မီးဖိုချောင် မဝင်တာ ကြာလှပေါ့
ဘေးကအခြံအရံကလည်း
မပေးကမ်းနိုင်တော့
မှီခိုစရာ အသစ်ရှာသွားပြီ။

နေဝင်ချိန်မှာတော့
အိမ်အိုကြီးက အဖိုးကြီးတစ်ယောက်ဟာ
တွန်းလှည်းပေါ်မှာ တစ်ကိုယ်တည်းထိုင်ရင်း
အတွေ့အကြုံဆိုတဲ့ ရသကို
ခံစားနေချည်ရဲ့ ...


Source


@sawlwin

MSC - 176

Sort:  


 
 

တတိယအရွယ်၏ အထီးကျန်ဝေဒနာ

မာန်တွေကျတဲ့အချိန်ပေါ့

Coin Marketplace

STEEM 0.32
TRX 0.11
JST 0.034
BTC 66791.24
ETH 3239.69
USDT 1.00
SBD 4.22