ပဲ့ကိုင် မမှားစေချင်

in #myanmar6 years ago

F7607532-A806-418D-866F-360664B07BC0.jpeg

     တစ်နေ့ fbစာမျက်တွင်ဖတ်လိုက်ရသောသတင်းက ၉တန်းကျောင်းသားလေးတစ်ဦးမိမိကိုယ်ကိုကြိုးဆွဲချသတ်သေခြင်းပါ။အစပိုင်းတော့ ဘာကြောင့်မှန်းတော့မသိ အသက်ငယ်ငယ်နှင့်ဘဝကိုဘာကြောင့်အရှုံးပေးရတာလဲ စိတ်ဝင်စားခြင်းများစွာနဲ့ဝင်ဖတ်ကြည့်လိုက်တော့ သူရေးထားခဲ့တဲ့သေတမ်းစာကို ဖတ်မိလိုက်သည်နှင့် အဲဒီအကြောင်းနဲ့ပတ်သတ်ပြီးဆောင်းပါးရေးချင်စိတ်ကို နှိုးဆွပေးလိုက်သည်။ မိမိကိုယ်ကို ယုံကြည်မှုကင်းမဲ့ လာခြင်းကစသည်ဟုပြောရမည်ပင်ဖြစ်သည်။ သူ၏ စိတ်ဓာတ်ကို ရိုက်ချိုးလိုက်သူ မည်သူနည်း။ သူ့ဘဝ၏ အလေးစားရဆုံး သူတန်ဖိုးထားရတဲ့သူတွေက မင်းကလူညံ့ လူပို အသုံးမကျတဲ့လူ မင်းရှိရင်လည်းအပိုဘဲ စသည့်စကားလုံးများက  ကလေးစိတ်ကို ပြောင်းလဲပေးလိုက်ကြသည်။ကလေးက အားငယ်စိတ်တိုးပွားလာပြီး ယုံကြည်မှုကင်းမဲ့လာကာ လောကကြီးကိုမရင်ဆိုင်ရဲဘဲ ဆင်ခြင်တုံတရားကင်းမဲ့လာကာ မလုပ်သင့်တာကိုလုပ်မိလိုက်တော့ ဘဝတစ်ခုဆုံးရှုံးရပြီလေ။ 
         လူတစ်ယောက်၏ တိုးတက်ရခြင်း အဓိက အကြောင်းအရင်းကိုပြောပါဆိုလျှင် မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိလာခြင်းကစသည်ဟုပြောပါမည် မိမိကိုယ်ကိုယုံကြည်မှုသည် မည်သည့် အတားအဆီးကိုမှမကြောက်ဘဲရင်ဆိုင် ဖြတ်ကျော်သွားမည်မှာမလွဲဧကန်ပါ။ ဤသည်ကို မိဘများက ငယ်ငယ်လေးကပင် ရိုက်ချိုးလိုက်တော့ အနည်းငယ်မျှသော လောကဓံကိုပင် လက်မြှောက်အရှုံးပေးလိုက်သည်။ မည်သူ၏လိုအပ်ချက်နည်းဟုပြောရမည်ဆိုလျှင် အုပ်ထိန်းသူများပင်ဖြစ်သည်။ သူတို့၏ မှားယွင်းသောဆုံးမမှုကကိုယ်သားသမီးကို သိမ်ငယ်စိတ်ရိုက်သွင်းပေးသလိုဖြစ်နေပါသည်။ထိုကြောင့် ကလေးငယ်များကို ဆုံးမရာတွင် မင်းဒါလေးတောင်မလုပ်နိုင်ဘူးလား တုံးလိုက်တာညံ့လိုက်တာပြောမည့်အစား ကြိုးစားကြည့်ပါနောက်တစ်ကြိမ် အားမလျော့နဲလွယ်လွယ်နဲ့ရတာဘာမှမရှိဘူး သူတိုစိတ်ကို အားအင်ဖြစ်မဲ့စကားများဖြင့် ယုံကြည်မှုတည်ဆောက်ပေးလိုက်ပါ။ ကျွန်တော့်ခံစားချက်ကို ကဗျာလေးတစ်ပုဒ်နှင့်အဆုံးသတ်လိုက်ပါမယ်
။

ဖယောင်းပမာ သူတို့စိတ်လေး........

လိုရာပုံသွင်း ထုဆစ်နိုင်၏
..........
သတိထားပါ ဆုံးမရာတွင်
..........
အားအင်ဖြစ်စေ အားပေးစကား........

ပြောဆိုဆုံးမ ထိုစကားမျိုး..........

လောကအကျိုး သယ်ပိုးသူမျိုး
..........
လူတော်ဖြစ်အောင် ပျိုးထောင်ပေးပါ............

အုပ်ထိန်းသူတို့
............
Written by sannhtunlwin (03 March 2018 at 10:34 AM)
Photo from Facebook

5FA302BD-83F5-4A81-8682-90D7EF661256.jpeg

Sort:  

စိတ်​မ​ကောင်းစရာပါဗျာ

ဟုတ် တယ်ဗျ

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.032
BTC 61914.69
ETH 3017.71
USDT 1.00
SBD 3.79