SMTs စတင်မည့်နေ့

in #myanmar6 years ago

စတီးမစ်သမားများ မင်္ဂလာပါ။ ကျွန်တော်တို့အားလုံးကို စိတ်လှုပ်ရှားစေမဲ့သတင်း ကိုပြောပြချင်ပါတယ်။

ကျွန်တော်တို့ ခုဆိုရင် အပြီးသတ်ခါနီးနေပါပြီ။ ဒီလိုဖြစ်လာအောင် သင့်ရဲ့ လက်တွေ့ကျတဲ့ အကြံပြုချက်နဲ့ သုံးသပ်ချက်တွေရယ် အဓိကတိုးတက်လာအောင် ကြိုးစားပေးတဲ့ အဖွဲ့ကိုလည်း တကယ်ကိုကျေးဇူးတင်ပါတယ်။ ရလဒ်အနေနဲ့က တော့ Smart Media Tokens (SMTs) ကို ဖြန့်ဝေဖို့ကို အာရုံစိုက်နိုင်နေပါပြီ။

Smart Media Tokens (SMTs) ထုတ်ဝေမည့်နေ့

ဒီလိုကြော်ငြာပြီး January 2019 မှာ TestNet စတင်ဖို့ကို ကတိပေးပါတယ်။ ပြီးရင် MainNet ကိုတော့ March 2019 မှာ စတင်မှာပါ။

January 15, 2019 - SMT development မှာ ပြီးစီးပြီး TestNet မှာ အသက်ဝင်ပါမယ်။

March 24, 2019 – SMT မှာ လုံးဝဥသုန် ဖြန့်ဝေပြီး Steem Blockchain မှာ အသက်ဝင်ပါမယ်။

SMTs ဆိုတာဘာကြီးလည်း?

Smart Media Tokens(SMTs) ဟာ Ethereum က ERC20s token နဲ့ ဆင်တူပြီးတော့ Steem blockchain အားလုံးရဲ့ ဂုဏ်သတ္တိတွေနဲ့ သုံးစက္ကန့်အတွင်းမှာ အရွေ့အပြောင်းကို fee အနဲဆုံးပဲ ကုန်ကျစေမှာပါ။ SMTs က လူတိုင်းကို Founders Tokens, Token Emission Rates, Proof-of-Brain, ICO Smart Contracts နဲ့ အခြားသောအရာများကို လုပ်ဆောင်ပြင်ဆင်စေနိုင်ပါတယ်။

SMT ကမ္ဘာမြေ

SMTs ကိုစတင်ပြီးနောက်မှာ လူတိုင်းဟာ မိမိကိုယ်ပိုင် cryptocurrency ကို တီထွင်နိုင်ပြီးတော့ ချက်ခြင်းဆိုသလို cryptocurrency အသိုင်းအ၀ိုင်းရဲ့ လိုအပ်ချက်တွေကို ဦးဆောင်နိုင်လာမှာဖြစ်ပါတယ်။ Smart Media Tokens အကြောင်းအသေးစိတ်ကိုသိလိုရင်တော့ အောက်ပါလင့်ကနေ သွားရောက်ဖတ်ရှု့ နိုင်ပါတယ်။

https://smt.steem.io

Original link

Translated by @saipanpha

my sign.JPG

end.PNG

Sort:  

အသေးစိပ် link ကို ပြန်ပေးဦး

ဟုတ်ကဲ့ပါ။

မင်္ဂလာပါဗျာ

Coin Marketplace

STEEM 0.32
TRX 0.11
JST 0.034
BTC 66785.29
ETH 3229.75
USDT 1.00
SBD 4.30