မကျွတ်သော အစွဲ အပိုင်း(၂)

in #myanmar6 years ago

အလုပ်ဝင်ကာလ နှစ်လကျော်ခဲ့ပြီ။ အလုပ်ဝင်ခဲ့စဉ်က ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်တွေရယ်ကြောင့် ရင်ခွဲရုံဆို ဝေးဝေးကရှောင်လာတယ်။ ဘယ်လိုပဲရှောင်လွဲစေကာမူ ကံတရားအပ်စပ်လာရင် ကြုံတွေ့ရစမြဲပါ။တစ်ခုပြောဖို့မေ့နေတာ ညDutyကတစ်လမှာတစ်ပတ်ပဲဆင်းပေးရတယ်။

အဲတစ်ပတ်ဆင်းရတဲ့ည Duty ဆို ငရဲကျသလိုပါပဲ။အခြားမဟုတ်ဘူး သရဲကြောက်တာ။ကဲဖြစ်ပျက်ပုံလေးက သရဲကနှစ်လလောက် ခရီးထွက်သွားပုံပဲ နှစ်လအတောတွင်းအရိပ်ရောင်တောင်မတွေ့ဘူးဗျ။ကျွန်တော်တို့ကပဲ ရှောင်မိနေတာလား သူပဲပျောက်နေတာလား မသိဘူးဗျ။ အဲဇာတ်လမ်းက ကျွန်တော်တို့ယောက်ျားလေးနှစ်ယောက် ညDutyကျတဲ့အချိန်မှာစတာပါပဲ။ဖြစ်ချင် တော့ည၁၁လောက် Child ward(ကလေးကုသဆောင်)ဖက်ကို ကလေးလူနာတစ်ယောက်ပို့ဖို့ရောက်လာပါတယ်။အဲညမှ လူနာတွေကလည်းရှုပ်နေတယ်။ကလေးက ဖျားပြီးတက်နေတော့ ​ဆေးရုံ တင်ရမှာဖြစ်လို့ ကလေးကုဆောင်ကိုပို့တာပါ။ အချို့လုပ်သားတွေမအားရင် ကျွန်တော်တို့ဧည့်ကြိုတွေကဝင်ကူပေးရတာပေါ့။
image
ကလေး ဆိုတော့ ကျွန်တော်ရယ် လူနာကလေးအမေရယ် ကလေးကို တွန်းကုတင်လေးနဲ့တွန်းလာပြီး Childအဆောင်ကို သွားပို့တာပေါ့။ Child အဆောင် ရဲ့ဘေးဖက်ကွေ့သွားရင် တော့ ရင်ခွဲရုံပဲ။ ကျွန်တော်သတိမထားမိဘူး ကလေးကုတင်ကိုတွန်းရင်း childဆောင်ကိုဝင်မယ်ကြံတုန်း ရင်ခွဲရုံ ရှေ့မှာလူတစ်ယောက်ရပ်နေတာကို သဲသဲကွဲကွဲမြင်လိုက်ရတယ်။အစတော့ရင်ခွဲရုံ စောင့်တဲ့ဦးလေးလို့ပဲထင်မိတာ။ကိုဟာကိုပဲလုပ်စရာရှိတာဆက်လုပ်နေတာပေါ့။ကလေးကိုပို့ပြီးတစ်ယောက်ထဲပြန်ထွက်လာတပေါ့။

စိတ်ပဲစေစားတာလဲမသိကျောပေးသွားရတဲ့ ရင်ခွဲရုံ သွားလမ်းဘက်ကို လှည့်ကြည်မိတာ ခုနကရပ်နေတဲ့ လူကခေါင်းပြတ်ကြီးမတ်တပ်ကြီးကျောပေးရပ်နေတာ။အလှမ်းဝေးပြီး ညမအမှောင်ကျနေပေမဲ့ ခေါင်းပြတ်နေတဲ့ လူဆိုတာသေချာတယ်။ ကျောပေးရပ်နေရာကနေ တဖြည်းဖြည်း လှည့်လာပြတာ ဒီကလဲအာဂသတ္တိလေ ကြည့်ပါ့မလား။လှည့်ပြေးတာအသေပဲ ဧည့်ကြိုကောင်တာအထိ ကျွန်တော်ပြေးလာတာမြင်တော့ တာဝန်ကျဆရာမတွေ လုပ်သားတွေကမေးတာပေါ့ ဘာဖြစ်လာတာလဲ။ကျွန်တော်အကြောင်းစုံပြောပြမှ အဲကသန့်ရှင်းရေးအဒေါ်ကြီးက ဘာလို့သရဲခြောက်တာလဲပြောမယ်အလုပ် ဆေးရုံမီးတွေ မှိန်ကျသွားတယ်။ ဘေးကအပြာဝတ်ဆရာမက မပြောနဲ့အထိတ်တန့်နဲ့တားပြီး သန့်ရှင်းရေးအဒေါ်ကြီးကို ဆူဆဲနေတော့ဘာအကြောင်းကြောင့်လဲပေါ့။ဆရာမကလုံးဝအဲအကြောင်းမပြောဖို့ဆူဆူဆဲဆဲနဲ့ထွက်သွားတယ်။မီးတွေကမှိန်ရာကတဖြေးဖြေးပြန်လင်းလာတယ်။
image


တကယ်လန့်မိလာတာအမှန်ပဲ။သရဲခြောက်တာဆိုးနေရင်လည်း တခုခုလုပ်သင့်တယ်လို့လည်းထင်မိတယ်။

နောက်ညတော့မေ့မေ့ပျောက်ပျောက်ပဲ ဧည့်ကြိုကောင်တာ မှာထိုင်ရင်း လူနာစာရင်းတွေပြန်စစ်နေတုန်း ကျွန်တော်နဲ့အတူ ညDutyကျတဲ့ကိုမင်းဆိုတဲ့တစ်ယောက် ပြာပြာသလဲပြေးလာတာ သရဲတွေ့လို့တဲ့။ ရင်ထဲမှာတော့ ဝုန်းခနဲပဲ လန့်သွားတယ်။ ချက်ချင်းကြီးဇောချွေးတွေပါပြန်လာတာ။

အိမ်သာ တက်ရင်း အိမ်သာတံခါးလာခေါက်တယ်တဲ့ လူရှိတယ်ပြောလည်း ဆက်တိုက် ထုရိုတ်နေတာတဲ့ တံခါးကို၊ တစ်ယောက်ယောက်နောက်တာလားပေါ့

ကိုမင်းပြောပုံအရတော့ နောက်တာနဲ့မတူဘူးတဲ့ ဒေါသထွက်နေသလိုတအုန်းအုန်းတံခါးကိုထုရိုတ်နေတာတဲ့။ ကျွန်တော်ချက်ချင်း ထသွားပြီး ဒေါ်သန်းဆိုတဲ့သန့်ရှင်းရေး အဒေါ်ကြီးကိုလိုက်ရှာပြီး တွေ့တာနဲ့မေးတော့ အဒေါ်ကြီးမဖြေရဲဘူး။ဘာလို့ခြောက်တာလဲ ဘယ်သူလဲမေးနေတုန်း မီးတွေက အားနည်းသွားသလို မှိန်ကျသွားတယ် တော်တော်လေးထူးတယ်ဗျ။၊ ကျွန်တော်လည်း ချက်ချင်းဆိုသလို ပဲလန့်သွားတယ်။ အဒေါ်ကြီးကစိတ်ဆိုးမာန်ဆိုးနဲ့ ပြောသားပဲပြောလို့မရဘူးဆိုပြီးစောင့်အောက်ထွက်သွားတယ်။ မကြာဘူးမီးတွေ အကောင်းတိုင်းပြန်လင်းလာတယ်။ကျွန်တော့စိတ်ထဲတော့မတင်မကျ ဘယ်လိုသတ္တဝါမျိုးလဲ ဒေါသလည်းထွက်ကြောက်လဲကြောက်တာပေါ့။

အူကြောင်ကြောင်နဲ့ပဲ ဧည့်ကြိုကောင်တာ ကိုပြန်နေလိုက်တယ်။ အဲညတော့ထူးထူးခြားခြားဘာမှထပ်မဖြစ်ဘူးဗျ။

မှတ်မှတ်ရရ ကျွန်တော်တို့ည Duty တစ်ပတ်ရဲ့နောက်ဆုံးညပေါ့။ Childအဆောင်အပြင်မှာစောင့်အိပ်တဲ့ သန့်ရှင်းအကိုကြီးကိုကုတင်ပေါ်ကဆွဲချတာတဲ့။ ညပိုင်းChildဆောင်က လမ်းကလူပြတ်သလို့ ရှေ့ဆက်ဝင်ရင် ရင်ခွဲရုံတန်းတန်းပဲ။ Childအဆောင်က ဆရာမကလဲတာဝန်ကျတာအသစ် ဆိုတော့ အဲညChild ဆောင်ကို တာဝန်ကျဆရာမ ပြန်တောင်မအိပ်ရဲတော့ဘူး။ အဲသရဲခြောက်တဲ့ ကိစ္စရဲ့ အကြောင်းကိုသိချင်တာတော့အမှန်ပဲ။





အကြောင်းကိုသိနေတဲ့ ဒေါ်သန်းကိုအပြင်ခေါ်ထုတ်ပြီးမေးရတာပေါ့။ သူခဗျာ လာတော့လာရှာတယ် ကြောက်ကြောက်နဲ့ ။အဖြစ်ပျက်တွေရဲ့အစကိုအတိတ်ကိုပြန်လှန်ကြည့်ပြောပြတဲ့အခါ။ အဲလူနာမည်က ဦးကျော်နိုင်တဲ့ လူအများကတော့ ဦးကျော် လိုပဲခေါ်ကြတယ်။သူက ဆေးရုံးရဲ့ ဓာတ်ခွဲရာထူးမှာ အသက်က၄၀ကျော်နေပေမဲ့ သွက်သွက်လက်လက်နဲ့ လုပ်ကိုင်နေနိုင်တုန်း။ဆေးရုံတစ်ခုလုံးရဲ့ သွေး၊သလိပ်၊ရောဂါတွေကို သူကပဲစစ်ဆေးပေး ရတယ်။ ဆေးရုံးငယ်ဖြစ်တဲ့အတွက် ဓာတ်ခွဲဌာနမှာ ဦးကျော်ရယ် ကိုရဲဆိုတဲ့ တစ်ယောက်ရယ်ပဲရှိတယ်။ဦးကျော်ကတော့ဒိုင်ခံပေါ့။


image
အစပြောခဲ့သလိုပင် လူတစ်ယောက်စိတ်အစွဲကအတော်ပင်ကြောက်ဖို့ကောင်းပါတယ်။ ဆေးရုံးအုပ်ကြီးကလည်းဓာတ်ခွဲနဲ့ပတ်သတ်လာရင်  ဦးကျော်ကိုပဲအားကိုးနေရတာဆိုတော့ ဦးကျော်ကိုလာမဲ့နှစ်မှာ ဓာတ်ခွဲမှူးရာထူး တိုးပေးမယ်လို့ကြိုတင်အသိပေးပြောခဲ့တာပေါ့။

လောကဓမ္မာတာအရ ကွေးသောလက်မဆန့်မီ ဦးကျော်တစ်ယောက် သေသွားခဲ့ပါတယ်။ဖြစ်ပုံကတော့ ညနေ အလုပ်ဆင်းအပြန်မှာ ဘရိတ်မမိတဲ့ကား နဲ့ ဝင်တိုက်မိပြီး တစ်ဖက်ကားနှစ်စီးကြားထဲညှပ်ပြီး ခန္ဓာကို ပြတ် ခေါင်းပြတ်ပြီး အသေဆိုးနဲ့သေရခဲ့ရတာတဲ့။ဆေးရုံအုပ်ကြီးရဲ့စကား ရာထူးအစွဲနဲ့ သူလုပ်စရာရှိတာတွေဆက်လုပ်နေဆဲပဲ။ သူမရှိတော့ ဓာတ်ခွဲ ဌာနကိုဖြုတ်ချပြီး ရင်ခွဲရုံ အဖြစ်ပြောင်းခဲ့တာနှစ်ပေါင်း၄၀ကျော်ကြာခဲ့ပြီးသော်လည်း ဦးကျော်တစ်ယောက် မကျွတ်နိုင်သေးပါ။ရာထူးအစွဲ နေရာအစွဲနဲ့ အမျှတမ်းဝေသော်လည်း မနာယူဘူးလို့ သိရပါတယ်။ အဲလိုအကြောင်းတွေသိရပြီးစိတ်မကောင်းပေမဲ့ သူဖက်ကမနာယူတော့လည်း ဘယ်လိုလုပ်ပေးရမလဲမသိဘူးဖြစ်နေတယ်။

ဦးကျော်တစ်ယောက်က သူလုပ်ရိုးလုပ်စဉ်တွေအတိုင်း မီးမိန်းချတာတို့၊ လူသေ ကိုစစ်ဆေးဖို့ တွန်းကုတင်နဲ့တင်လာရင်သူက တွန်းစမြဲ သူအလုပ်မှာသူပျော်တယ်။ သူ့နေရာ သူ့ရာထူးကို စွဲပြီး ခုထိ တ​စ္ဆေ သရဲဘဝနဲ့ကျင်လည်နေတာတော့ ဂရုဏာသက်မိပါတယ်။နောက်ထပ်အဖြစ်ပျက်များကို နောက်အပိုင်းတွေမှာဆက်လက်ဖော်ပြပေးသွားပါမယ်ဗျ။

စကားချပ်။    ။ ဖြစ်ရပ်မှန်အဖြစ်ပျက်များကိုသာရေးသားသောကြောင့်မမြင်အပ်မြင်အပ်သောအရာများကို မေတ္တာပို့အပ်ပါသည်။ဇာတ်လမ်းအရကာယံကာရှင်များ ခွင့်ပြုချက်ဖြင့် အမည်များပြောင်းလဲတင်ပြထားပါသည်။ကြုံခဲ့ရသူအဖြစ်ပြောင်းလဲရေးသားထားပါကြောင်း။

                                                       လေးစားလျက်

                                                 MSC no.152

                                                 @saihack

                                     Photo crd from Google

Sort:  

ဒီလိုပါဘဲ အစွဲကြီးတော့ ပြိတ္တာ ဖြစ်ရတာပါဘဲ အာ့ကြောင့်လဲ မိုးကုတ်ဆရာတော်ဘုရားက အစွဲတေ ဖြုတ်ကြလို့ မိန့်တာပေါ့

You're so nice for commenting on this post. For that, I gave you a vote! I just ask for a Follow in return!

ဟုတ်အရမ်းမှန်ပါတယ်ဗျ

သရဲကားဆိုကြောက်လို့ကြည့်တောင်မကြည့်ပေမဲ့ v m ပေးခဲ့ပါသည်။ 😁😁
Hehe

နောက်ဆိုပြောင်းရေးမှပါ့ကွာ😁😁

မစွဲသင့်တာစွဲလမ်းမိတဲ့အတွက်ပေါ့

နောက်ဆက်တွဲ အဖြစ်ပျက်တွေကိုတင်ပေးပါအုန်းမယ်ဗျ

ခက်​ပြီဗျာ ​ကြောက်​တတ်​တဲ့သူကြမှ တည့်​တည့်​ကြီးတိုးတယ်​ဗျာ

ဟိးကြောက်ပါနဲ့

သရဲတစ္ဆေစာရေးဆရာက သိပ်မရှိသေးဘူး အထူးအဆန်းဖြစ်တာပေါ့ဗျာ

ကြောက်တယ် အကုန်မဖတ်ရဲဘူး

ညီရေ အရေးသားကောင်းနေတုန်းပဲကွာ
ခုတော့ ဦးကျော်အကြောင်းသိရပြီပေါ့
ဆက်လက်ရေးသားပါအုံး
အကိုပြောခဲ့သလို
ဇာတ်လမ်းတိုလေးတွေရိုက်ချင်ရိုက်လိုရပြီ
ပရိုဂျူဆာတွေပဲလိုတော့တယ်😁👏👏👏👍👍👍

ဟုတ်ကဲ့ အကို ကျနော်ဒီထက်ကောင်းအောင်ရေးသားကြိုးစားပါ့မယ်ဗျ

ဖတ်​ရင်းနဲ့ လန့်​လာတယ်​ ​ခေါင်းပြက်​ကြီး မျက်​လုံးထဲမြင်​လာတယ်​ဗျို့

တော်ကြာလာနေဦးမယ် ဘုရားရှိခိုးအိပ်ဗျို့ဟဟ

ဘဒို တစ်ခြားအကြောင်းပြောင်းရေးပါလား။ ကိုတာပြောတာ သတိရလို့ပါ။ စာရေးဆရာတောင် အပိုင်းဆက်တွေမရေးနိုင်ဘူးဆိုတာကို။

ခင်ဗျာ ကျွန်တော် ရေးနိုင်အောင်ရေးမာပါ ငယ်ငယ်ကတည်းကဝါသနာပါခဲ့လို့ပါ။ စာရေးဆရာမဟုတ်ပေမဲ့ တချိန်ဖြစ်လာအောင်ပေါ့ ကျွန်တောဘယ်သောအခါမှCopyမလုပ်ပါ။ စုံစမ်းပြီးရလာတဲ့ကုန်ကြမ်းနဲ့ စိတ်ကူးကိုပူပေါင်းရေးသားထားတာပါ။

ညကြီးမဖတ်မိတာကံကောင်းတယ်😁😁😁

ညမဖက်တာပိုကောင်းတယ် တော်ကြာဟိဟိ

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63855.79
ETH 3113.00
USDT 1.00
SBD 4.04