စတီးမစ်ရွာ …… ၂

in #myanmar6 years ago (edited)

မနေ့က ငွေအလွယ်ရနည်းကိုသိထားတဲ့ စတီမစ်ရွာအကြောင်းကို ကျမ ဆက်ရေးပြချင်ပါတယ်ရှင် ။

စတီးမစ်ရွာကို မသွားခင် ဖေ့ဘုတ်မှာများတင်ထားကြသေးလား ဆိုပြီး ကျမလဲအရင်စုံစမ်းမှုတွေ လုပ်ပါတော့တယ် ။ ကျမထင်တဲ့အတိုင်းပါဘဲ steemit ဆိုပြီး search bar မှာရိုက်ရှာလိုက်တာ တန်းတွေ့တာပေါ့ ။ တင်ထားတဲ့စမစ်ရွာက ရွာသူရွာသားတွေပို့ စ်ကို ကျမလဲ ရှာပြီး ဖတ်သင့်သလောက်တွေ မှတ်သင့်သလောက်တွေ လုပ်ထားခဲ့ပါတယ် ။

စတီးမစ်ရွာက ငွေအလွယ်ရနည်းကိုလုပ်ကိုင်ကြရင်း ရွာသားများက စုပြီး နာမည်တခုပေးထားကြပါတာ ကျမသိခဲ့ရပါတယ် ။ Myanmar Steemit Community လို့ ပေးထားတဲ့ MSC လို့ယခုသိနေကြတဲ့အမည်ပါ ။ နောက်ပြီး myanmar steemit newbie ဆိုတဲ့ page ရယ် myanmar steemit vote link ဆိုတဲ့ group တခုလဲ စတီးမစ်ရွာက ထပ်ဖွင့်ထားပါသေးတယ် ။

စာဖတ်ရလို့ လဲ စိတ်မရှည်မဖြစ်ကြနဲ့အုံးနော် ။ ရွာထဲမသွားခင် ကျမကို အထင်မသေးအောင်တော့ ကြိုတင်ပြင်ဆင်သင့်သလောက်တော့ လုပ်ထားရတာပေါ့ ။ ကျမအသက်အရွယ်နဲ့ ကြားဘူးထားသလောက်က ဘယ်အလုပ်မဆို အရင်းအနှီးပါမှ လုပ်ကိုင်စားသောက်လို့ ရတာမြင်ဘူး ကြားဘူးခဲ့တာကိုး ။ စတီးမစ်ရွာလူတွေက ငွေကလဲအလွယ်ရသေးတယ် အရင်းအနှီးကလဲမပါဘဲရနေတာဆိုတဲ့ စတီးမစ်ရွာကို ကျမသွားချင်ခဲ့တော့ လိုအပ်တာတော့ လေ့လာထားရတာပေါ့ ။

ပထမဦးဆုံးကျမဝင်ဖတ်ဖြစ်တာက myanmar steemit vote link ကိုပါ ။ အဲ့ဒီမှာ ငွေအလွယ်ရနည်းကို စတင်လုပ်ကိုင်ကြသူတွေက မိတ်ဆက်တာတို့  သူတို့ ကို ကူညီပေးကြရန်တို့  စီးပွားလုပ်ကိုင်သူအချင်းချင်း vote / follow လုပ်ပေးကြရန်နဲ့ သူတို့ ရဲ့ link လေးတွေကို ချပြီးတင်ထားတာ တွေ့ခဲ့ရပါတယ် ။

နောက်တခုကတော့ myanmar steemit newbie page ပါ ။ စတီးမစ်ရွာကစည်းကမ်းချမှတ်ထားတဲ့ စည်းကမ်းချက်တွေလဲတင်ထားတာတွေ့ရပါတယ် ။ ငွေအလွယ်ရနည်းကို သင်ပေးပြောပေးတဲ့ MSC ရဲ့ ရွာလူကြီးတွေဓာတ်ပုံတွေနဲ့အတူ ဖွဲ့စည်းပုံတွေရယ် ရှောင်ရန်အချက်တွေပါ စုံလင်စွာ ဖတ်ခဲ့ရပါတယ် ။

မနက်ဖန်တော့ စတီးမစ်ရွာထဲဝင်ဘို့  အဆင့်သင့်ဖြစ်သလောက်ရှိပြီဆိုတော့ ဟိုရောက်ရင် ကြောင်တောင်တောင် မဖြစ်ရအောင် ဖွဲ့စည်းပုံထဲက ရွာလူကြီးတွေရဲ့နာမည်ကိုတော့ မှတ်မိအောင် အလွတ်ကိုကျက်ထားလိုက်တော့တာပေါ့လေ ။

IMG_20180117_192324.jpg

ဖွဲ့စည်းပုံဇယားထိပ်က ရွာသူကြီးရဲ့ နာမည်ကတော့ leader @kachinhenry ပါတဲ့ရှင် ။

အပိုင်း ၃ ဆက်ရန်

@pyaesonekhinkhin
MSC 021

Sort:  

ဟုတ် ဆက်စောင့်ပါ့မယ်

You're so nice for commenting on this post. For that, I gave you a vote!

thanks for comment

ဟားဟားရေးတတ်လိုင်တာညီမရေ

အဲ့တဲ့ရွာကြီးမှာ ရှိတဲ့ ရပ်ဆွေ ရပ်မျိုးများ ...

မကြာမှီ လာမည်မျှော်

နဲနဲတော့ဟုတ်လာပြီ။

ဟုတ်ကဲ့ ရွာသူကြီးတော့ သိပါပီ ဆက်ပါဦး စောင့်နေပါတယ်

Thank you @pyaesonekhinkhin for making a transfer to me for an upvote of 0.63% on this post! Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem! The other half helps holders of Steem power earn about 60% APR on a delegation to me! For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily? To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?

I want to join.

နောက်တစ်ပိုင်းစောင့်နေပါတယ်အမ

အဲချိန်​ရွာပြင်​မှာကျွန်​​တော်​​ ​ယောင်​ချာချာပဲရှိ​သေးတယ်

ဒီအပိုင်းက ခုဏက ဖတ်တာရဲ့ အရင် ဖြစ်မယ်

နိဒါန်းပျိုးရတာ ရှည်မလားလို့ လေ ဟားး

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63464.16
ETH 3111.33
USDT 1.00
SBD 3.98