စပ်စုစိန် B Pyae …… ၆

in #myanmar6 years ago

မူးယစ်ဆေးသုံးစွဲတဲ့အိမ်မှာက မြင်နေကျမျက်နှာတွေဖြစ်တာကြောင့် တဦးနဲ့တဦးက စိမ်းမနေတော့ပါ ။

သူတို့ သတိထားမိတဲ့ သူတို့ ထက်သုံးနိုင်သူ သာမန်လူနားသွားပြီး မူးယစ်ဆေးအတူသုံးရင်း သူတို့ စကားစမြည်ပြောပြီး နေ့တိုင်းသုံးနိုင်တာ ဘာတွေလုပ်လဲမေးတော့ ထိုသူက သူလုပ်တဲ့အလုပ်က ခိုးဆိုးလုယက်ပြီး သုံးနိုင်တာကို သူတို့ သိသွားကြတာကစပြီး သူတို့ ပါလုပ်ကြဘို့ အကြံရသွားကြတာပါ ။

B Pyae ဒီပိုစ့်ရေးတော့ အခုတလော မန်းလေးမှာဖြစ်တဲ့တပတ်အတွင်းခိုးဆိုးလုယက်တာနဲ့ပတ်သက်ပြီးလို့  အစချီထားခဲ့ပါတယ် ။

717d9643e3e07d98dc1d931078fb6c4d.jpg

#Crd photo from facebook

အဲတာက အဲဒီအချိန်တွေမှာ မူးယစ်ကင်းရှင်းရေးနဲ့စည်ပင်တို့ ပူးပေါင်းပြီး မန်းလေးရဲ့ မူးယစ်ဆေးရောင်း နာမည်ကြီးရပ်ကွက်တခုအဖြစ်ထင်ရှားတဲ့ ဂေါဝိန်ဆိပ်ကမ်းတလျှောက်က နေရာတွေကို လိုက်လံရှင်းလင်းဖျက်စီးကြတာ သိရလို့ ပါ ။

အုပ်စု ၁၀စုခွဲပြီး ရဲလက်နက်ကိုင်များအပါအဝင် အင်အားနဲ့သွားရောက်ရှင်းလင်းကြတော့ မူးယစ်ဆေးရောင်းသူ သုံးသူအားလုံးဟာ ရှောင်တိန်းနေကြပြီး မူလအစီစဉ်ကလဲ ဖမ်းဆီးရေးမဟုတ်ဖဲ ရှင်းလင်းဖျက်ဆီးရေးဆိုတော့ ဆိပ်ကမ်းမှာကျူးကျော်ဆောက်ထားတဲ့ တဲအိမ်နဲ့ လှေငယ်အပါအဝင် ဖောင်တွေကိုသာ ဖျက်ဆီးပစ်ခဲ့ကြတာပါ ။

ရှင်းလင်းတဲ့ဦးလေးတယောက်က B Pyae ကိုပြောပြတာက တချို့ဖောင်တွေနဲ့ အိမ်တွေက သံတွေနဲ့စနစ်တကျကိုဆောက်ထားလို့ မနဲဖျက်ဆီးရတယ်လို့ ဆိုပါတယ် ။

သူလဲ B Pyae လိုစပ်စုသူဆိုတော့ ဖောင်အောက်ကို ဝါးလုံးနဲ့ထိုးကြည့်တာ ရေအနက်က ဝါးတပြန်မမှီဘူးတဲ့ ။ မှီတဲ့နေရာတွေရှိသလို ထပ်စပ်စုကြည့်တော့လည်း ဆေးထိုးအပ်တွေ ပိုက်တွေ ခဲပတ်တွေ ရေဘူးမှာအပေါက်မှာတာတွေ မီးခြစ်တွေနဲ့ ပုလင်းမှာအပေါက်မှာတဲ့ ပုလင်းအကွဲတွေအများကြီးကို စွန့်ပစ်ထားတာ တွေ့ရတယ်လို့ပြောပြပါတယ် ။

B Pyae ထင်မြင်မိတာက အဲဒီလို အင်အားနဲ့ မူးယစ်ဆေးရောင်းတဲ့နေရာတခုဖြစ်တဲ့ ဂေါဝိန်ဆိပ်ကမ်းဘက်ကို ဖျက်လိုက်တော့ သုံးစွဲသူတွေအဖို့က အခက်၂မျိုးတွေ့သွားမှာပါ ။ သုံးဘို့ နေရာခက်ခဲသလို ဝယ်ရတဲ့ဈေးကလည်း မြင့်တက်သွားမှာဆိုတော့ ခိုးဆိုးလုယက်တာကလည်း ပိုများပိုဆိုးလာတာလို့  ထင်မိတာပါ ။

သူတို့ လွပ်လပ်စွာသုံးစွဲလို့ရမယ်လို့ ထင်တဲ့နေရာဟာ ရှားပါးလာသလို တနေရာဖြစ်တဲ့ လုံခြုံတယ်ထင်ရတဲ့ဆီကို ဦးတည်သွားကြတော့မှာဘဲ ။

အဲဒီနေရာ အများကြီးစုမိသွားပြီး အဖွဲ့တွေကလည်းအပြိုင်အဆိုင် လုယက်ကြရင်းနဲ့ မူးယစ်ဆေးအရှိန်နဲ့ ဗိုလ်လုပြီး သူခိုးရတယ် ငါခိုးရတယ်များပြိုင်နေကြပြီး မူးယစ်ဆေးကိုဈေးကြီးကြီးပေးဝယ်သုံးနေကြလားလို့ တောင် ထင်မိလို့ပါ ။

B Pyae ရဲ့ စပ်စပ်စုစုအတွေးတွေလဲ ပြီးပါပြီ ။ MSC မှအကိုအမများလဲ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင် ။

@pyaesonekhinkhin

MSC 021!

Sort:  

နပြည့် စုံထောက်လိုင်းကူးတော့မယ် ထင်တယ်

Coin Marketplace

STEEM 0.34
TRX 0.11
JST 0.034
BTC 66361.53
ETH 3253.14
USDT 1.00
SBD 4.43